Welcome to My New Health Blog
-
aa
aaa
-
ဤ Post သည် ကျန်းမာရေးအခြခံနည်းပါးသော ကျွန်တော်တို့လို တောနေကျေးလတ်ပြည်သူများ နားလည်နိုင်စေရန် တတ်နိုင်သမျှအကျဉ်းချုပ်ရေး သားထားခြင်းဖြစ်ပါသည်။
ဤ Post သည် ကျန်းမာရေးအခြခံနည်းပါးသောကျွန်တော်တို့လို တောနေကျေးလတ်ပြည်သူများနားလည်နိုင်စေရန် တတ်နိုင်သမျှအကျဉ်းချုပ်ရေးသားထားခြင်းဖြစ်ပါသည်။ ဤ Post အပါအဝင်နောက်ပိုင်းရေးသားမည့် ချဉ်ဖတ်များအကြောင်း၊Kefir နှင့် ချဉ်ဖတ်များပြုလုပ်ပုံပြုလုပ်နည်းအချို့ကို လက်ကမ်းစာစောင်ပြုလုပ်၍ ကျေးလတ်ဒေသများထိပါဖြန့်ဝေနိုင်ရန်ရည်ရွယ်ထားပါသည်။ လိုအပ်သည်များ ဝေဖန်အကြံပြုပေးကြပါ။ #ပြည်သူအများကျန်းမာဖို့ကိုယ်တိုင်ချဉ်ဖတ်လုပ်စားကြစို့ ပြည်သူအများကျန်းမာဖို့ ကိုယ်တိုင်ချဉ်ဖတ်လုပ်စားကြစို့ဆိုတော့ အမျိုးတို့အနေနဲ့တစ်မျိုးဖြစ်ကောင်းဖြစ်နေလိမ့်မယ်ထင်ပါတယ်။ ချဉ်ဖတ်တွေလုပ်စားတာနဲ့ ဘယ်လိုဖြစ်ပြိး ကျန်းမာရေးတွေကောင်းလာနိုင်တာလဲ၊ ဘာလဲတော့ အရင်ဆုံးတွေးမိပါလိမ့်မယ်။ အတွေးမစောပါနဲ့ဦး အမျိုးတို့ရေ၊ အောက်ပါအကြောင်းအရာလေးတွေကိုအရင်ဆုံးနားလည်သဘောပေါက်အောင်ဖတ်ကြည့်ပြီးမှ ကိုယ်တိုင်ချဉ်ဖတ်လုပ်စားမယ်၊မစား ဘူးဆုံးဖြတ်ကြပေါ့။ #လူခန္ဓာကိုယ်နှင့်ဘက်တီးရီးယားပိုးများ အမျိုးတို့ ကျွန်တော်တို့ ငယ်ငယ်ကတည်းကနေခုချိန်ထိ၊ သိဘူး ကြားဘူးကြတာ ဘက်တီးရီးယားပိုးတွေဆိုတာ လူတွေကို ဒုက္ခပေးတဲ့၊ ရောဂါဖြစ်စေနိုင်တဲ့ မကောင်းတဲ့ပိုးတွေလို့ပဲ အများစုသိထားကြတယ်လေ။ တကယ်တော့ ဘက်တီးရီးယားပိုးတိုင်းဟာ လူတွေ၊ တိရစ္ဆာန်တွေ၊ သစ်ပင်တွေအတွက် ဒုက္ခပေးနိုင်တဲ့ပိုးတွေရှိသည့်အပြင်အကျိုးပြုပေးနိုင်တဲ့၊ ကောင်းကျိုးပေးနိုင်တဲ့ဘက်တီးရီးယားပိုးတွေလည်း အများကြီးရှိပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်ကြီးထဲတွင် ဘက်တီးရီးယားပိုးပေါင်း ထရီလီယံ ၁၀၀… Read more
-
#အရာရာတိုင်းဟာဆက်နွယ်နေကြတယ် #ရောဂါများဆက်နွယ်မူ
#အရာရာတိုင်းဟာဆက်နွယ်နေကြတယ် #ရောဂါများဆက်နွယ်မူ ကျွန်တော်အနေဖြင့် ကီဖာသောက်သုံးနေသူများကို ရှင်ရှင်းလင်းလင်းသိစေချင်တာတစ်ခုကတော့” ကီဖာသည် နတ်ဆေးမဟုတ်ပါ ” ကီဖာသည်အခြေခံကျန်းမာရေးကောင်းတည်ဆောက်ဖို့အတွက် အကောင်းဆုံးသော အစားအသောက်တစ်မျိုးသာဖြစ်ပြီး အစာလမ်းကြောင်းကျန်းမာရေးခေါ် အစာအိမ်အူလမ်းကြောင်းကျန်းမာရေးအတွက် များစွာအထောက်အကူပေးသည့် ရှေးခေတ်အကြဆုံးသော အချဉ်ဖောက်ထားသည့်အစားအစာတစ်မျိုးသာဖြစ်ပါသည်။ အစာအိမ်အူလမ်းကြောင်း( အစာလမ်းကြောင်း)သည် ခန္ဓာကိုယ်၏ ဗဟိုအချက်အချာကျသောအင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကျန်ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းများ၏ လုပ်ငန်းဆောင်တာဝန်များနှင့် ဆက်နွယ်နေပါသည်။ ကျွန်တော်တို့ရွေးချယ်စားသောက်လိုက်သော အစားအသောက်များသည်လည်း အစာအိမ်အူလမ်းကြောင်းကျန်းမာရေးအတွက် လွန်စွာအရေးကြီးပါသည်။ကီဖာ အပါအဝင် အချဉ်ဖောက်ထားသောအစားအစာများသည် ကျန်းမာရေးအတွက် အလွန်အရေးပါသော ကျန်းမာစေသည့်အစားအစာများဖြစ်ပါသည်။ ကျန်းမာစေသည့်အစားအစာများကိုစားပေးခြင်းဖြင့် ကျန်းမာသောဘဝကို ရရှိနိုင်စေမည်ဖြစ်ပါသည်။ အဝလွန်ခြင်းရောဂါ၊ ဆီးချိုရောဂါ၊ စိတ်ဓာတ်ကျဆင်းခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ အော်တစ်ဇင်ရောဂါ၊အော်တိုအင်မြူးရောဂါများနှင့် လေ့လာနေဆဲအခြားသောရောဂါများဖြစ်ပွားမူသည် အစာအိမ်အူလမ်းကြောင်း (အစာလမ်းကြောင်း) ကျန်းမာရေးမကောင်းမူနှင့် ဆက်စပ်နေပါသည်။ ယခုအခါဆေးသိပ္ပံပညာရှင်များက အထက်ပါရောဂါများနှင့် အစာအိမ်အူလမ်းကြောင်းအကြား ပက်သက်ဆက်နွယ်နေမူကို လက်တွေ့အထောက်အထားပြသနိုင်ရန် လေ့လာသုသေနတပြုလုပ်လျှက်ရှိပါသည်။ လေ့လာသုသေတနပြုလုပ်နေသောလုပ်ငန်းများအကြောင်းကို ကျွန်တော်တို့လေ့လာကြည့်ရအောင်…. ( ၁… Read more
-
#ကျန်းမာရေးအတွက်အခြေခံကျသောအစာခြေစနစ်အကြောင်း ( ၁ )
ကောင်းမွန်သောကျန်းမာရေးရရှိစေရန် အစာခြေစနစ်သည်လည်းအရေးကြီးကြောင်းကိုလူအများစုက ဘာကြောင့်ပိုပြီးမဆွေးနွေးကြတာလဲ။ ယခုအခါအစာခြေချက်ခြင်းနှင့်ဆိုင်သောရောဂါများအဖြစ်များလာသည့်အတွက်အစာခြေချက်ခြင်းအကြောင်းကိုပိုမိုလေ့လာထားသင့်ပါသည်။ အစာခြေချက်ခြင်းက သင်ရဲ့ကျန်းမာရေးကိုမမျော်လင့်ပဲ အလှည့်အပြောင်းဖြစ်စေနိုင်ပါသည်။ကျွန်တော်တို့စားလိုက်သောအစားအစာများကိုခန္ဓာကိုယ်က အစာခြေဖျက်ပေးဖို့စွမ်းဆောင်နိုင်ရပါမည်။အကယ်၍ခန္ဓာကိုယ်ကအစာခြေဖျက်ခြင်းမစွမ်းဆောင်နိုင်ရင်ဖြင့် အဟာရချို့တဲ့ခြင်း၊ အားအင်ကုန်ခမ်းခြင်းနှင့် အခြားရောဂါများဝင်ရောက်လာနိုင်ပါသည်။ သင်ရဲ့အခြေခံကျန်းမာရေးကောင်းမွန်ဖို့ အစာခြေခြင်းကို အဓိကထားထိန်းသိမ်းစောင့်ရှောက်သင့်ပါသည်။ အစာခြေချက်ခြင်းဖြစ်စဉ်ကို ပါးစပ်မှအစာဝင်၍စအိုမှ မစင် အဖြစ်ပြန်စွန့်ထုတ်ခြင်းဖြစ်သည်ဟုအလွယ်မှတ်ယူ၍မရပါ။ အစာခြေခြင်းသည်ရှုပ်ထွေးသောဖြစ်စဉ်တစ်ခုဖြစ်ပါသည်။ပန်းသီးတစ်လုံးကိုစားလိုက်လျှင် ထိုပန်းသီးတွင်ရှိသောအာဟာရဓာတ်များကို ခန္ဓာကိုယ်ကမည်သို့စုပ်ယူသည်ကိုတွေးကြည့်ပါ။ပန်းသီးအဖတ်မှသည်ခန္ဓာကိုယ်သွေးကြောများထဲသို့ စုပ်ယူနိုင်သည့်ပုံစံဖြစ်အောင် အဆင့်ဆင့်ပြောင်းလဲရပါသည်။ပြောရမည် ဆိုလျှင်သင့်ခန္ဓာကိုယ်သည် ထိုကဲ့သို့သောလုပ်ငန်းများကို တနေ့တာလုံး လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ #အစာခြေဖျက်ခြင်းကကျန်းမာရေးအတွက်#ဘာကြောင့်အရေးကြီးတာလဲ ကျွန်တော်တို့ အသက်ရှည်ကျန်းမာစွာနေထိုင်နိုင်ဖို့၊ အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် အဟာရဓာတ်အုပ်စုတွေဖြစ်တဲ့ ပရိုတင်းဓာတ် ( Proteins )၊အဆီဓာတ်( Fats )၊ ကာဗိုဟိုက်ဒရိတ်ဓာတ်( Carbohydrates )၊ ဗီတာမင်ဓာတ်(Vitamins)သတ္ထုဓာတ်( Minerals )နှင့် ရေဓာတ်( Water )များပါဝင်တဲ့အစားအသောက်များကို နေ့စဉ်စားသောက်ပေးနေရပါတယ်။ ၎င်းအဟာရဓာတ်များတွင် ပရိုတင်း( Protein )အဆီ( Fat )နှင့် ကာဗိုဟိုက်ဒရိတ်… Read more
-
#WaterKefirအချိုနည်းအောင်လုပ်နည်း
ဒီနေ့ စောစောစီးစီး Admin အဆူခံထိတာကတာကတော့ သူငယ်ချင်း သုဝဏ္ဏသာမ လူပျိုကြီး Aung Htay Tpt ပဲ။ Marine Scienceနဲ့ မော်လမြိုင်ကနေ ကျောင်းပြီး ဘွဲ့ရပြီးအချိန်ကတည်းနေ အိမ်ထောင်မပြုပဲ မိဘကို ခုချိန်ထိခြေဆုပ်လက်နယ် ပြုစုလုပ်ကျွေးနေတာ၊ တော်ရုံအမျိုးသမီးတွေတောင် သူကိုမမှီဘူး။ ဒါပေမဲ့သိတဲ့အတိုင်း လူပျိုကြီး အပျိုကြီးတို့ ထုံးစံအတိုင်းဇီဇာနည်းနည်းကြောင်ချင်တယ်😁😁😁Water Kefir သောက်တာ ဆီးချိုဖြစ်မှာကြောက်လို့တဲ့။ ဆူပေးလိုက်တယ်၊ ဆီးချိုသမားတွေတောင် Water Kefir သောက်လို့သက်သာနေတာဆီးချိုမရှိတဲ့သူက Water Kefir သောက်လို့ဘယ်လိုလုပ်ဖြစ်နိုင်မလဲလို့။ ဒါပေမဲ့ အချိုကြောက်လို့တဲ့။ Grains လေးတွေလည်း သေးသွားတယ်ပြောတယ်။ အချိုကြောက်လို့ နာရီ ၃၀ကျော်စိမ်တယ် ( အချဉ်ဖောက်တယ် )ပြောတယ်၊မကွေးလို အပူချိန်များတဲ့ဒေသမှာ နာရီ ၃၀ ဆိုတော့ Grains လေးတွေအစာငတ်ပြီး သေးသွားတာပေါ့လို့။ ဒါပေမဲ့ Grains… Read more
-
#သင်ခန္ဓာကိုယ်ကပြောသောစကားကိုနားထောင်ပါ #အကျိုးပြုဘက်တီးရီးယားများကိုသေစေနိုင်သောအချက်ကြီး၁၁ချက်
#သင်ခန္ဓာကိုယ်ကပြောသောစကားကိုနားထောင်ပါ#အကျိုးပြုဘက်တီးရီးယားများကိုသေစေနိုင်သောအချက်ကြီး၁၁ချက် အမျိုးတို့ရေ အမျိုးတို့အတွက် Kefir နဲ့ ပက်သက်သမျှ နားလည်အောင်တော့ အမျိုးမျိုးလှည့်ပြောပြ၊ ရေးပြနေတာပဲ။ ဖတ်ပြီး နားကောလည်ကြ၊ သဘောကောပေါက်ကြလားမသိဘူး။ ခုလည်းနောက်တစ်မျိုးထပ်ပြောကြည့်ဦးမယ်။ Kefir, Kombucha,အိမ်လုပ် ချဉ်ဖတ်တွေမှာ ပရိုဘိုင်အိုတစ် ခေါ် အကျိုးပြုဘက်တီးရီးယားတွေ အများကြီးပါတယ်ဆိုတာ ပြောပေါင်းများလို့၊ ပရိုဘိုင်အိုတစ်ဆိုတာဘာလဲ၊ အကျိုးပြုဘက်တီးရီးယားပိုးတွေဆိုတာဘာလဲ ဆိုတာတော့ထပ်မရှင်းပြတော့ပါဘူးနော်။ အမျိုးတို့ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ပရိုဘိုင်အိုတစ်ခေါ် အကျိုးပြုဘက်တီးရီးယားများ အရေအတွက်အားဖြင့် ထရီလီယံ ၁၀၀ ( 100 Trillion)ထိရှိပါတယ်။ ထိုအကျိုးပြုဘက်တီးရီးယားပိုးတွေဟာ အူမကြီးမှာအများဆုံးနေထိုင်ပြီး၊ အူသိမ်အဆုံးပိုင်းမှာ သန်း ၁၀၀ မှ သန်း ၁၀၀၀ ထိ၊ အူသိမ်အလယ်ပိုင်းမှာ ၁ သိန်းမှ ၁ သန်းထိရှိနိုင်ပါတယ်။ ယင်းအကျိုးပြုဘက်တီးရီးယား ခေါ်ပရိုဘိုင်အိုတစ်များသည့် ဖော်ပြခဲ့သည့်အရေအတွက်အတိုင်း အူအတွင်းအများဆုံးရှိပြီး၊ ပါးစပ်နှင့် မိန်းမကိုယ်အတွင်းနံရံ၌လည်းတည်ရှိကာပြင်ပမှ… Read more
-
#အသက်ကြီးသူတွေKefirတိုက်လို့ရလားpostမှCommentများ
#အသက်ကြီးသူတွေKefirတိုက်လို့ရလားpostမှCommentများ Aung Htay Tptအဖေက 93 …အမေက 86ထူးထူးခြားခြား တစ်ခုက… အဖေ အရင်က ဓာတ်မထိမ်းနိုင်ဘူး၊ အခု ထိန်နိုင်သွားပီ..အမေကျတော့ ငယ်ငယ်က ဓာတ်ချုပ်ရောဂါရှိတယ်၊ mk သောက်တာ စားလို့တော့ ကောင်းတယ်၊ ဓာတ်က ချုပ်တာပဲ… ချဉ်ဟင်း၊ မန်ကျည်းသီ ငါးပိချက်လို ဓာတ်သက်တဲ့ အစားအစာတွေ ချက်ကျွေးလိုက်တာ အတော်ကို ကောင်းသွားတာ၊ ကိုယ်ခံအား တက်၊ သွေးပေါင် အမြဲကျတဲ့အနေအထားကနေ သွေးပေါင် ပုံမှန်ပြန်ဖြစ်သွားတယ်။အရင်က အဖေက အမေထက် ကျန်းမာရေးပိုကောင်းတာ၊ အခု အမေက ပိုတောင်ကောင်းသွားတယ်။antibiotics တွေ သောက်ရင်၊ mk ပိုသောက်တယ်၊ cover ဖြစ်မလားလို့လေ 😁 Mamawin Thingieကျမအဖေက ၈၃ နှစ်ပါ၊သွေးတိုးရှိပါတယ်၊ကျမသောက်လို့ လေလည်တော့ သောက်ချင်တယ်ပြောပါတယ်၊အစတော့ နှစ်ဇွန်းလောက်တိုက်ကြည့်ပါတယ်၊နေ့တိုင်းသောက်ဖို့တောင်းပါတယ်၊အခုဆိုဖန်ခွက်တဝက်လောက်တိုက်ပါတယ်၊ အရင်ကထက်ထမင်းနည်းနည်းပိုစားလာပါတယ်၊အိပ်လို့လဲကောင်းပါတယ်တဲ့၊သွေးကျဆေးကိုမနက်ပိုင်းသောက်ပါတယ်၊Kifer… Read more
-
13 Great Probiotic Foods You Should Be Eating #ကျွန်တော်တို့စားသုံးသင့်သည့်အကောင်းဆုံး #ပရိုဘိုင်အိုတစ်အစားအစာ၁၃မျိုး
13 Great Probiotic Foods You Should Be Eating#ကျွန်တော်တို့စားသုံးသင့်သည့်အကောင်းဆုံး#ပရိုဘိုင်အိုတစ်အစားအစာ၁၃မျိုး ကျွန်တော်တို့နေ့စဉ်စားသုံးနေသော အစားအစာများအတွင်း ပရိုဘိုင်အိုတစ်ဟုခေါ်သောအကျိုးပြု အဏုဇီဝပိုးများအလုံအလောက်ပါဝင်နိုင်ဖို့ဆိုတာ အခွင့်အရေးနည်းပါးပါတယ်။ ပရိုဘိုင်အိုတစ်ဆိုသော အကျိုးပြုဘက်တီးရီးယားတွေရဲ့ အဓီကအလုပ်ကတော့ အူအတွင်း အဟာရစုပ်ယူဖို့နှင့် ကိုယ်ခံစွမ်းအားစနစ်ကိုထောက်ပံပေးဖို့ဖြစ်ကြပါသည်။ပရိုဘိုင်အိုတစ်ပေါကြွယ်ဝစွာပါဝင်သော အစားအသောက် ၁၃ မျိုးကို ကျွန်တော်တို့စားသုံးသင့်ပါတယ်။ ပရိုဘိုင်အိုတစ်ကြွယ်ဝစွာပါဝင်သောအစားအစာများသည် အစာခြေကျန်းမာအတွက်မရှိမဖြစ်လိုအပ်သောအရာတစ်ခုဖြစ်သော်လည်း ၎င်းပရိုဘိုင်အိုတစ်ပေါကြွယ်ဝသည့်အစားအစာများတွင် ကျွန်တော်တို့မသိသေးသည့် အခြားကျန်းမာရေးအကျိုးကျေးဇူး ရာပေါင်းများစွာရှိနေပါသေးသည်။ ကျွန်တော်ခန္ဓာကိုယ်တွင် ပရိုဘိုင်အိုတစ်များအလုံအလောက်မရရှိခဲ့ပါက အစာခြေခြင်း၌စနစ်တကျမရှိခြင်း၊အရေပြားနှင့်ပက်သက်သောရောဂါများရနိုင်ခြင်း၊ Candida ကန်ဒီဒါမှိုပိုးများ၊ အော်တိုအင်မြူးရောဂါများဖြစ်နိုင်ခြင်း၊ မကြာခဏ အအေးမိဖျားနာခြင်းများ၊တုပ်ကွေးရောဂါများဖြစ်နိုင်ခြင်းတို့ ဖြစ်တတ်ပါသည်။ ရှေးခေတ်လူအများစုသည် အစားအသောက်များမပျက်စီးစေရန်အချဉ်ဖောက်ထားသောအစားအစာများစားသုံးခြင်း၊ မြေဆီလွှာကောင်းများမှရသောလတ်ဆတ်သည့်အသီးအနှံအစားအသောက်များစားသုံးခြင်းဖြင့်ပရိုဘိုင်အိုတစ်များအပြားကိုရရှိနိုင်ခဲ့ကြပါသည်။ ယခုခေတ်များတွင်မူ ရေခဲသေတ္တာအသုံးပြုမူများပြားခြင်း၊ အန္တရာယ်ရှိသောစိုက်ပျိုးလုပ်ငန်းများ နှင့် အစားအသောက်များကို ကလိုရင်းစိမ်ခြင်းတို့ကြောင့် အစားအစာများထဲ၌ အကျိုးပြုဘက်တီးရီးယားများပါဝင်မူနည်းပါလာပြီး၊ဆိုးကျိုးပေးနိုင်သည့်ဘက်တီးရီးယားပိုးများပါဝင်မူများလာပါသည်။ ၎င်းအစားအသောက်များကို စားသုံးမိခြင်းကြောင့်ခန္ဓာကိုယ်ရှိအကျိုးပြုဘက်တီးရီးယားများသေဆုံးယုတ်လျော့နိုင်ပါသည်။ ကျွန်တော်တို့၏ အစားအစာများတွင် ပရိုဘိုင်အိုတစ်ကြွယ်ဝသောအစားအသောက်များကို ထပ်မံဖြည့်စွက်စားသုံးခြင်းဖြင့်… Read more
-
#ကိုယ်ဝန်ဆောင်တွေကလေးအမေတွေKefir#သောက်သင့်မသောက်သင့်
#ကိုယ်ဝန်ဆောင်တွေကလေးအမေတွေKefir****************************************#သောက်သင့်မသောက်သင့်************************ Kefir သောက်ပြီးနောက်ပိုင်း ကိုယ်ဝန်ရှိလာပါတယ်လို့ပြောပြီး၊မွေးလာတဲ့ ချစ်စရာသားငယ်၊သမီးငယ်လေးတွေကိုကြတော့ ကျွန်တော်တို့ကKefir Baby လေးတွေလို့နာမည်ပေးကြပါတယ်။အဲလိုမဟုတ်ပဲ ကိုယ်ဝန်ရှိနေတဲ့အချိန်မှာ Kefirစသောက်ပြီး မွေးလာချစ်စရာသားသားလေးတွေကိုကြတော့ဘယ်လိုနာမည်ပေးရမလဲ။ကျွန်တော်ကတော့ Kefirနဲ့ပက်သက်တယ်ပဲပြောပြော၊မပက်သက်ဘူးပဲပြောပြော၊ သူအမေကိုယ်ဝန်နဲ့ကတည်းက Water Kefir စသောက်လို့ မွေးလာပြီးနောက်ပိုင်း အတင်းပဲ Kefir အမျိုးတော်လိုက်တာပဲ၊Kefir တူလေးတွေပေါ့။ ညီမလေး ဧကရီ ဧကရီကတော့ မြန်မာပြည်မှာပထမဦးဆုံး Water Kefirစသောက်တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးပေါ့။သူသောက်နေတာ သိတောင်မသိဘူး၊ နောက်ပိုင်းစကားဆက်စပ်ကြည့်ရင်းနဲ့ကိုယ်ဝန်ကြီးနဲ့သောက်နေမှန်းသိတာ။ ဘာမှမလေ့လာပဲ ရမ်းသောက်နေတယ်မထင်နဲ့ဦး၊ သူလည်းကျန်းမာရေးအသိုင်းအဝန်းကပဲ။ ညီမလေးနဲ့ ချစ်စရာသားလေး၊ကျွန်တော်တူလေးပေါ့။ ကျွန်တော်နဲ့နေ့တူ၊နာမ်တူအကျိုးပေးတူမဲ့ သားလေး၊ ငယ်ငယ်ကတည်းကမိဘမျက်နာရိပ် မျက်နာကဲသိတတ်တယ်😁😁၂၀၁၈ ဇန်နဝါရီလ ၁ရက်နေ့၊ တနလာင်္သားလေး။ခုတော့ ကလေးလည်းအရွယ်ရောက်၊ မေမေကလည်း ကလေးအတွက်စီးပွားရေးသောင်းကျန်းနေတော့ Kefir တောင်သောက်နေသေးလားမသိဘူး။ ကလေး ၂ လသားအရွယ်မှာတော့ပြန်စသောက်ဖြစ်သေးတယ်ပြောတယ်၊ ကလေးနို့ပွေးတက်တာတွေကို WK အရည်လိမ်းပေးတာချက်ခြင်းသိသာတယ်လည်းပြောတယ်။ ခုတော့စီးပွားရေးတွေသောင်းကျန်းနေလို့ Kefir… Read more
-
Kefir နှင့် ကလေးများကျန်းမာရေး
Kefir နှင့် ကလေးများကျန်းမာရေး Shwe Yee Setmaung ( တစ်နှစ်ခွဲမြေး)မြေးလေးကတစ်နှစ်ခွဲပါမနက်ထမင်းစားဇွန်း၃ဇွန်းညနေ၃ဇွန်းတိုက်ဖြစ်တယ်အရင်ကဝမ်းက၃ရက်တစ်ခါ၅ရက်တစ်ခါမှသွားတာခုတော့ပုံမှန်နေ့တိုင်းသွားတယ်အရင်ကရေချိုးနည်းနည်းမှာအအေးပတ်ရင်နှာစေးချောင်းဆိုးခဏခဏဖြစ်တယ်ခုကလေးကတော်တော်ကျန်းမာလာတယ်နှာစေးချောင်းဆိုးကိုမဖြစ်တော့ဘူး Kalyar Soe Yin ( ၁နှစ် ၁၀လ မြေး)ကျွန်မမြေးလေး ၁နှစ်၁၀လပါ နေ့တိုင်းစတီးဇွန်း၁ဇွန်းကိုရေဆတူေ၇ာတိုက်ပါတယ် ၀မ်းလည်းမှန်ပြီး အစားလည်းစား ကိုယ်ခံအားလည်းအရင်ကထက်ပိုကောင်းလာတာ ကိုယ်တွေ့ပါပဲရှင် Nang Si ( ၂ နှစ်)ကျွန်မသမီးက ခု ၂နှစ်ပါ ကျွန်မ WKG ကို စပြီးယူလာတုန်းက သမီးက 1နှစ်နဲ့ 10လ ကျော်ပါ ကျွန်မ WKG လုပ်ပြီးသောက်နေတာမြင်တော့ လာပြီးစူးစမ်းနေတာနဲ့ လက်ဖက်ရည်ဇွန်းနဲ့ နှစ်ဇွန်းတိုက်လိုက်တယ် အဲ့နေ့ကနေစပြီး WKG ကို ပုလင်းထဲ လှယ်ထည့်နေတာမြင်ရင် အမေတိုက်တာကိုမစောင့်ဘဲ သူ့ဖာသာ ဇွန်းနဲ့ခပ်သောက်တော့တာဘဲ အဲဒီတုန်းက ကလေးငယ်ငယ်လေးတွေကို တိုက်လို့ရလား မရဘူးလားဆိုတာ သေချာ… Read more
-
Kefir နှင့်အမျီုးသမီးများကျန်းမာရေး………..
Kefir နှင့်အမျီုးသမီးများကျန်းမာရေး……….. အမျီုးသမီးများကျန်းမာရေးအတွက် ရှာလို့ရသလောက် Post တွေ၊Comment တွေကို ဖော်ပြပေးလိုက်ပါတယ်၊ တစ်ချို့ စာတွေရှည်လို့ အဓိက ဖော်ပြချင်တာကိုပဲ Edit လုပ်ပြီးပြန်တင်ပေးထားတာပါ၊အမျီုးတွေကိုကြိုတင်ခွင့်ပြုချက်မတောင်းမိတာခွင့်လွတ်ပါ၊ ခုလိုဖော်ပြတာ မကြိုက်ရင် Chat Box ကနေ ပြောပေးပါ၊ကျနော်ပြန်ဖြုတ်ပေးပါမယ်၊ WK/MK ကြောင့် ဓမ္မတာမှန်လာကြတယ်၊အဖြူဆင်းတာတွေပျောက်ကြတယ်၊အနံဆီုးတွေပျောက်ကြတယ် အမျီုးသမီးတွေကျန်းမာရေးအတွက် အားထားလို့ရတဲ့ WK/MK ပါ။ Wint Phyu ( Jan 29,2018)တကယ်ဆို wk mkစသောက်တည်းက postတင်ချင်သူ တယောက်ပါ 🙂 🙂 🙂အမျိုးသမီးများ ဓမ္မတာ ကိစ္စမို့ အဆင်မတင့်ရင် ကျန်းမာရေးအမြင်ဖြင့် နားလည်ပေးကြပါကုန် 🙂အပျိုဖော်ဝင်စ မှစတင်ခံစားခဲ့ရသော နာကျင်ကိုက်ခဲတဲ့ဝေ့ဒနာကို ဆိုးရွားစွာခံစားနေရသူပါ ကျောင်းပျက် အလုပ်ပျက် နားရထိပါပဲ အကိုက်အခဲပျောက်ဆေး အချိန်တော်တော်ကြာအောင်သောက်ခဲ့ရပါတယ် အကျိုးဆက် က အစာအိမ် မှာပါပြသနာပေါ်လာပါတယ် အဲ့၂ခု တပြိုင်တည်း… Read more
-
Water Kefir သောက်ခြင်းကြောင့် ရရှိလာသည့် Members များ၏ ကိုယ်တွေ့ကျန်းမာရေးအကျီုးကျေးဇူး Comments များ…
Water Kefir သောက်ခြင်းကြောင့် ရရှိလာသည့် Members များ၏ ကိုယ်တွေ့ကျန်းမာရေးအကျီုးကျေးဇူး Comments များ… ၁. U Win Theinအဘဆက်တိုက်သောက်တာဒီနေ့ရန်ကုန်မြို့ထဲဈေးသွားဝယ်ရင်းပြည်လမ်းဘူတာကနေရှေက်တာဟိုဝင်ဒီထွက်လှေကားလဲတက်နိုင်တယ်အသက်၇၀ခါတိုင်းမောတယ်ပြန်လှည့်တယ်ဒီနေ့တောဘာမှမဖြစ်နာကျင်မှုမဖြစ်တော်တော်ကြံ့ခိုင်မှုတိုးတက်တယ်ဘိုးတော်ဘွားတော်တွေသောက်ကြအသားအရေကောင်းလာတယ်ဆံပင်တောင်ပြန်မကြည့်မိသေးဘူးမဲလာတယ်ပြောကြတယ်ဟုတ်မဟုတ်မမြင်မစမ်းမို့မသိသေးအားလုံးOKနေတယ်အံ့သြမိတယ်၂နာရီလောက်ရှောက်နိုင်တယ် ၂.Ma Mya Nu San၀မ်းမှန်လာတယ်ဆီးများများသွားတယ်ညအိပ်မပျော်တာမဖြစ်တော့ဘူးညတိုင်းအိပ်ပျော်လာပြီကိုယ်ခံအားတွေကောင်းလာတယ်အပင်ပန်းခံနိုင်လာတယ်ကိုယ်လက်တွေကိုက်ခဲတာသက်သာလာတယ်ဇက်ကြောတက်ခေါင်းကိုက်နှုံးချိတာတွေသက်သာလာတယ်နေရတာပေါ့ပါးလာတယ်စသောက်ကထဲကခုထိထူးခြားside affectမဖြစ်သေးပါသောက်တာ၁လရှိပါပြီAdminနှင့်အကွ ဝေမျှပေးကြသူအပေါင်းကိုယ်စိတ်နှစ်ပါးချမ်းမြေ့သာယာကြပါစေကျမလဲWkgကိုပြန်လည်ဝေမျှနေတာအယောက်၂၀ကျော်ပါပြီ။ ၃. Hsu Myat Htetလိပိခေါင်းကြီးခွဲဘို့ဆရာဝန်ပြောထားတာ မနေ့ကသွားပြတာ မယုံနိင်အောင် ဘာမှထွက်မနေတော့ဘူးတဲ့ ….ခွဲစရာမလိုတော့ဘူး။ ကျမဟာအင်မတန်ရောဂါထူပါတယ်။ခု တခုပီးတခုသက်သာလာတာ ဘယ်လိုဝမ်းသာမှန်းမသိဘူး။ ယုံလည်းမယုံဘူး။ ကိုယ်တိုင်သောက်နေလို့သာ ယုံတာ။သူများပြောရင်ကျမ မယုံတတ်ပါ။ Admin နဲ့အတူ kefir မိသားစုအားလုံး မင်္ဂလာပါ။ Happy နိမ်ထန်သမ်ပါနော်။ ကျမသောက်တာ ၁လမပြည့်သေးပဲ ဘာလို့သက်သာတာမြန်တာလည်း။သိတဲ့သူများပြောပြပေးပါလားရှင် ၄. Ohn Mar၁၀ထပ်မှာနေတာ ဓါတ်လှေကားပျက်တဲ့အခါ မီးပျက်တဲ့အခါ လှေကားအချိုး ၁၈ချိုးတက်ရပါတယ်။ ၁၁လပိုင်းကုန်က ဓါတ်လှေကား တစ်ပတ်ပျက်ပါတယ်။ခြေနဲ့တက်ဆင်းလုပ်ရတဲ့အခါမှဘဲ အရင်တုန်းကထက်သိသိသာသာ… Read more
-
WK/MK သောက်ခြင်းကြောင့်ရရှိလာသည့် Member များ၏ ကိုယ်တွေ့ကျန်းမာရေးအကျိုးကျေးဇူးများ.
WK/MK သောက်ခြင်းကြောင့်ရရှိလာသည့် Member များ၏ ကိုယ်တွေ့ကျန်းမာရေးအကျိုးကျေးဇူးများ. Thri Chawသီရိ WK စသောက်တဲ့နေ့ကနေ ၃ ရက်မြှောက်နေ့ကစပြီးခေါင်းမထူနိုင်ဘူးမူးတာ ဇက်ကြောလည်းတတ်တယ် ၃၆ ရက်မြောက်က စပြီး ခေါင်းမမူးတော့ပါဘူး နေရတာပေါ့ပါးပြီး ဒူးနာသက်သာ လက်မောင်းကိုက်သက်သာစပြုလာပါပြီ Lamar Jiaung ( သွေးတိုး၊နှလုံး၊ကျောက်ကပ်၊ဆီးချို၊ရင်ကြပ်)ကျွန်တော့်ယောကမ က အသက် ၈၃နှစ်ပါ သွေးတိုး နှလုံး ကျောက်ကပ် အသည်းမှာအရည်အိတ်တည် ရောဂါအစုံဖြစ်နေတာ ခြေထောက် မျက်နှာပါ ဖောနေတာ wkg စသောက်တာနဲ့ ဝမ်းအမည်းတွေသွားတာ ၂ ခါလောက် နောက်တနေ့ က စပြီး ယောင်တာတွေကျသွားတယ် ပြီးတော့ ဆီးချိုဖြစ်နေတော့ တညလုံး ဆီးနဲနဲ နဲ့ ခဏ ခဏသွားတော့ တညလုံးအိပ်မပျော်ဖြစ်တာကြာပြီ ခုတော့ ဆီးသွားရင်လည်းအားရပါးရ သွားပြီး အိပ်ပျော်… Read more
-
Water Kefir သောက်ခြင်းကြောင့် ရရှိလာသည့် Members များ၏ကိုယ်တွေ့ကျန်းမာရေးကျီုးကျေးဇူး Comments များ။
Water Kefir သောက်ခြင်းကြောင့် ရရှိလာသည့် Members များ၏ကိုယ်တွေ့ကျန်းမာရေးကျီုးကျေးဇူး Comments များ။ ဒီတခါတော့ Water Kefir သောက်ခြင်းကြောင့် ရရှိလာသည့်ကျန်းမာရေးအကျီုးကျေးဇူးများကို အင်တာနက်တို့ အခြားနေရာတို့ကနေ မရှာတော့ပဲ Group စကတည်းကသောက်လာကြတဲ့အမျီုးတွေရဲ့ ကိုယ်တိုင်တွေ့ကြုံ့ရတဲ့ ကိုယ်တွေ့ကျန်းမာရေးအကျီုးကျေးဇူးတွေကိုပဲဖော်ပြတော့မယ်။ ပထမဆုံးကျွန်တော်မီသားစုအကြောင်းကစပြောမယ်၊ အမေကအရင် သွေးတိုးရောဂါရှိတယ်၊ခု Water Kefir/ Milk Kefir သောက်ပြီး တလကျော်လာတော့ သွေးပေါင်ချိန်ပုံမှန်ဖြစ်ဖြစ်သွားပြီး၊ သွေးထပ်မတိုးတော့ဘူး၊သွေးတိုးသက်တာလာတယ် ( သွေးတိုးပျောက်တယ်မပြောဘူးနော် သက်တာလာတယ် သွေးတိုးကိုထိန်းပေးထားနိုင်တယ်) ပိုပြီးနေကောင်းစားဝင်အိပ်ပျော်လာတယ်ပြောတယ်၊ ညီမလေးက အရင်က ဝမ်းအလွန်ချုပ်တယ်၊ ၃ရက် ၄ ရက်နေလောက်မှ အိမ်သာတခါတက်တယ်၊ ဝမ်းချုပ်လွန်းလို့ မကျည်းဖျော်ရည်အမြဲဆောင်ထားရတယ်၊ ဒါလည်းဝမ်းမမှန်ဘူးပြောတယ်၊ ပြီးတော့ ဝမ်းချုပ်တဲ့ဒဏ်တွေဖြစ်မယ်ထင်တဲ့ စကားပြောရင် ပါးစပ်ကအနံဆီုးတွေနံတယ်၊ ချွေးနံတအားနံတယ် ပြောတယ်၊ ခုတော့ Water Kefir/Milk… Read more
-
Water Kefir ကျန်းမာရေးအကျိုးကျေးဇူးများ။
Water Kefir ကျန်းမာရေးအကျိုးကျေးဇူးများ။***************************************** Water kefir ဆိုသည်မှာ ကျန်းမာရေးအတွက်အကျိုးပြုသော ဘက်တီးရီးယားလေးများနှင့်တဆေး ( Yeasts) လေးများပေါင်းစပ်ပါဝင်သည့် Water kefir grains နှင့် သကြားရေတို့ကိုပါင်းစပ်အချဉ်ဖောက်လုပ်ဖားသည့် ပရိုဘိုင်အိုတစ်များ များစွာပါဝင်သည့် ပရိုဘိုင်အိုတစ်ဖျော်ရည်ဖြစ်ပါသည်။ Kefir ဆိုသည့် အချဉ်ဖောက်ထားသည့်ဖျော်ရည်ကို ရှေးနှစ်ပေါင်းများစွာကတည်းက သောက်သုံးနေကြခြင်းဖြစ်ပြီး၊ ကော့ကေးဆပ်စ် တောင်တန်းများဘက်မှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။ ထိုမှတဆင့် ဥရောပနိုင်ငံများ၊ အနောက်တောင်ဘက် အာရှနိုင်ငံများ နှင့်ရုရှားနိုင်ငံများသို့ပြန့်နှံသွားပြီး ယခုအခါ အမေရီကန်နိုင်ငံတွင် လူကြိုက်များလာပါသည်။ Water Kefir သည်အံဩဖွယ်ကောင်းသောအရသာရှိပြီး သဘာဝက အပေါ့စားလန်းဆန်းဆိုဒါဖျော်ရည် ( light refreshing soda) ကဲ့သို့ဖြစ်ပါသည်။ Water Kefir သောက်ခြင်းဖြင့်အောက်ပါ ကျန်းမာရေးအကျိုးကျေးဇူးများကိုရရှိနိုင်ပါသည်။ 1. Probiotic အရင်းအမြစ်များ သုသေတနလေ့လာတွေ့ရှိချက်များအရ ဘက်တီးရီးယား (… Read more
-
Water Kefir သောက်ခြင်းဖြင့်ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ…
Water Kefir သောက်ခြင်းဖြင့်ရရှိနိုင်သောကျန်းမာရေးအကျိုးကျေးဇူးများ… Kefir ဟာတူရကီဘာသာစကားအားဖြင့်ကောင်းသောအရသာခံစားရရှိခြင်း( Feeling Good ) အဓိပ္ပာယ်မှလာပြီးအကျိုးပြုအင်ဇိုင်း ( enzyme) များပေါများကြွယ်ဝသည့် ပရိုဘိုင်အိုတစ် ( Probiotic)ဖျော်ရည်တစ်မျိုးဖြစ်ပါသည်။ Water Kefir တွင်ပါဝင်သောအကျိုးပြုဘက်တီးရီးယားများသည် ခန္ဓာကိုယ်အတွင်းရှိဂေဟစနစ်ကိုဟန်ချက်မျှတအောင်လည်းကူညီပြုလုပ်ပေးပါသည်။ Water Kefirသောက်သုံးခြင်းအားဖြင့်ကိုယ်ခံအားစနစ်ပိုမိုအားကောင်းလာပြီးရောဂါအမျိုးမျိုးကိုကြိုတင်ကာကွယ်ပေးရာရောက်ပါသည်။ Water Kefir တွင်အကျိုးပြုဘက်တီးရီးယားများနှင့် အကျိုးပြုတဆေး ( မှိုပိုး) များမြောက်များစွာပါဝင်ပြီး ဗီတာမင်ဓာက်များ (vitamins),သတ္ထုဓာက်များ(minerals),အမိုင်နိုအက်ဆစ်များ( amino acids) နှင့် အင်ဇိုင်းများ( enzymes) များ အများအပြားပါဝင်ပါသည်။ Water Kefir တွင် မှိုပိုးများ( Fungal) ကိုနိုင် သည့်ပိုးသတ်ဆေးအာနိသင်များလည်းပါရှိပါသည်။ ခုခံအားကျဆင်းမူရောဂါ (AIDS)၊ နာတာရှည်ပင်ပန်းနွမ်းမူရောဂါ(chronicle fatigue syndrome)၊ရေယုန် ( herpes), မှိုပိုးစွဲသောရောဂါများ(Candida), autoimmune ရောဂါများ၊ကင်ဆာရောဂါ လူနာများနှင့်… Read more
-
Kefir ကျန်းမာရေးသုတေသန
Kefir ကျန်းမာရေးသုတေသန Kefir ကျန်းမာရေးသုတေသနနှင့်ပက်သက်ပြီးရုရှားနိုင်ငံ၊ ဂျပန်နိုင်ငံ ၊တရုတ်နိုင်ငံနှင့် ကမ္ဘာနိုင်ငံတချို့မှကြွက်များဖြင့်အမျိုးမျိုးစမ်းသပ်စစ်ဆေးခဲ့ပါတယ်။ ထိုသို့စမ်းသပ်စစ်ဆေးခဲ့ရာတွင်ကြွက်များကို Kefir ကျွေးခြင်းဖြင့်လည်းကောင်း၊ Kefir ဆေးထိုးပေးခြင်းများဖြင့်လည်းကောင်းစမ်းသပ်စစ်ဆေးခဲ့ပါသည်။ သုသေတနပညာရှင်များ၏စမ်းသပ်ချက်ရလဒ်များသည်တကမ္ဘာလုံးမှသာမန်Kefir စားသုံးသူများခံစားရရှိသည့်ကျန်းမာရေးအကျိုးရလဒ်များအားလုံးနှင့်နိုင်းယှဉ်လျှင်အလွန်နှေးကွေးလျှက်ရှိပါသည်။ Kefir သုတေသနပညာရှင်များ၏ သုသေတနရလဒ်များ အလွန်နှေးကွေးနေသည်မှာလည်းအံဩစရာတခုတော့မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် Kefir ကိုတကမ္ဘာလုံးကလူများကိုယ်အိမ်၌ကိုယ်တိုင်လုပ်သောက်နိုင်ကြသောကြောင့်ဖြစ်ပါသည်။ သုတေသနပညာရှင်များ၏ Kefir ဖြင့်လက်တွေကုသ သုသေတနပြုချက်များအရအောက်ပါကျန်းမာရေးအကျိုးကျေးဇူးများကိုရရှိနိုင်ကြောင်းသိရှိခဲ့ရပါသည်။ 1. Allergy prevention and controlဓာတ်မတည့်ခြင်းများကို ကြိုတင်ကွာပေးနိုင်နိုင်ခြင်း၊ထိန်းချုပ်ပေးနိုင်ခြင်း2. Inhibits tumor growthအဖုအကျိတ် ( Tumor) များကြီးထွားလာခြင်းကိုဟန့်တားပေးနိုင်ခြင်3း. Improves lactose digestion for thosewho are lactose intolerantနို့နှင့်နို့ထွက်ပစ္စည်းများကြောင့်ဖြစ်ပေါ်သောဝမ်းပျက်ဝမ်းလျှောခြင်းကိုတိုးတက်ကောင်းမွန်စေခြင်း4. Rats fed with kefir grains reducedtheir inflammation by 80% after… Read more
-
#Kefirနှင့်အဆိပ်ထုတ်တုန့်ပြန်မူအတွေ့အကြုံမျာ
#Kefirနှင့်အဆိပ်ထုတ်တုန့်ပြန်မူအတွေ့အကြုံများ အမျိုးတို့ရေ ဒီတခါ သိချင်တဲ့အကြောင်းအရာလေးကတော့အမျိုးတို့ Kefir စသောက်သောက်ခြင်း တွေ့ကြုံရတဲ့ Healing Crisis ခေါ် အဆိပ်ထုတ် တုန့်ပြန်မူအကြောင်းပါပဲ။ တစ်ချို့တွေက စာလည်းသေချာမဖတ်၊ Kefir အကြောင်းလည်း သေချာမလေ့လာပဲ သူများကောင်းတယ်ဆိုတာနဲ့ လိုက်သောက်ပြီးKefir စသောက်သောက်ခြင်းမှာ ကြုံတွေနိုင်တတ်တတ်တဲ့ Healing Crisis ခေါ် အဆိပ်ထုတ်တုန့်ပြန်မူကြုံရရင် ကြောက်ပြီး ဆက်မသောက်ရဲကြတော့ပါဘူး။ ဒါကြောင့် ခုအမျိုးတို့ပြန်လည်ပြောပြမယ် Kefirစသောက်သောက်ခြင်းကြုံတွေနိုင်တတ်တဲ့Healing Crisis ခေါ် အဆိပ်ထုတ်တုန့်ပြန်မူဟာKefir စသောက်မဲ့သူတွေအတွက် Kefir မသောက်ခင် အရေးကြီးဆုံးသိထားရမဲ့ အချက်တစ်ချက်ပါ။ကျွန်တော် နမူနာရေးပြထားတဲ့အတိုင်းလေး မိမိတို့အတွေ့အကြုံတွေကို ပြန်လည်မျှဝေပေးကြပါနော်။ ဥပမာ။ ။ ဂုတ်ကျီးပေါင်းရောဂါကြောင့် Kefir ထမင်းစားဇွန်းတစ်ဇွန်းကိုမနက် ည ၂ ကြိမ်စီစသောက်ပါတယ်။ ၂ရက်လောက်နေတော့တစ်ကိုယ်လုံးယားလာပြီး၊ အဖုအပိန့်တွေထွက်ပါတယ်။၃ရက်လောက် ( ၇ ရက်လောက်) ခံစားလိုက်ရပါတယ်။အဲနောက်ပိုင်းသက်သာသွားပြီး… Read more
-
#ကီဖာသာက်ခြင်းကြောင့်တွေ့ကြုံ့ရတတ်သည့်ခန္ဓာကိုယ်တုန့်ပြန်မူများ ( သို့မဟုတ်) #ဘေးထွက်ဆိုးကျိုးများ၊ #Memberများ၏ ကိုယ်တွေ့ အတွေ့အကြုံများ..(၁)
၁၁.၁.၂၀၁၈ ဦးကောဝီဒနာတာရှည်ပန်းနာရင်ကြပ်အတွက်wkgကိုသောက်ခဲ့ပါတယ်စသောက်ပြီးနောက်တနေ့ခါတိုင်းထက်ချောင်းပိုဆိုးလာပါတယ်(၂)ရက်ဘဲဖြစ်ပြီးပြန်သက်သာသွားပါတယ်အသက်ရှူတာကတော့စသောက်တဲ့နေ့ကတည်းအသက်ရှူချောင်လာပါတယ်(၇)ရက်လောက်ကြာတော့ဝမ်းအနဲငယ်ရစ်ပြီးက်ုက်လာပါတယ်(၃)ရက်ပြည့်တော့မဖြစ်တော့ပါဘူး Poe Poe–၂-မျိုးလုံးသောက်တယ်ဘေးထွက်ဆိုးကြိုးတော့ဘာမှမခံစားရပါဘူး Nay Nwe Htunအန်ရှုးဝါးတခွက်သောက်.. ဝါတာကီဖာတခွက်မော့.. ဖုပွိုင်ဇင်လိုဖြစ်.. အန်.. နှစ်ရက်ခန့်စားတိုင်းအန်… အန်ရှုးဝါးနဲ့ အချဉ်ဖောက်ထားတဲ့အရည် တွေ့လို့ဖြစ်သလား… ဒါမှမဟုတ် သောက်တဲ့လူက ဘီယာတငုံလောက်တောင် အသားတွေနီရဲလာတာ အလာဂျီရှိတော့ ဝါတာကီဖာနဲ့ မတည့်သလား မသိပါဘူး.. ထပ်စမ်းလို့တော့ မရတော့ဘူး… Aye Zarkyiayeစသောက်ခါစက ၁၀ရက်လောက် ခေါင်းအရမ်းကိုက်တယ် ချောင်းဆိုးတယ် သွားကျင်တယ် ခဏရပ်ထားပြီးပြန်သောက်တော့ဘာမှမဖြစ်တော့ဘူး အိုကေသွားပြီ ရွှေပိုးကောင် ရွှေပိုးကောင်၂မျိုး လုံး သောက်နေတာကြာပါပြီ ဖြစ် တဲ့  အကြောင်းလေး ရေးချင် ပေမဲ့  အကြို က် သောက်နေလည်း ဘာမှ ဘေးထွက် မခံရ တော့ စိတ်ကြို က်သောက်တုန်းဘဲ။မသောက်ရ မနေနိုင် Kefir… Read more
-
Kefir သောက်ခြင်းကြောင့် ကြုံတွေ့ရသည့် ခန္ဓာကိုယ်တုန့်ပြန်မူများ ( သို့မဟုတ်) ဘေးထွက်ဆီုးကျိုးများ၊Member များ၏ ကိုယ်တွေ့ အတွေ့အကြုံများ….( ၂ )
Kefir သောက်ခြင်းကြောင့် ကြုံတွေ့ရသည့် ခန္ဓာကိုယ်တုန့်ပြန်မူများ ( သို့မဟုတ်) ဘေးထွက်ဆီုးကျိုးများ၊Member များ၏ ကိုယ်တွေ့ အတွေ့အကြုံများ….( ၂ ) ၃၀.၁.၂၀၁၈ Maythri Nyoကျမကတော့စသောက်တာ၂၀ရက်လောက်ရှိပါပီသိသာသောဘေးထွက်ဆိုးကျိုးများမခံစားရပါ စားကာင်းအိပ်ပျော်ပီးအိပ်ယာကနိုးရင်ပင်ပန်းပီးအိပ်ရေးမဝသလိုမျိုးမဖြစ်တော့ပါအရင်လများကဓမ္မတာလာလျှင်နောက်ကျပီးမအီမသာဖြစ်ပါတယ်ယခုလမှတော့နောက်မကျဘဲသက်သာပါတယ်ရှင့်အမျိုးသားကိုတိုက်ရာတွင်သူကခြေထောက်ကျိုးတုန်းကသွေးကြောပိတ်၍ရောင်နေတာ၂နှစ်ပြည့်တော့မှာကအခုဆိုအရောင်ကျလာပါတယ်သူကနည်းနည်းယားပါတယ်ခြေထောက်က။ကျေးဇူးတင်ပါတယ်ရှင့် Aye Thidaစသောက် တာ၁၀ရက် ကျော်ပါ ပြီ တပည့် မတယောက် ကလေး ဖက် နာ ဖြစ် နေတာ ကြာပါ ပြီသူ က စသောက် ပြီး ဒုတိယနေ့ မှာ အရမ်း ကိုက် ခဲလာ လို့ အ လုပ် က နေ ၂ရက် လောက် နား ရပါ တယ် ၅ ရက် မြောက် နေ့မှာစပြီး သက်သာ လာ လို့… Read more
-
Side Effects of Kefir (Kefir ဘေးထွက်ဆိုးကျိုးများ)………၁
Side Effects of Kefir(Kefir ဘေးထွက်ဆိုးကျိုးများ)………၁ Kefir သောက်သုံးသူများသည်မိမိတို့၏ကျန်းမာရေးပေါ်မူတည်၍၊ တချို့သည်ဘေးထွက်ဆိုးကျိုးများခံစားရပြီး၊ တချို့သည်ဘေးထွက်ဆိုးကျိုးများမခံစားရပါ။ပုံမှန်အားဖြင့်ကျန်းမာနေသောသူတစ်ယောက်သည် Kefir သောက်ခြင်းအားဖြင့်ဘေးထွက်ဆိုးကျိုးများကိုမတွေ့ကြုံရပါ၊ဒါပေမဲ့ တချို့သူတွေ၌ Kefir သောက်ပြီး ခန္ဓာကိုယ်မှ အဆိပ်တွေထုတ်တဲ့အချိန်မှာအောက်ပါလက္ခဏများကိုခံစားရတတ်ပါသည်။ ၎င်းလက္ခဏများဖြစ်ပေါ်လာခြင်းဟာလည်း ခန္ဓာကိုယ်ထဲမှ အဆိပ်များကိုထုတ်ပယ်နေခြင်းဖြစ်ခြင်းကြောင့် မကြာခင်အချိန်တွင်းပျောက်ကင်းနိုင်ပါသည်။ ခန္ဓာကိုယ်မှ အဆိပ်များထုတ်ပယ်နေချိန်၌ ခဏတာဖြစ်ပေါ်တတ်သောလက္ခဏများ။ 1. Headache ( ခေါင်းကိုက်ခြင်း )2. General aches ( နေရာတကာကိုက်ခဲခြင်း)3. Nausea(မအီမသာဖြစ်ခြင်း၊ပျို့ချင်အန်ချင်ခြင်း )4. Diarrhoea (ဝမ်းလျှောတတ်ခြင်း )5. Other flu-like symptoms( တုပ်ကွေးကဲ့သို့သောလက္ခဏပြခြင်း)6. Abdominal discomfort/cramping(ဝမ်းဗိုက်ပိုင်းမသက်မသာဖြစ်ခြင်း၊ဗိုက်အောင့်ခြင်း )7. Bloating (အစားအသောက်မမှန်လို့ (သို)အစားအများကြီးစားမိလို့ဗိုက်အရမ်းတင်းပြီးမအီမလည်ဖြစ်ခြင်း)8. Gas ( လေထခြင်း )9. Skin eruption such as… Read more
-
Candida Die-off ဆိုတာဘာလဲ
Candida Die-off ဆိုတာဘာလဲ**************************** သင်တို့ရဲ့ အူလမ်းကြောင်းကျန်းမာရေးပုံမှန်မဟုတ်တဲ့အချိန်မှာ ပရိုဘိုင်အိုတစ်အစားအစာတွေဖြစ်တဲ့Milk Kefir,Water Kefir,Kombucha နှင့် အခြားအချဉ်ဖောက်ထားသောအစားအစာများဖြစ်သည့်ချဉ်ဖတ်၊ကင်ချီ( Kimchi),တမ်ပီ( Tempech),Sauerkraut( ဆာခရောက်)စသည့်အစားအစာများပထမဦးဆုံးစတင်စားသုံးသောအခါ“Candida Die-Off”( Healing Crisis)ကိုတွေ့ရှိနိုင်ပါသည်။ ပရိုဘိုင်အိုတစ် နှင့် ပရိုဘိုင်အိုတစ်အစားအစာများကိုစတင်စားသုံးသည့်အခါ၊သင်၏ခန္ဓာကိုယ်အတွင်းသို့အကျိုးပြုဘက်တီးရီးယားပိုးများ၊Yeasts များသည်ရန်သူကိုသုတ်သင်ရှင်းလင်းရန် စစ်တပ်ကြီးတစ်တပ်စေလွတ်လိုက်သကဲ့သို့၊ခန္ဓာကိုယ်အတွင်းရှိရောဂါဖြစ်စေတတ်သောဘက်တီးရီးယားပိုးများ၊Yeast Cell များကိုတဟုန်ထိုးတိုက်ထုတ်သတ်ဖြတ်ပြစ်ကြပါသည်။ထို့သို့ရောဂါဖြစ်စေတတ်သောဘက်တီးရီးယားပိုးများ၊ Yeast Cells များ အများအပြားသေဆုံး၍ ခန္ဓာကိုယ်အတွင်းသို့ ၎င်းတို့၏အဆိပ်များထုတ်လွတ်ခြင်းကို Candida Die-Off (သို့)Herheimer reaction ဟုခေါ်ပါသည်။ Candida Yeast Cells များသေဆုံးသွားသောအခါခန္ဓာကိုယ်အတွင်းသို့ ကွဲပြားခြားနားသောအဆိပ်များ( ၇၉ )မျိုးထုတ်လွတ်ပေးပါသည်။ ထိုသို့ထုတ်လွတ်လိုက်သောအဆိပ်များသည် ကျနော်တို့မကြိုက်နှစ်သက်သည့် အလာဂျစ်တုန့်ပြန်မူများ နှင့် ရောင်ရမ်းခြင်းကဲ့သို့ သောပုံစံများကိုဖြစ်ပေါ်စေပါသည်။ ခန္ဓာကိုယ်အတွင်းရှိရောဂါဖြစ်စေတတ်သောပိုးများသေဆုံးပြီးအဆိပ်ထုတ်လွတ်သောလက္ခဏာများ( Die-Off Symptoms) များပြန့်ပွားမူပမာဏသည်လူတစ်ဦး နှင့်တစ်ဦးမတူညီကြပါ။ အကယ်၍ သင့်အနေဖြင့် Die-Off… Read more
-
The Healing Crisis and Cultured Foods အချဉ်ဖောက်ထားသောအစားအစာများနှင့် တွေ့ ကြုံရနိုင်သည့် အဆိပ်ထုတ်တုန့်ပြန်မူအခြေအနေ
The Healing Crisis and Cultured Foods****************************************အချဉ်ဖောက်ထားသောအစားအစာများနှင့် တွေ့*****************************************ကြုံရနိုင်သည့် အဆိပ်ထုတ်တုန့်ပြန်မူအခြေအနေ****************************************** Cultured Foods ဆိုတာဘာလဲ**************************** Cultured Food ဆိုတာကတော့အချဉ်ဖောက်လုပ်ထားတဲ့အစားစာ ( Fermented Food)တွေကိုခေါ်ပါသည်။ အချဉ်ဖောက်လုပ်ထားတဲ့အစားအသောက်တွေထဲတွင် လူကိုအကျိုးပြုသောဘက်တီးရီးယားပိုး (Probiotic) များအများအပြားပါဝင်ပါသည်။ Probiotic များအ များအပြားပါဝင်သောအချဉ်ဖောက်လုပ်ထားတဲ့တဲ့အစားအစာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါသည်။ 1. Kefir ( ကီဖာ) ( ကပ်စ်ဖီးယား)2. Kombucha ( ကမ်ပူးချား)3. Sauerkraut ( ဂေါ်ဖီချဉ်ဖတ်)4. Pickel ( – သနပ်) ( ဆားရည်စိမ်)5. Miso ( မီဆို)6. Tempeh ( တမ်စ်ပိ)7. Natto ( ပဲပိစပ်ချဉ်)8. Kimchi ( ကင်ချီ)9.… Read more
-
#အကောင်းဆုံးရွေးချယ်စရာCocountWaterKefir…
#အကောင်းဆုံးရွေးချယ်စရာCocountWaterKefir… Coconut Water Kefir ဆိုတာအခြေခံအားဖြင့် အချဉ်ဖောက်ထားတဲ့အုန်းရေဖြစ်ပါသည်။Cocount Water Kefir သည် မယုံနိုင်စရာလောက်အောင် ပရိုဘိုင်အိုတစ်များ များစွာပါဝင်သည့်ဖျော်ရည်ဖြစ်ပြီး၊ ဗီတာမင်ဓာတ်များ၊သတ္ထုဓာတ်များ နှင့် ဓာတ်ဆားများ(Electrolyte)အများအပြားပါဝင်ပါသည်။ Coconut Water Kefir တွင်ဗီတာမင်နှင့်သတ္ထုဓာတ်များဖြစ်သောBeta Carotene,Riboflavin( B2),Thiamin(B1),Niacin(B3), pantothenic acid(B5),Folates နှင့် ဗီတာမင် A,B6, C, E, K တို့ပါဝင်ကြပါသည်။Cocount Water Kefirတွင် နို့နှင့်နို့ထွက်ပစ္စည်းများတွင်ပါဝင်သော Casein ဓာတ်နှင့် Lactose ဓာတ်တို့ပါဝင်ခြင်းမရှိခြင်းကြောင့်၊ ၎င်းဓာတ်များနှင့်မတည့်သောသူများသည် Cocount Water Kefir ကိုရွေးချယ်ပြုလုပ်သောက်သုံးနိုင်ပါသည်။ Beta-caroteneသည်ကင်ဆာဖြစ်ပွားနှုန်းကို လျော့ကျစေနိုင်ပါတယ်။သုတေသနတွေအရ တစ်နေ့ကို Beta-carotene1.7 ကနေ 2.7 မီလီဂရမ်ထိ သောက်သုံးတဲ့သူတွေဟာ အဆုတ်ကင်ဆာဖြစ်ပွားနှုန်းကို 40 ရာခိုင်နှုန်းအထိလျော့ချပေးနိုင်တယ်လို့ သိရှိရပါတယ်။ ကင်ဆာကိုကုသနိုင်ခြင်း… Read more
-
အုန်းနို့ကီဖာ (Coconut Milk Kefir)ပြုလုပ်နည်း
အုန်းနို့ကီဖာ (Coconut Milk Kefir)ပြုလုပ်နည်း****************************************** နို့နှင့်နို့ထွက်ပစ္စည်းဖြင့်ဓာတ်မတည့်သူများ၊ Milk Kefir ပြုလုပ်သောက်သုံးနေတာကြာပြီဖြစ်တဲ့သူများ အရသာပြောင်း၍ သောက်သုံးချင်တယ်ဆိုရင်ဖြင့် အုန်းနို့ကီဖာ ( Coconut Milk Kefir ) နှင့်အုန်းစိမ်းရေကီဖာ ( Coconut Water Kefir )တို့ကိုပြုလုပ်သောက်သုံးနိုင်ပါသည်။ ရိုးရာအတိုင်းအုန်းနို့ ထုတ်ယူနည်း ( မြန်မာပြည်*****************************************ကအမျိုးအတွက်)*************** အုန်းပင်သည်တနှစ်မှ တကြိမ် သီးအားကောင်းပါသည်။ နှစ်ကြိမ်သီးသည့်အပင်များလည်းရှိပါသည်။ အုန်းခိုင်တစ်ခိုင်၏သက်တမ်းမှာ ၁၀လနီးပါးကြာမြင့်ပါသည်။ အုန်းသီးသက်တမ်းကိုအပိုင်း၅ပိုင်း ခွဲခြားနိုင်ပါသည်။ ၁. အနု ( အရည်ဖန်သည် )၂. အရည်တည် ( အုန်းစိမ်းရည် သောက်ရန်အကောင်းဆုံးကာလ)၃. လက်ပေါ့ ( အရည်မှအုန်းဆံသို့ ဖွံ့ ဖြိုးအားသာလာသောအချိန်ကာလ)၄. အရည်ချောင် ( အရည်မှာအရသာလုံးဝမရှိတော့ဘဲအုန်းဖတ်မှာသာအရသာရှိတော့သည်)၅. အဆံချောင် ( အုန်းင်္ဆီထုတ်ယူရန်အကောင်းဆုံးကာလဖြစ်သည်) အုန်းနို… Read more
-
Milk Kefir နှင့် Water Kefir ဘာတွေကွာခြားလဲ
Milk Kefir နှင့် Water Kefir ဘာတွေကွာခြားလဲ Probiotic ရရှိနိုင်တဲ့ အစားအသောက်တွေထဲမှာMilk Kefir နှင့် Water Kefir တို့ဟာပုံစံခြင်း တူညီသလိုရှိသော်လည်း ဘက်တီးရီးယားမွေးမြူထားရှိခြင်းမှာကွာခြားပါတယ်။ Milk Kefir Grains တွင်ပါရှိသော ဘက်တီးရီးယားများနှင့် တဆေး( Yeasts) များသည် နွားနို့တွင်ပါဝင်သော လပ်စ်တို (Lactose) သကြားကိုစားသုံးပြီး ပရိုဘိုင်အိုတစ် ( Probiotic ) များထုပ်လုတ်ပေးခြင်းဖြစ်ပြီး၊ Water Kefir Grainsတွင်ပါဝင်သော ဘက်တီးရီးယားများနှင့် တဆေး( Yeasts ) များသည် သကြားရေကို စားသုံးပြီးပရိုဘိုင်အိုတစ် ( Probiotic ) များထုတ်လုပ်ပေးခြင်းဖြစ်သည်။ ထို့ကြောင့် Milk Kefir Grains လေးများ၏အလုပ်ကို Water Kefir Grains… Read more
-
Kombucha Tea ကို တနေ့ ဘယ်လောက် သောက်သင့်သလဲ? ဘယ်အချိန် သောက်သင့်သလဲ?
Kombucha Tea ကို တနေ့ ဘယ်လောက် သောက်သင့်သလဲ? ဘယ်အချိန် သောက်သင့်သလဲ? KT တနေ့ ဘယ်လောက် သောက်ရမလဲဆိုတာ လူပုဂ္ဂိုလ် တစ်ဦးချင်းစီပေါ်မှာ မူတည်ပါတယ်။ အကြံပြုလိုတဲ့ ပမာဏ ကတော့ တနေ့ သုံးကြိမ် တစ်ကြိမ်လျှင် 150ml သောက်နိုင်ပါတယ်။ ဒါဟာ တစ်ပတ်လျှင် 3 liter နှုန်းနဲ့ ညီမျှပါတယ်။ ဒါပေမဲ့… ဖြည်စွက်စာ၊ ပရိုဘိုင်အိုးတစ်၊ အစားအသောက်နဲ့ KT တို့ရဲ့ သုံးစွဲသင့်တဲ့ ပမာဏ လိုအပ်ချက်တွေဟာ တစ်ဦးနဲ့ တစ်ဦး မတူညီကြပါဘူး။ အကယ်၍ သင့်မှာ နာတာရှည်ရောဂါ ရှိနေခဲ့ရင် အကြံပြုထားတဲ့ ပမာဏထက် ပို၍ လျှော့နည်းစွာ စတင်သောက်သုံးသင့်ပါတယ်။ ကျန်းမာတဲ့လူ၊ နာတာရှည်ရောဂါမဟုတ်တဲ့ သူတွေကတော့ တနေ့လျှင် 100ml… Read more
-
Scoby Hotel ပိုလျှံ စကိုဘီ ထိန်းသိမ်းနည်း
Scoby Hotelပိုလျှံ စကိုဘီ ထိန်းသိမ်းနည်း -Sweet Tea- ရေ – 240mlသကြား – ထမင်းစားဇွန်း ၂ ဇွန်းလက်ဘက်ခြောက် – အထုပ်သေး ၁ ထုပ် (လက်ဘက်ရည်ဇွန်း ၁ ဇွန်း)ရေဆူလျှင် သကြား၊ လက်ဘက်ခြောက်တို့ထည့်၍ အအေးခံထားပါ။ အေးသွားလျှင် – ထိုအချိုထည့်ပီးရေနွေးကြမ်း– ပိုနေသော Scoby အချပ်များ– OVFK အရည် (scoby အချပ်များ အားလုံးကို လုံလောက်စွာနစ်မြုပ်စေနိုင်သည့် အရည်ပမာဏ ရှိရမည်)တို့ကို အဝကျယ်ပုလင်းအတွင်း ထည့်သွင်း၍ အဝကို ပိတ်စဖြင့် သေချာစွာ ဖုံးအုပ်ထားပါ။ ထိုပုံစံအတိုင်း မပြုပြင်ပဲ ရက်သတ္တပတ်အချို့ ထားရှိနိုင်ပါသည်။ထပ်မံ၍ ပိုလျှံလာသော Scoby အချပ်များ ထည့်သွင်းလိုပါက ဖောက်လုပ်ပီး KT (F1) အရည်… Read more
-
Kombucha ဖောက်လုပ်ရာတွင် သိထားသင့်သည့် အချက်များ
Kombucha ဖောက်လုပ်ရာတွင် သိထားသင့်သည့် အချက်များ ၁ – အမှုန်အမွှားနှင့် ပိုးကောင်လေးများ ဝင်နိုင်သည့် Cheesecloth ကဲ့သို့ ပါးသော ပိတ်စများမသုံးပါနှင့်။ အတန်ငယ်ထူထဲသော တီရှပ်ကဲ့သို့သော ပိတ်စအမျိုးအစားများကို သုံးပါ။ ၂ – အဆီပါဝင်မှု့ရှိတဲ့ လက်ဘက်ခြောက် (e.g – Earl Grey Tea) များကို အသုံးမပြုပါနဲ့။ သင့်ရဲ့ Scoby ကို ပျက်စီးစေပါလိမ့်မည်။ အခြား အနံ့ အရသာ မရောစပ်ထားသော သန့်စင်သည့် White, Black, Green or Oolong Tea အမျိုးအစားများကို အသုံးပြုနိုင်ပါသည်။ ၃ – Kombucha ဖောက်လုပ်ခြင်းကို သီးခြားနေရာတစ်ခု၌ သီးခြားဖောက်လုပ်ပါ။ အခြားသော အချဉ်ဖောက်ခြင်းများနှင့် နီးကပ်စွာ ထားရှိဖောက်လုပ်ခြင်းကြောင့်… Read more
-
10 Ways to use your Over-Fermented Kombucha ရက်လွန် ကွန်ဘူချာ (OVFK) အသုံးပြုနည်း ၁၀ နည်း
10 Ways to use your Over-Fermented Kombuchaရက်လွန် ကွန်ဘူချာ (OVFK) အသုံးပြုနည်း ၁၀ နည်း KT အချဉ်ဖောက်ခြင်းကို အချိန်ကြာမြင့်စွာ ထားမိပါက အားပြင်း သန်မာသော အရသာကို ရရှိစေပီး ရှာလကာရည်အသွင်သို့ ပြောင်းလဲသွားနိုင်ပါသည်။ ထိုအရည်ကို မလွှတ်ပစ်လိုက်ပါနှင့်…..1 – Save as a strong starter tea for your next batchKT နောက်အသုတ် ဖောက်လုပ်ရာတွင် အသုံးပြုမည့် Starter tea (မျိုးပွားအရည်) အဖြစ်အသုံးပြုရန် သိမ်းထားပါ။ ဤ OVFK ကို မျိုးရည်အဖြစ် ထည့်သွင်းအသုံးပြုသည့် အသုတ်တိုင်းတွင် ပုံမှန်ထက် စောစီးစွာ တစ်ရက် နှစ်ရက်အတွင်း KT ရည်ကို… Read more
-
Kombucha Tea ပြုလုပ်နည်း
Kombucha Tea ပြုလုပ်နည်း ၁. Kombucha Tea မပြုလုပ်မီ အောက်ပါပစ္စည်းများကြိုတင်ဝယ်ယူစုဆောင်းထားရပါမည်။ 👉 တစ်လီတာကျော်စန့်မည့် ဖန်ဗူးတဗူး 👉 သစ်သားဇွန်းရှည် တစ်ချောင်း ( သို့)ပလပ်စတစ်ဇွန်းရှည်တစ်ချောင်း 👉 အဖုံးပိတ်ရန် အဝတ်ပိုင်းသန့်သန့်တစ်ခု ( သို့)Papaer Coffee Filter 👉 သရေကွင်း ( ပိတ်ထားမည့်အဝတ်ပိုင်း ( သို့)Papaer Coffee Filter ကိုစည်းရန်) ၂. Kombucha Tea ပြုလုပ်ရန် ပါဝင်သည့်ပစ္စည်းများ 👉 ကလိုရင်းမပါသော( Unchlorinated)၊ဖလိုရိုက်မပါသော( Unfluoridated) ရေ 👉 သကြားအဖြူ 👉 Green Tea Bags ( Or) Black Tea Bags( Or) အိမ်သုံးသဘာဝ လက်ဖက်ခြောက် 👉 Active Kombucha SCOBY ၃. Kombucha Tea… Read more
-
Kombucha Tea သောက်ခြင်းဖြင့်ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ
Kombucha Tea သောက်ခြင်းဖြင့်ရရှိနိုင်သောကျန်းမာရေးအကျိုးကျေးဇူးများ ၁. ပရိုဘိုင်အိုတစ်အရင်းအမြစ်များကြွယ်ဝစွာပါရှိခြင်း Kombucha Tea အချဉ်ဖောက်ခြင်းလုပ်ငန်းစဉ်တွင်ရှာလကာရည်များ ( Vinegar )၊ အက်ဆစ်ဒြပ်ပေါင်းများ၊ကာဗွန်နိတ်များ၊အဏုဇီဝပိုး ခေါ်ပရိုဘိုင်အိုတစ်များ၊အင်ဇိုင်းများ၊ဗီတာမင်များကိုထုတ်လုတ်ပေးပါသည်။ အဏုဇီဝပိုး ခေါ် ပရိုဘိုင်အိုတစ်များသည်သင်၏အူလမ်းကြောင်းကျန်းမာရေးအတွက်များစွာအထောက်အကူပေးသည့်အပြင်၊အစာခြေခြင်း၊Weight ကျစေခြင်း၊ရောင်ရမ်းခြင်းနှင့်အခြားသောကျန်းမာရေးအခြေအနေများအတွက်ပါများစွာအထောက်အကူပေးပါသည်။ Kombucha Tea ဖျော်ရည်သည် ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိနိုင်ခြင်းကြောင့်သင်၏ကျန်းမာရေးအစားအသောက်၊ဓာတ်စာစာရင်းတွင်ထည့်သွင်းစားသောက်သင့်သည့်ဖျော်ရည်တစ်ခုဖြစ်ပါသည်။ ၂. Kombucha Tea တွင် Green Teaသောက်ခြင်းကြောင့်ရရှိနိုင်သည့်ကျန်းမာရေးအကျိုးကျေးဇူးများပါဝင်ခြင်း Green Tea ထဲမှာ Antioxidants နဲ့ တခြား Nutrient တွေပါတာကြောင့် ခန္ဓာကိုယ်ကျန်းမာရေးအတွက် အလွန်သင့်တော်ပါသသည်။Green Tea သောက်ပေးခြင်းဖြင့်အောက်ပါကျန်းမာရေးအကျိုးကျေးဇူးများကိုရရှိစေနိုင်ပါသည်။ ၁။ အဆီကျနိုင်ခြင်း၂။ ရုပ်ရင့်ခြင်းကို လျော့ကျစေခြင်း၃။ ဦးနှောက်နှင့်အာရုံကြောအတွက်ပိုကောင်းစေသောကြောင့် စိတ်ကြည်လင်ခြင်း၎။ Antioxidantsပါဝင်တာကြောင့်ကင်ဆာကင်ဆာရောဂါတစ်ချို့ ဖြစ်နိုင်ခြေကိုကာကွယ်ပေးနိုင်ခြင်း၅။ ခန္ဓာကိုယ်ကြွက်သားတွေ တဆတ်ဆတ်တုန်စေတဲ့ Parkinson’s ရောဂါဖြစ်နိုင်ခြေကိုလျော့ကျနိုင်ခြင်း၆။ Green tea က ဘတ်တီးရီးယားတွေကိုသေစေနိုင်တာကြောင့်… Read more
-
#KombuchaTeaဆိုတာဘာလဲ …
#KombuchaTeaဆိုတာဘာလဲ … Kombucha Tea ဆိုတာလွန်ခဲ့သောနှစ်ပေါင်း၂၀၀၀ ကျော်ကတည်းကတရုတ်လူမျိုးများကျန်းမာရေးအတွက် ထာဝရရှင်သန်နေသောသက်စောင့်ဆေးအဖြစ်ယုံကြည်သောက်သုံးကြသည့် အချဉ်ဖောက်ထားသောလက်ဘက်ရည်ဖြစ်ပါသည်။ Kombucha Tea ဆိုသည်မှာသင်၏ နှလုံး၊ဦးနှောက်နှင့် အူ ကျန်းမာရေးတို့ကိုအလွန်တရာအကျိုးရှိစေသည့်ဖျော်ရည်ဖြစ်ပါသည်။ Probiotic လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားများရရှိနိုင်သောအချဉ်ဖောက်ထားသည့်အစားအစာများထဲတွင် Kombucha Teaလည်းအပါအဝင်ဖြစ်ပါသည်။ Probiotic ခေါ်အကျိုးပြုဘက်တီးယားများသည် အစာခြေလမိးကြောင်းတွင်အများအပြားရှိပြီး အဟာရဓာတ်များကိုစုပ်ယူခြင်း၊ကိုယ်ခံအားမြင့်တင်မူအပိုင်းကိုအထောက်အကူပေးခြင်း၊ရောဂါကူးစက်မူ၊နာမကျန်းဖြစ်မူတို့ကိုကာကွယ်ပေးခြင်းတို့ကိုအထောက်အကူအများကြီးပေးပါသည်။ သင်၏ခုခံအားစနစ် ၈၀ ရာခိုင်နုန်းခန့်သည်အူ အတွင်းတည်ရှိပြီး၊အစာခြေစနစ်သည်ဦးနှောက်နှင့်အာရုံကြော၏ ဒုတိယအကြီးဆုံးအစိတ်အပိုင်းဖြစ်သဖြင့် အူ ကို ဒုတိယဦးနှောက်ဟုခေါ်ဆိုကြသည်မှာ အံအားသင့်စရာမဟုတ်ပါ။ Kombucha Tea နေ့စဉ်သောက်ခြင်းအားဖြင့်သင်၏အားနည်းသောကိုယ်ခံအားစနစ်ပြုပြင်ထိန်းသိမ်းခြင်းကိုအထောက်အကူပေးနိုင်ပြီး၊ကိုယ်ခံအားမြင့်တင်နိုင်ခြင်းကြောင့်အခြားကျန်းမာရေးအကျိုးကျေးဇူးများကိုလည်းတဖြည်းဖြည်းခြင်းရရှိလာနိုင်ပါသည်။ Kombucha Tea ပြုလုပ်ရန် သကြား၊Black Tea ( or) Green Tea နှင့် SCOBY( Symbiotic Colony of Bacteria and Yeast) တို့လိုအပ်ပါသည်။ SCOBY ဆိုတာဘာလဲ……. SCOBY… Read more
-
ပြုလုပ်ပြီး Water Kefir/Milk Kefir ကို ဘယ်လောက်ကြာကြာသိမ်းထားနိုင်လဲ…
ပြုလုပ်ပြီး Water Kefir/Milk Kefir ကို ဘယ်လောက်ကြာကြာသိမ်းထားနိုင်လဲ… Water Kefir အတွက် 👉 အခန်းတွင်းအပူချိန် ( 68°F မှ 78°F ထိ)ကို ၃ရက် မှ ၄ရက်အထိ 👉 ရေခဲသေတ္တာအပူချိန် ( 40°F မှ 45°F ထိ)၂ပတ် မှ ၃ ပတ် အထိ ( ရိုးရိုးအအေးခန်း) 👉 ရေခဲသေတ္တာအပူချိန် ( 0°F မှ 25°F ထိ)၂ လ အထက်ထိ ( အေးခဲခန်းထဲ) Milk Kefir အတွက် 👉 အခန်းတွင်းအပူချိန် ( 68°F မှ 78°F ထိ)ကို ၁ရက် မှ ၂ရက်အထိ 👉 ရေခဲသေတ္တာအပူချိန် ( 40°F… Read more
-
#ကီဖာလက်ဆီ ( Kefir Lassi ) ဆိုတာဘာလဲ….
#ကီဖာလက်ဆီ ( Kefir Lassi ) ဆိုတာဘာလဲ…. #Kefir ဆိုတာ ဗီတာမင်ဓာက်များ၊အင်ဇိုင်းများနှင့်အစာအိမ်အူလမ်းကြောင်းအကျိုးပြုဘက်တီးရီးယားပါဝင်ပြီး ကျန်းမာရေးကိုများစွာအထောက်အကူပေးသောအချဉ်ဖောက်ထားသည့်အစားအစာဖြစ်ပါသည်။ Kefir အကြောင်းအမျိုးတို့သိပြီးဖြစ်လို့ထပ်မရေးတော့ဘူးနော်။ #လက်ဆီ ( Lassi ) ဆိုတာဘာလဲ…. Lassi ဆိုသည်မှာ ဒိန်ချဉ်ကို အခြေခံပြုလုပ်ထားသော အိန္ဒိယရိုးရာအစားအစာဖြစ်ပါသည်။ အထူးသဖြင့် Subcontinent ပြည်နယ်တွင်လူကြိုက်အများဆုံးဖြစ်ပြီး၊ အိန္ဒိယတစ်နိုင်ငံလုံးသာမက၊ နိုင်ငံတော်တော်များများတွင်လည်းလူကြိုက်များသော အိန္ဒိယရိုးရာအစားအစာတစ်ခုဖြစ်ပြီး အခြေခံအားဖြင့် ဒိန်ချဉ်၊ ရေနှင့် ဟင်းခတ်အမွှေးအကြိုင်တို့ကို ရောစပ်ဖျော်သောက်ရသော အစားအသောက်တစ်မျိုးဖြစ်ပါသည်။ Lassi တွင် Classic Version နှင့် Sweet (Salted)Version ဟု၍ အမျိုးအစား မျိုးစုံရှိပါသည်။ Classic Version ပြုလုပ်ရာတွင် ဒိန်ချဉ်၊ ရေနှင့်ဟင်းခတ်အမွှေးအကြိုင်တစ်ချို့ပါဝင်ပါသည်။ Sweet ( Salted )Version ပြုလုပ်ရာတွင်တော့ဒိန်ချဉ်၊ ရေ၊ သကြား၊ ဆား၊ သစ်သီးတစ်ချို့တို့ပါဝင်ပါသည်။… Read more
-
Milk Kefir Grains ( MKG ) များ အနားပေးနည်း၊ ထိန်းသိမ်းနည်းနှင့် အခြောက်ခံထိန်းသိမ်းနည်း…
Milk Kefir Grains ( MKG ) များ အနားပေးနည်း၊ထိန်းသိမ်းနည်းနှင့် အခြောက်ခံထိန်းသိမ်းနည်း… ၃ ပတ်ကျော်ထိ အနားပေးနည်း၊ ထိန်းသိမ်းနည်း Milk Kefir Grains ( MKG) များကို အနားမပေးမီ၃ပတ်အလို ( သို့) ရေခဲသေတ္တာထဲ မထိန်းသိမ်းမီ၃ပတ်အလိုလောက်တွင်၊ မိမိတို့၏ Milk Kefir Grains( MKG) လေးများအလုပ်လုပ်နေကြောင်း၊ ကျန်းမာနေကြောင်း သေချာသိရှိထားရပါမည်။ MKG လေးများကျန်းမာနေကြောင်း သေချာသိရှိပြီးပါက……. ၁. အနားပေးမည့်၊ ရေခဲသေတ္တာထဲထည့်သိမ်းမည့်MKG လေးများကို ဖန်ဗူးအတွင်းထည့်၍၊ နွားနို့ ၅၀၀မီလီလီတာ ( ဖန်ခွက် ၂ခွက်) သို့မဟုတ် ၁လီတာ( ဖန်ခွက် ၄ ခွက်) လောင်းထည့်ပါ။ နွားနို့များလေ အချိန်ပိုကြာကြာထားလို့ရလေဖြစ်ပါသည်။ ၂. နွားနို့ထည့်ပြီးသောဖန်ပုလင်းအဖုံးကို… Read more
-
Milk Kefir ပြုလုပ်နည်း…… ပထမ Video ဖိုင်
Milk Kefir ပြုလုပ်နည်း…… ပထမ Video ဖိုင် ပထမဆုံး Milk Kefir Grains လေးများကိုလက်ဖက်စားဇွန်း ( Teaspoon) ဖြင့်ချိန်၍စိမ်မည် ဖန်ဗူးထဲထည့်ပါ။အခြေခံအချိုးအစားမှာ လက်ဖက်စားဇွန်းတစ်ဇွန်း ၁ ဇွန်းကို နွားနို့ ၂၅၀ မီလီလီတာ ထည့်ရပါမည်။ ၂ ဇွန်းဆို နွားနို့ ၅၀၀ မီလီလီတာ ပါ။နွားနို့ထည့်ပြီးနောက် ဖန်ဗူးဝကို အဝတ်သန့်သန့်လေးဖြင့် သရေပင်စည်းပြီးပိတ်၍ အခန်းတွင်းအပူချိန် နေရောင်တိုက်ရိုက်မထိသောနေရာ၌ ၈ နာရီမှ ၁၂ နာရီကြား အခန်းတွင်းအပူချိန်ကိုညှိ၍ ထားပါ။ ဒုတိယ Video ဖိုင် သတ်မှတ်ချိန် ၁၂ နာရီပြည့်သော်အခါ စစ်၍ဇကာ၌ကျန်ရှိသော MKG လေးများကို ပထမVideo ဖိုင်အတိုင်းပြန်လုပ်နိုင်ပါသည်။ စစ်၍ရရှိလာသော MK များကို အခြားဖန်ဗူးထဲထည့်၍ ရေခဲသေတ္တာထဲထည့်သိမ်းနိုင်ပါသည်။ဤအဆင့်ကို… Read more
-
Milk Kefir ပြုလုပ်နည်း
Milk Kefir ပြုလုပ်နည်း********************* ပထမအဆင့်အချဉ်ဖောက်ခြင်း ( 1F )******************************** 1. Milk Kefir Grains လက်ဘက်ရည်ဇွန်း ၁ ဇွန်း 2. နွားနို့ ၂၅၀ မီလီလီတာ Milk Kefir Grains လက်ဘက်ရည် ဇွန်းတစ်ဇွန်းစာကို နွားနို့ ၂၅၀ မီလီမီတာဖြင့်ရော၍အဝတ်သန့်သန့်လေးဖြင့်ပိတ်ပြီးအခန်းတွင်းအပူချိန်၌ ၈ နာရီမှ ၁၂ နာရီအတွင်း ရာသီဥတုအပူချိန်ကိုချင့်ချိန်၍ထားပါ၊ သတ်မှတ်ချိန်နာရီပြည့်သောအခါပလပ်စတစ်ဇကာ၊ ပလပ်စတစ်ဇွန်းအသုံးပြု၍အခြားဖန်ဗူးထည့်သို့စစ်၍ထည့်ပါ၊ စစ်၍ကျန်ရှိနေသောMilk Kefir Grains လေးများကို ပထဦးဆုံးပြုလုပ်သကဲ့သို့နောက်တကြီမ်အစမှပြန်လည်ပြုလုပ်နိုင်ပါသည်။ ( 1F ) ပထမအဆင့်၌ပင်သောက်သုံးနိုင်ပါသည်။ ဒုတိယအဆင့်အချဉ်ဖောက်ခြင်း ( 2F )********************************** ပထမအဆင့်အချဉ်ဖောက်ခြင်း ( 1F )မှရရှိလာသော Milk Kefir ရေများကို အဖုံးဖြင့်ပိတ်ပြီးအခန်းတွင်းအပူချိန်၌နောက်ထပ် ၂… Read more
-
Milk Kefir ပြုလုပ်သောက်သုံးရန် ရွှေးချယ်စရာ နို့ ( Milk) များအကြောင်း ( ၂ )
Milk Kefir ပြုလုပ်သောက်သုံးရန် ရွှေးချယ်စရာနို့ ( Milk) များအကြောင်း ( ၂ ) 2. Pasteurized ( ပိုးသတ်ထားသောနို့) ပိုးသတ်ထားသောနို့ အကြောင်းမပြောခင် ဈေးကွက်အတွင်းမှာ ဝယ်ရင်တွေ့ရတတ်တဲ့ နို့အမျိုးအစားတွေဖြစ်တဲ့ ( Whole Milk, Lowe fat Milk, Fat-Free Milk, Skim Milk ) ဆိုတာ ဘာတွေလဲဆိုတာကြည့်ရရအောင်။ နွားနို့မှာပါတဲ့အဆီတွေဟာ ပြည့်ဝအဆီ( Saturated Fat) တွေများပါတယ်။ ပြည်ဝအဆီဟာ ကျန်းမာရေးကိုထိခိုက်နိုင်တာကြောင့်ထုတ်လုတ်ရောင်းချကြတဲ့ နေရာမှာ နွားနို့အတွင်းပါသောအဆီတွေကိုထုတ်ပြီး ရောင်းချလာကြပါတယ်။ Whole Milk ( or) Full Cream Milk ဆိုတာ အဆီမထုတ်ထားတဲ့ မလိုင်ပြည့် နွားနို့ဖြစ်ပြီး၊ အဆီပါဝင်မူ ၃.၈… Read more
-
Milk Kefir ပြုလုပ်သောက်သုံးရန်ရွှေးချယ်စရာ နို့ ( Milk) များအကြောင်း ( ၁ )
Milk Kefir ပြုလုပ်သောက်သုံးရန်ရွှေးချယ်စရာနို့ ( Milk) များအကြောင်း ( ၁ ) Milk Kefir ပြုလုပ်ရန် ( Milk ) နို့ အကြောင်းတွေရေးမယ်ဆိုလို့ ကျနော်က ( Milk ) နို့ နဲ့ပက်သက်ပြီး သေချာတတ်ကျွမ်းနားလည်တဲ့သူတစ်ယောက်လို့ မထင်ကြပါနဲ့၊ ဘာမှမသိပါဘူး။ အင်တာနက်ကနေ ရှာဖွေဖတ်ကြည့်ပြီး အမျိုးတို့အတွက် ပြန်ရေးပေးတာပါ။ အမှားတွေပါခဲ့ရင်၊ တတ်သိနားလည်းတဲ့သူများကပြန်ပြင်ပေးကြပါ။ Milk Kefir ပြုလုပ်ရန် ယေဘုယျအားဖြင့်…. 1. နို့တိုက်တိရစ္ဆာန်များဖြစ်သော ကျွဲ၊ နွား၊ ဆိတ်၊ သိုး၊မြင်း၊ သစ်ကုလားအုပ် စသည့်တို့၏နို့များ 2. နို့ထွက်ပစ္စည်းများမဟုတ်သည့် အစေ့နှင့် အခွံမာသီးများမှ ရသော နို့များ ( အုန်းနို့၊ ပဲနို့၊ဆန်နို့ ( rice… Read more
-
#Kefirဘယ်လောက်စသောက်ကြမလဲ #တစ်နေ့ဘယ်လောက်ထိသောက်နိုင်လဲ
#Kefirဘယ်လောက်စသောက်ကြမလဲ#တစ်နေ့ဘယ်လောက်ထိသောက်နိုင်လဲ ကိုယ်မစားဘူးသေးတဲ့ ဘယ်အစားအစာအသစ်ဖြစ်ဖြစ်၊ စတင်စားသောက်တော့မယ်ဆိုရင် နည်းနည်းခြင်းကစတင်စားသုံးသင့်ပါတယ်။ ဒီထဲမှာKefir ကတော့ ပိုထူးခြားပါတယ်။ ဘာကြောင့်လဲဆိုတော့ Kefir ကို အသက်ရှိသောအစားအစာ( သို့မဟုတ်) ရှင်သန်နေသောအစားအသောက်( Live Food) အနေဖြင့် သတ်မှတ်ထားကြလို့ပါ။ဘာကြောင့် live food လို့ခေါ်ကြလည်းဆိုတော့Kefir မှာ လူတို့ကျန်းမာရေးအတွက် အကျိုးပြုသော အဏုဇီဝပိုး ခေါ် ပရိုဘိုင်အိုတစ်များ များစွာပါဝင်နေလို့ဖြစ်ပါတယ်။ Kefir စတင်သောက်သုံးလိုက်သည်နှင့်အမျှ Kefir မှာပါဝင်တဲ့ အကျိုးပြု အဏုဇီဝပိုးတွေဟာ အူလမ်းကြောင်းတစ်လျောက်ရှိ ရောဂါဖြစ်စေတတ်သောရောဂါပိုးများကိုတိုက်ထုတ်သတ်ဖျက်ပြစ်လိုက်သလို၊ နဂိုရှိနေပြီးသား အကျိုးပြုပိုးများနှင့်လည်း ကျင့်သားဖြစ်အောင်ညှိယူနေထိုင်ကြရပါတယ်။ ဒါအပြင် Kefirဟာ အက်ဆစ်သဘာဝရှိခြင်း၊ သဘာဝအရ ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်၍ အမြှပ်ထသောဖျော်ရည်ဖြစ်ခြင်း၊ အရက်ဓာတ်အနည်းငယ်ပါဝင်မူရှိခြင်း တို့ကြောင့် အချို့သောသူများအတွက်Kefir စသောက်ခါစမှာ အခက်အခဲဖြစ်စေတတ်ပါတယ်။ ဒါကြောင့် Kefir စတင်သောက်သုံးတော့မည်ဆိုလျှင်လည်း ခန္ဓာကိုယ်နှင့် ကျင့်သားရအောင်… Read more
-
Water Kefir, Milk Kefir, Kombucha Tea *************************************** ဘယ်အရာကိုရွှေးစားကြ သောက်ကြမလဲ
Water Kefir, Milk Kefir, Kombucha Tea***************************************ဘယ်အရာကိုရွှေးစားကြ သောက်ကြမလဲ**********************************🍹🍹🍹🍹🍹🍹🍹🍹🍹🍹🍹🍹🍹🍹 ကျွန်တော်က ဘာဖြစ်လို့ပါ၊ ကျမကဘာဖြစ်လို့ပါ၊Water Kefir သောက်ရမှာလား၊ Milk Kefirသောက်ရမှာလား၊ Kombucha Tea သောက်ရမှာလားဆိုတဲ့ မေးခွန်းတွေ ခဏခဏ တွေနေရပါတယ်။ ကျနော်အနေနဲ့ အကြံပေးလိုတာကဘာကို သောက်ရမလဲဆိုတာထက် အရင်ဦးဆုံးKefir, Kombucha, ချဉ်ဖတ်တွေဆိုတာဘာတွေ လဲဆိုတာကို အရင်ဆုံးလေ့လာမှတ်သားထားပါ။ Kefir, Kombucha , ချဉ်ဖတ်တွေစပြီးစားသုံးတော့မယ်ဆိုရင်ဘယ်လိုတုန့်ပြန်မူဖြစ်တတ်တယ်၊ ဘာတွေဖြစ်တတ်တယ်၊တုန့်ပြန်မူဖြစ်ခဲ့ရင်ဘယ်လိုလုပ်ရမယ်၊ အရင်စားသုံးဘူးခဲ့သူ Member တွေရဲ့အတွေ့အကြုံအကောင်းအဆိုးတွကဘာတွေရှိခဲ့လဲ၊ ဘာရောဂါတွေ သက်သာကြလဲ၊ဘယ်လိုတုန့်ပြန်မူတွေ တွေ့ခဲ့ကြလဲစသည့်သဖြင့် Kefir, kombucha, ချဉ်ဖတ်တွေဆိုတာဘာလဲ၊Member တွေရဲ့ အတွေ့အကြုံတွေဘယ်လိုရှိလဲ ဆိုတာ သေချာလေ့လာပြီးမှ Kefir, Kombucha, ချဉ်ဖတ်တွေကို ပြုလုပ်စားသုံးကြဖို့ပြင်ဆင်ကြပါ။ သူများကောင်းတယ်ဆိုတိုင်းလည်းလိုက်မလုပ်ကြပါနဲ့ဦး။ တကယ်တန်းကြတော့ Kefir, Kombucha, ချဉ်ဖတ်တွေဆိုတာ… Read more
-
##Water Kefir(ဝါးတာကဖီးယာ)ကို ရဟန်းရှင်လူများ သောက်ပါက သီလပျက်နိုင်ပါသလားဘုရား##
##Water Kefir(ဝါးတာကဖီးယာ)ကိုရဟန်းရှင်လူများ သောက်ပါကသီလပျက်နိုင်ပါသလားဘုရား## Crd:………….ဓမ္မဝိနယ ဆရာတော်… ဒီမေးခွန်းလေး ဘာကြောင့်မေးတယ်ဆိုတာဒီကဦးဇင်း ရိပ်မိပါတယ်။ Water Kefir(W.K)သည် အရက်နံ့ရတာကတစ်ကြောင်း၊ သူရဲ့grainမှာကိုAlcoholအရက်ဓာတ် အနည်းငယ်ပါနေတာကြောင့်သာ ဤမေးခွန်းကို မေးတယ်လို့ ထင်မိပါသည်။ မြန်မာလူမျိုးတို့သည် အများအားဖြင့် ထေရဝါဒဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူများဖြစ်၍ မြတ်စွာဘုရား၏ အဆုံးအမဖြစ်သော ငါးပါးသီလကို ဖြူစင်စွာစောင့်ထိန်းကြပါသည်။ ထိုငါးပါးသီလ၌ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ဆိုသည့် သေရည်အရက်ကိုမူးယစ်သောက်စားခြင်းမှ ရှောင်ကြဉ်ရမည့် သီလလည်း ပါဝင်နေပါသည်။ ရဟန်းသာမဏေများ စောင့်ထိန်းရမည့် ဝိနည်းသီလများ၌လည်း သေရည်အရက်ကိုရှောင်ကြဉ်ရမည်လို့ ပါရှိနေပါသည်။ ထို့ကြောင့် ဘဝ၏ စစ်မှန်သောတန်ဖိုးဖြစ်သောဝိနည်းသီလကို ချစ်မြတ်နိုးသော ရဟန်းရှင်လူတို့သည်သီလသိက္ခာပျက်စီးမှာကို စိုးရိမ်၍ ဤW.Kနှင့်ပက်သက်၍ သောက်သင့်/မသောက်သင့် သံသယဖြစ်နေကြပါတော့သည်။ ထိုသံသယကို ဖြေရှင်ဖို့ရန် အကောင်းဆုံးနည်းလမ်းကတော့ ဗုဒ္ဓ၏ပိဋကတ်စာပေများနှင့် တိုက်ဆိုင်စစ်ဆေးကြည့်ရန်သာ ဖြစ်၏။ မြတ်စွာဘုရားရှင်သည် ကောသမ္ဗီပြည်၌ သီတင်းသုံးတော်မူစဉ်… Read more
-
Water Kefir ပရိုဘိုင်အိုတစ်ရေခဲချောင်;
သားသားတို့အကြိုက်၊မီးမီးတို့အကြိုက် Water Kefir ပရိုဘိုင်အိုတစ်ရေခဲချောင်း…..( ၁) သားသားမီးမီးတို့ကို Water Kefir ပရိုဘိုင်အိုတစ်ဖျော်ရည် တိုက်ရခက်နေလား…ဒါဆို Water Kefir ရေခဲချောင်းလုပ်ပြီး ကျွေးကြည့်ကြရအောင်လေ…Water Kefir ရေခဲချောင်းကို မိမိတို့ကြိုက်နှစ်သက်နိုင်တဲ့နည်းမျီုးစုံနဲ့လုပ်စားနိုင်ပါတယ်…Water Kefir ရေခဲချောင်းလုပ်နည်းမျိုးစုံထဲက တစ်ချို့ကိုဖော်ပြပေးလိုက်ပါတယ်….. ၁. မိမိတို့ကြိုက်နှစ်သက်သည့် အသီးတချို့ကို အစိတ်လေးတွေဖြစ်အောင်စိတ်ထားပါ။(ဥပမာ..ဖရဲသီး၊ စတော်ဘယ်ရီသီး၊ လိမ်မော်သီး၊သရက်သီး…….) ၂. စိတ်ထားသောအသီးလေးတွေကို ပုံစံခွက်ထဲထည့်ပါ။ ၃. အသီးစိတ်လေးတွေထည့်ထားသောပုံစံခွက်ထဲသို့ Water Kefir ရေလောင်းထည့်ပါ။ ၄. ရေခဲသေတ္တာထဲသို့ထည့်၍ ခဲအောင်ထားပြီးနောက်စားသုံးနိုင်ပါပြီ။ အထက်ပါနည်းအတိုင်းအသီးစိတ်မထည့်ချင်ရင်လည်း ဖျော်စက်ထဲသို့ အသီးစိတ်များနှင့် Water Kefir ကိုရောပြီးဖျော်၍ ရေခဲချောင်းပုံစံခွက်ထဲသို့ထည့်ပြီး အေးခဲထားနိုင်ပါသည်။Credit water kefir / milk kefir grains sharing group ( wkg/mkg… Read more
-
Water Kefir တွင်ပါဝင်သော အကျိုးပြုဘက် တီးရီးယားများအကြောင်း
Water Kefir တွင်ပါဝင်သော အကျိုးပြုဘက်တီးရီးယားများအကြောင်း……….( ၁ ) Water Kefir တွင်ပါဝင်သောအကျိုးပြုဘက်တီးရီးယား များအကြောင်းမပြောခင် ပထဆုံး ဌာနေဘက်တီးရီးယား ( Residents bacteria) နှင့် ခေတ္တနေဘက်တီးရီးယား(Non-resident bacteria) အကြောင်းကိုအရင်သိထားသင့်ပါသည်။ဌာနေဘက်တီးရီးယား( Resident bacteria ) ဆိုသည်မှာအူနံရံတစ်လျှောက်တွင် နေရာယူရှင်သန်နိုင်စွမ်းရှိသည့် ဘက်တီးရီးယားပိုးများဖြစ်ပါသည်။ယင်းဘက်တီးရီးယားပိုးများသည် ခန္ဓာကိုယ်တွင်း၌ ကြာရှည်စွာနေထိုင်နိုင်ပြီး အူနံရံတလျှောက်ရှိ ရောဂါပိုးများကို တိုက်ထုတ်ပေးရုံသာမက ရောဂါဖြစ်စေနိုင်သည့် ပိုးမွှားများရှင်သန်ကြီးထွားမူကိုလည်း ဟန့်တားပေးပါသည်။ခေတ္တနေဘက်တီးရီးယား ( Non-resident bacteria) ဆိုသည်မှာ အူထဲ၌နေရာယူနိုင်စွမ်းမရှိ၊အတည်တကျနေထိုင်နိုင်ခြင်းလည်းမရှိသည့် ဘက်တီးရီးယားပိုးများဖြစ်ပါသည်။ ယင်းဘက်တီးရီးယားပိုးတို့သည်အူလမ်းကြောင်းတစ်လျှောက် ဖြတ်သန်းသွားလာရင်းဖြင့် ခန္ဓာကိုယ်အတွက်အကျိုးပြုလုပ်ငန်းများစွာကိုလုပ်ဆောင်ပေးပါသည်။ အဆိုပါဘက်တီးရီးယားများသည် ခန္ဓာကိုယ်တွင်း၌ ကြာရှည်စွာနေထိုင်နိုင်ခြင်းမရှိပါ။ Water Kefir တွင်လက်တိုဘေ့စီလပ်( Lactobacillus) ,စထက်တိုကော့ကပ်စ် (Streptococcus), ပီဒီအိုကော့ကပ်စ် (Pediococcus),လူကိုနိုစတော့( Leuconostoc) စသည့်လူကိုအကျီုးပြုသည့်ဘက်တီးရီးယားမျိုးစိတ်များနှင့်… Read more
-
Water Kefir တွင် Alcohol (အရက်ဓာက်)ပါဝင် ♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡ မူနုန်းနည်းအောင် ပြုလုပ်နည်းများ။
Water Kefir တွင် Alcohol (အရက်ဓာက်)ပါဝင်♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡မူနုန်းနည်းအောင် ပြုလုပ်နည်းများ။♡♡♡♡♡♡♡♡♡♡♡♡♡♡ Water Kefir အချဉ်ဖောက်ခြင်းပြုလုပ်ရာတွင် သကြားအသုံးပြုခြင်းဟာမရှိမဖြစ်လိုအပ်သောအရာတခုဖြစ်ပါသည်။ သန့်စင်ချက်လုပ်ထားသောသကြားဖြစ်ဖြစ်၊ ပြန်လည်မသန့်စင်ထားသောသကြားဖြစ်ဖြစ် ၎င်းတို့တွင်တဆေး(Yeast)များကြိုက်နှစ်သက်သော ကလူးကို့စ်( Glucose )များ များစွာပါဝင်ပြီး ၎င်း ကလူးကို့စ် ( Glucose)များစွာကို Kefir Grains လေးများမှစားသောက်ကာ Ethanol (alcohol) နှင့် Carbon Dioxide( CO2)တို့ကိုပြောင်းလဲထုတ်လုပ်ပေးပါသည်။သို့ဖြစ်ပါသောကြောင် သကြားလျော့ထည့်မယ်ဆိုလျှင် အရက် ( Alcohol)ဓာက်ပါဝင်မူနည်းသွားပါမည်။ ဘယ်လိုပဲဖြစ်ဖြစ်ရောစပ်ရမည့်အချိုးအစားကတော့ ၁:၁:၁ ( WKG ထမင်းစားဇွန်း၁ ဇွန်း၊ သကြားထမင်းစားဇွန်း၁ ဇွန်း၊ ရေ၁ ခွက်(250 ml)ဖြစ်ပါသည်၊ထိုသို့ အချိုးအစားမှန်မှသာ WKGလေးတွေရဲ့ကျန်းမာရေးကို ညီညွတ်စေမှာဖြစ်ပါသည်။ 1F ပထမအဆင့်တွင်လေထဲသို့အောက်ဆီဂျင်ဓာက်များပိုမိုအလွယ်တကူရောက်ရှိစေရန် အဖုံးကိုတင်းကျပ်စွာမပိတ်ပဲ အဝတ်စသန့်သန့်ဖြင့်သရေကွင်းစီး၍ပိတ်ခြင်းသည် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာက်နှင့် အယ်ကိုဟောဓာက်များ လျော့နည်းသွားစေရန်အတွက်ဖြစ်ပါတယ်၊1F… Read more
-
Kefir Grains များကျန်းမာရေးအခြေအနေ ကိုဘယ်လိုသိနိုင်သလဲ…… 👉Kefir Grains ( ကီဖာဂိမ်းအခြောက်) နှင့် Fresh/ Live Kefir Grains ( ကီဖာဂိမ်းအစို) ဘာတွေကွာခြားလဲ။ 👉Kefir Grains အရွယ်အစားတွေဘယ်လိုရှိလဲ
Kefir Grains များကျန်းမာရေးအခြေအနေကိုဘယ်လိုသိနိုင်သလဲ……👉Kefir Grains ( ကီဖာဂိမ်းအခြောက်) နှင့် Fresh/ Live Kefir Grains ( ကီဖာဂိမ်းအစို) ဘာတွေကွာခြားလဲ။👉Kefir Grains အရွယ်အစားတွေဘယ်လိုရှိလဲ💎💎💎💎💎💎💎💎💎💎💎💎💎💎💎 Kefir Grains များကျန်းမာရေးအခြေအနေကိုဘယ်လိုသိနိုင်သလဲ…… Kefir Grains တွေဟာအများအားဖြင့်ရာသီဥတုဒဏ်၊ထိခိုက်မူဒဏ်စသည်တို့ကိုကြံ့ကြံ့ခံနိုင်ပြီး သူတို့၏ကျန်းမာရေးကောင်းမွန်အောင်တချိန်လုံး ပြုပြင်နေထိုင်နိုင်ကြပါသည်။ Kefir Grains တွေဟာသကြားရေကိုစားပြီး Kefir ရေ အဖြစ်ပြောင်းလဲပေးနေသမျှကာလပတ်လုံး သူတို့ကို ကျန်းမာနေသည်ဟုသတ်မှတ်လို့ရပါတယ်။ ရာသီဥတု အကူးအပြောင်းကာလ ( သို့မဟုတ်) Kefir Grains များ စိတ်ဖိစီးမူ ( Stress) အချိန် ၌သူတိုဟာအရွယ်အစားပြောင်းလဲတတ်ပြီး၊ အနည်းငယ် နံတတ်ပါသည်။ ထိုအချိန်မျိုးများ၌ အရွယ်အစားကြီးခြင်း၊သေးခြင်းများဖြစ်တတ်ပြီးတဆေး ( Yeast) ပိုမိုများပြားလာတတ်ပါသည်။Kefir Grains များဟာပတ်ဝန်းကျင်ရာသီဥတုနှင့်လိုက်လျောညီထွေစွာ ဆောင်းရာသီ၊နွေရာသီ ဟုမခွဲခြားပဲအမြဲအလုပ်လုပ်နိုင်ကြပါတယ်။ဒါဟာပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေစွာနေထိုင်နိုင်သည့်… Read more
-
Water Kefir ကိုဘာကြောင့်သောက်သင့်လဲ………… Water Kefir ကိုဘယ်လောက်သောက်သင့်လဲ……….. Water Kefir Grains လေးတွေအလုပ်လုပ်တယ်၊ မလုပ်ဘူးဆိုတာဘယ်လိုသိနိုင်လဲ………… Water Kefir Grains လေးတွေကိုဘယ်အချိန်မှာအနားပေးသင့်လဲ…. ပြုလုပ်ပြီး Water Kefir ကို ဘယ်လောက်ကြာကြာ သိမ်းထားနိုင်လဲ၊ ဘယ်နှစ်ရက်အထားခံလဲ…….
Water Kefir ကိုဘာကြောင့်သောက်သင့်လဲ…………Water Kefir ကိုဘယ်လောက်သောက်သင့်လဲ………..Water Kefir Grains လေးတွေအလုပ်လုပ်တယ်၊မလုပ်ဘူးဆိုတာဘယ်လိုသိနိုင်လဲ…………Water Kefir Grains လေးတွေကိုဘယ်အချိန်မှာအနားပေးသင့်လဲ….ပြုလုပ်ပြီး Water Kefir ကို ဘယ်လောက်ကြာကြာသိမ်းထားနိုင်လဲ၊ ဘယ်နှစ်ရက်အထားခံလဲ…….💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎 Water Kefir ကိုဘာကြောင့်သောက်သင့်သလဲ… ယေဘုယျအားဖြင့် Water Kefir သည်ကျန်းမာရေးအတွက်လူတိုင်းနှင့် သင့်တော်သော၊အန္တရာယ်ကင်းသော Probiotic အစားထိုးဖျော်ရည် နှင့်အချိုရည်အစားထိုးသောက်သုံးနိုင်သော အချဉ်ဖောက်ထားသည့်ဖျော်ရည်တစ်မျိုးဖြစ်ပါသည်။ Water Kefir တွင် အကျိုးပြုဘက်တီးရီးယားများနှင့် အကျိုးပြုတဆေး ( မှိုပိုး) များမြောက်များစွာပါဝင်ပြီး ဗီတာမင်ဓာတ်( vitamins )များ၊သတ္ထုဓာက်များ ( minerals)၊ အမိုင်နိုအက်ဆစ်(amino acids) နှင့် အင်ဇိုင်းများ ( enzymes)အများအပြားပါဝင်ပါသည်။ Water Kefir သည် Probiotic အရင်းအမြစ်များဖြစ်ခြင်း၊ Vitamin အရင်းအမြစ်များဖြစ်ခြင်း၊Antibiotic နှင့်… Read more
-
Water Kefir အမေးများသောမေးခွန်းများ…..
Water Kefir အမေးများသောမေးခွန်းများ….. မေးး Water Kefir Grain လေးတွေမလှုပ်ဘူး၊ငြိမ်နေတာပဲ၊သေများသွားပြီးလား၊အလုပ်ကောလုပ်ရဲ့လား.. ဖြေး Water Kefir Grains လေးတွေဟာပုံမှန်အားဖြင့် အောက်ခြေမှာပဲမြုပ်နေကြပြီး၊ အလုပ်လုပ်ကြပါတယ်၊ သူတို့ကြိုက်တဲ့အပူချိန်၊ရေ၊သကြားတို့နှင့်တွေ့တဲ့အခါ အပေါ်တက်လိုက်အောက်ဆင်းလိုက်လုပ်တတ်ကြပါသည်။ မေးး Water Kefir Grains လေးတွေအလုပ်လုပ်နေကြောင်းမည်သို့သိရှိနိုင်မည်နည်း။ ဖြေး Water Kefir စိမ်ထားသည့်ဖန်ပုလင်းကိုဓာက်မီးနှင့်ထိုးကြည့်သောအခါ ဖန်ဘူးအတွင်းပလုံစီထနေသောလေပူစိဖောင်းများတွေ့ရခြင်း(ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်ပေးနေခြင်း)၊ မူလသကြားရေအရောင်သည်ဖျော့သောအရောင်သို့ပြောင်းလဲလာခြင်း၊မူလသကြားရေအချိုဓာတ်လျော့နည်းလာခြင်းတို့သည် Water KefirGrains လေးများအလုပ်လုပ်နေခြင်းကြောင့်ဖြစ်ပါသည်။ မေးး စစ်ထားပြီး၊သောက်သုံးရန်အသင့်ဖြစ်နေသော Water Kefir ကိုဘယ်နှစ်ရက်ထိထားလို့ရမလဲ… ဖြေး ၁. အခန်းတွင်းအပူချိန် (68° to 78°F)ဆိုလျင်၃ရက် မှ ၄ရက်ထိ ၂. ရေခဲသေတ္တာ (40° to 45°F)… Read more
-
#WaterKefirကိုအနံအရသာပိုမိုကောင်းမွန် #အောင်ပြုလုပ်ခြင်း ( သို့ ) #ဒုတိယအဆင့် #အချဉ်ဖောက်ခြင်းပြုလုပ်နည်းများ ( သို့) #ဆေးဖက်ဝင်အပင်ဆေးမြစ်သစ်ခေါက်များ #နှင့်ရောစပ်ဖောက်လုပ်ခြင်း
#WaterKefirကိုအနံအရသာပိုမိုကောင်းမွန်#အောင်ပြုလုပ်ခြင်း ( သို့ ) #ဒုတိယအဆင့် #အချဉ်ဖောက်ခြင်းပြုလုပ်နည်းများ ( သို့)#ဆေးဖက်ဝင်အပင်ဆေးမြစ်သစ်ခေါက်များ#နှင့်ရောစပ်ဖောက်လုပ်ခြင်း ( 2F) Second Fermentation ခုဆို အမျိုးတော်တော်များများ Water Kefirပြုလုပ်နည်း ပထမအဆင့် အချဉ်ဖောက်ခြင်း( 1F ) First Fermentation ကို တော်တော်များများနားလည်သဘောပေါက်လုပ်တတ်သွားကြပြီထင်ပါတယ်။ ပထမအဆင့် အချဉ်ဖောက်ခြင်း ( 1F ) မှာပဲ သောက်သုံးကြလို့၊ တစ်ချို့ရောဂါ တော်တော်များများသက်သာလာကြတာကို ကြားသိရတဲ့အတွက် ကျနော်လည်း ဝမ်းသာပါတယ်။ ဒါပေမဲ့ တစ်ချို့က ပထမအဆင့် အချဉ်ဖောက်ပြီး ရလာတဲ့ ( 1F ) Water Kefir ဟာချဉ်စူးစူးနဲ့ ထန်းရေအနံအရသာလိုမျိုးဖြစ်ခြင်း၊ပန်းသီးရှာလကာရည်လို အနံအရသာဖြစ်ခြင်းတို့ကြောင့် မသောက်ခြင်ကြပါဘူး၊ အဲအတွက်အနံအရသာ ကောင်းပြီးပြီး၊ အာနိသင်ပိုမို ရရှိနိုင်တဲ့ ဒုတိယအဆင့်အချဉ်ဖောက်ခြင်း ( 2F )Second Fermentation… Read more
Follow My Blog
Get new content delivered directly to your inbox.
<meta name="propeller" content="2f8bd4ba82eb9b5b6f7cdfd4d3f358d8">