Kefir ဆိုတာဘာလဲ

Zawgyi

အသံထြက္အားျဖင့္ ကီဖာ, ကပ္စ္ဖီယား ဟုေျပာ
ဆိုၾကပါသည္။ Kefir ဆိုတာလက္ရွိႏိုင္ငံတကာ
တြင္( ၁ ) ပ႐ုိဘိုင္အိုတစ္ ( Probiotic ) အစား
ထိုးသုံးစြဲေနေသာ ( ၂ ) Kifer Soda အေနျဖင့္ 
အခ်ဳိရည္ အစားထိုးသံုးစြဲေနေသာ အခ်ဥ္ေဖာက္
ထားသည့္ အိမ္လုပ္ပရိုဘိုင္အိုတစ္ ေဖ်ာ္ရည္တစ္
မ်ဳိးျဖစ္ပါသည္။

Kefir အမ်ဳိးအစား
*****************

Water Kefir ( WK ) ႏွင့္ Milk Kefir ( MK )
ဆိုၿပီး Kefir အမ်ဳိးအစား ( ၂ ) မ်ဳိးရိွပါသည္။

Water Kefir ( WK ) ဆိုတာဘာလဲ
*******************************

Water Kefir (WK) ဆိုသည္မွာ သၾကားေရ၊
အုန္းစိမ္းေရ၊ သစ္သီးေဖ်ာ္ရည္ တစ္ခုခုကို
Water Kefir Grains ( WKG ) ႏွင့္ေပါင္းစပ္
အခ်ဥ္ေဖာက္ရာမွ ရရိွလာေသာ အခ်ဥ္ေဖာက္
ထားသည့္ေဖ်ာ္ရည္တစ္မ်ဳိးျဖစ္ပါသည္။

Water Kefir Grains ( WKG )ဆိုတာဘာလဲ
***************************************

Water Kefir Grains ( WKG ) ဆိုသည္မွာ မတူ
ကြဲျပားေသာ သက္ရိွအဏုဇီပိုးမ်ဳိးစိတ္ ၂ ခုျဖစ္
သည့္ ဘက္တီးရီးယားႏွင့္ မိုွပိုး( Yeasts) မ်ား
အတူယွဥ္တြဲေနထိုင္ ေမြးျမဴေနၾကသည့္အိမ္သ
ဖြယ္ျဖစ္ၿပီး၊ သူကို ကီဖာအေစ့ ( Kefir Grains )
ဟု သတ္မွတ္ေခၚဆိုၾကပါသည္။ ကီဖာအေစ့
( Kefir Grains ) ဟု သတ္မွတ္ ေခၚဆိုၾကေသာ္
လည္း ဂ်ဳံေစ့၊ စပါးေစ့၊ ပဲေစ့၊ ႏွမ္းေစ့ ကဲ့သို႔ေသာ
အသီးအႏွံအေစ့အဆန္ ( Grains) မ်ားမဟုတ္ၾက
ပါ။

Water Kefir ကိုအခ်ဥ္ေဖာက္လုပ္ရာတြင္ပါဝင္
ေသာ သၾကားေရသည္ ေသာက္သံုးမည့္သူမ်ားအ
တြက္အခ်ဳိရည္အေနျဖင့္ရရွိေအာင္ျပဳလုပ္ထား
ျခင္းမဟုတ္ဘဲ Water Kefir Grains ထဲတြင္ရိွ
ေသာ ဘက္တီးရီးယားမ်ားႏွင့္မိႈပိုး (Yeasts) မ်ား ဆက္လက္ရွင္သန္ေပါက္ပြားလာရန္အတြက္အစာ
အေနျဖင့္ျပဳလုပ္ေပးထားျခင္းျဖစ္ၿပီး၊ ၎
Water Kefir Grains ေလးမ်ားထဲတြင္ ေနထိုင္
ေသာ ဘက္တီးရီးယားမ်ားႏွင့္ မိုွပိုး ( Yeasts ) မ်ားမွ သၾကားေရကိုစားၿပီး ( Probiotic ) ပရိုဘိုင္အုိ
တစ္မ်ား၊ အင္ဇီုင္းမ်ား၊ ဗီတာမင္ မ်ားကို
ထုတ္လုပ္ေပးျခင္းျဖစ္ပါသည္။

Milk Kefir (MK) ဆိုတာဘာလဲ
****************************

Milk Kefir ဆိုသည္မွာ ႏြားႏို႔၊ ဆိတ္ႏို႔၊ အုန္းႏို႔ တစ္
ခုခုကို Milk Kefir Grains ျဖင့္ ေပါင္းစပ္အခ်ဥ္
ေဖာက္ရာမွာရရွိလာသည့္ ဒိန္ခ်ဥ္ကဲ့သို႔ေသာ ႏို႔ကို
အခ်ဥ္ေဖာက္ထားသည့္ အစားအစာတစ္မ်ဳိးျဖစ္
ပါသည္။

Milk Kefir Grains ( MKG )ဆိုတာဘာလဲ
*************************************

Milk Kefir Grains ( MKG ) ဆိုသည္မွာ မတူကြဲ
ျပားေသာ သက္ရိွအဏုဇီပိုးမ်ဳိးစိတ္ ၂ ခုျဖစ္
သည့္ ဘက္တီးရီးယားႏွင့္ မိုွပိုး( Yeasts) မ်ား အတူယွဥ္တြဲေနထိုင္ ေမြးျမဴေနၾကသည့္အိမ္သ
ဖြယ္ျဖစ္ၿပီး၊ သူကို ကီဖာအေစ့ ( Kefir Grains ) ဟု သတ္မွတ္ေခၚဆိုၾကပါသည္။ ကီဖာအေစ့
( Kefir Grains ) ဟု သတ္မွတ္ေခၚဆိုၾကေသာ္
လည္း ဂ်ဳံေစ့၊ စပါးေစ့၊ ပဲေစ့၊ ႏွမ္းေစ့ ကဲ့သို႔ေသာ္ အသီးအႏွံအေစ့အဆန္ ( Grains) မ်ားမဟုတ္ၾက
ပါ။

Milk Kefir ျပဳလုပ္ရာတြင္ ႏြားႏို႔တြင္ပါေသာ
လပ္စ္တို႔သၾကား ( Lactose ) ကို Milk Kefir 
Grains ထဲတြင္ရိွေသာ ဘက္တီးရီးယားမ်ား ႏွင့္
မိုွပိုး ( Yeasts ) မ်ားကစားသံုးၿပီး ( Probiotic ) 
ပရိုဘိုင္အိုတစ္မ်ား၊ အင္ဇီုင္းမ်ား ႏွင့္ ဗီတာမင္
မ်ားကိုထုတ္လုပ္ေပးျခင္းျဖစ္ပါသည္။ Milk Kefir
Grains ေလးမ်ားမွာ ႏို႔တြင္ပါေသာ လပ္စ္တိုသၾကား
( Lactose ) စားၿပီး ပရိုဘိုင္အိုတစ္
ထုတ္ေပးေသာေၾကာင့္ Milk Kefir ကို ႏြားႏို႔ႏွင့္
ဓာတ္မတည့္သူမ်ားပါ နည္းနည္းျခင္းစမ္းသုံး
ၾကည့္ပါက အဆင္ေျပေသာက္သုံးႏိုင္ေၾကာင္း
ေတြ႕ရိွရပါသည္။

မွတ္ခ်က္။ ။ Water Kefir Grains ( WKG )
သည္ သၾကားႏွင့္ သစ္သီးမ်ားတြင္ပါဝင္ေသာ
သၾကားဓာတ္တို႔ကိုသာ စားသုံးႏိုင္ၿပီး ပရိုဘိုင္အို
တစ္ထုတ္ေပးႏိုင္ပါသည္၊ ႏြားႏို႔တြင္ပါေသာ လပ္စ္
တိုသၾကား ( Lactose ) ကို မစားသုံးႏိုင္ပါ။
ထို႔ေၾကာင့္ Water Kefir Grains ( WKG ) ျဖင့္
Milk Kefir မျပဳလုပ္ႏိုင္ပါ။

Unicode

အသံထွက်အားဖြင့် ကီဖာ, ကပ်စ်ဖီယား ဟုပြော
ဆိုကြပါသည်။ Kefir ဆိုတာလက်ရှိနိုင်ငံတကာ
တွင်( ၁ ) ပရိုဘိုင်အိုတစ် ( Probiotic ) အစား
ထိုးသုံးစွဲနေသော ( ၂ ) Kifer Soda အနေဖြင့်
အချိုရည် အစားထိုးသုံးစွဲနေသော အချဉ်ဖောက်
ထားသည့် အိမ်လုပ်ပရိုဘိုင်အိုတစ် ဖျော်ရည်တစ်
မျိုးဖြစ်ပါသည်။

Kefir အမျိုးအစား


Water Kefir ( WK ) နှင့် Milk Kefir ( MK )
ဆိုပြီး Kefir အမျိုးအစား ( ၂ ) မျိုးရှိပါသည်။

Water Kefir ( WK ) ဆိုတာဘာလဲ


Water Kefir (WK) ဆိုသည်မှာ သကြားရေ၊
အုန်းစိမ်းရေ၊ သစ်သီးဖျော်ရည် တစ်ခုခုကို
Water Kefir Grains ( WKG ) နှင့်ပေါင်းစပ်
အချဉ်ဖောက်ရာမှ ရရှိလာသော အချဉ်ဖောက်
ထားသည့်ဖျော်ရည်တစ်မျိုးဖြစ်ပါသည်။

Water Kefir Grains ( WKG )ဆိုတာဘာလဲ


Water Kefir Grains ( WKG ) ဆိုသည်မှာ မတူ
ကွဲပြားသော သက်ရှိအဏုဇီပိုးမျိုးစိတ် ၂ ခုဖြစ်
သည့် ဘက်တီးရီးယားနှင့် မိုှပိုး( Yeasts) များ
အတူယှဉ်တွဲနေထိုင် မွေးမြူနေကြသည့်အိမ်သ
ဖွယ်ဖြစ်ပြီး၊ သူကို ကီဖာအစေ့ ( Kefir Grains )
ဟု သတ်မှတ်ခေါ်ဆိုကြပါသည်။ ကီဖာအစေ့
( Kefir Grains ) ဟု သတ်မှတ် ခေါ်ဆိုကြသော်
လည်း ဂျုံစေ့၊ စပါးစေ့၊ ပဲစေ့၊ နှမ်းစေ့ ကဲ့သို့သော
အသီးအနှံအစေ့အဆန် ( Grains) များမဟုတ်ကြ
ပါ။

Water Kefir ကိုအချဉ်ဖောက်လုပ်ရာတွင်ပါဝင်
သော သကြားရေသည် သောက်သုံးမည့်သူများအ
တွက်အချိုရည်အနေဖြင့်ရရှိအောင်ပြုလုပ်ထား
ခြင်းမဟုတ်ဘဲ Water Kefir Grains ထဲတွင်ရှိ
သော ဘက်တီးရီးယားများနှင့်မှိုပိုး (Yeasts) များ ဆက်လက်ရှင်သန်ပေါက်ပွားလာရန်အတွက်အစာ
အနေဖြင့်ပြုလုပ်ပေးထားခြင်းဖြစ်ပြီး၊ ၎င်း
Water Kefir Grains လေးများထဲတွင် နေထိုင်
သော ဘက်တီးရီးယားများနှင့် မိုှပိုး ( Yeasts ) များမှ သကြားရေကိုစားပြီး ( Probiotic ) ပရိုဘိုင်အို
တစ်များ၊ အင်ဇီုင်းများ၊ ဗီတာမင် များကို
ထုတ်လုပ်ပေးခြင်းဖြစ်ပါသည်။

Milk Kefir (MK) ဆိုတာဘာလဲ


Milk Kefir ဆိုသည်မှာ နွားနို့၊ ဆိတ်နို့၊ အုန်းနို့ တစ်
ခုခုကို Milk Kefir Grains ဖြင့် ပေါင်းစပ်အချဉ်
ဖောက်ရာမှာရရှိလာသည့် ဒိန်ချဉ်ကဲ့သို့သော နို့ကို
အချဉ်ဖောက်ထားသည့် အစားအစာတစ်မျိုးဖြစ်
ပါသည်။

Milk Kefir Grains ( MKG )ဆိုတာဘာလဲ


Milk Kefir Grains ( MKG ) ဆိုသည်မှာ မတူကွဲ
ပြားသော သက်ရှိအဏုဇီပိုးမျိုးစိတ် ၂ ခုဖြစ်
သည့် ဘက်တီးရီးယားနှင့် မိုှပိုး( Yeasts) များ အတူယှဉ်တွဲနေထိုင် မွေးမြူနေကြသည့်အိမ်သ
ဖွယ်ဖြစ်ပြီး၊ သူကို ကီဖာအစေ့ ( Kefir Grains ) ဟု သတ်မှတ်ခေါ်ဆိုကြပါသည်။ ကီဖာအစေ့
( Kefir Grains ) ဟု သတ်မှတ်ခေါ်ဆိုကြသော်
လည်း ဂျုံစေ့၊ စပါးစေ့၊ ပဲစေ့၊ နှမ်းစေ့ ကဲ့သို့သော် အသီးအနှံအစေ့အဆန် ( Grains) များမဟုတ်ကြ
ပါ။

Milk Kefir ပြုလုပ်ရာတွင် နွားနို့တွင်ပါသော
လပ်စ်တို့သကြား ( Lactose ) ကို Milk Kefir
Grains ထဲတွင်ရှိသော ဘက်တီးရီးယားများ နှင့်
မိုှပိုး ( Yeasts ) များကစားသုံးပြီး ( Probiotic )
ပရိုဘိုင်အိုတစ်များ၊ အင်ဇီုင်းများ နှင့် ဗီတာမင်
များကိုထုတ်လုပ်ပေးခြင်းဖြစ်ပါသည်။ Milk Kefir
Grains လေးများမှာ နို့တွင်ပါသော လပ်စ်တိုသကြား
( Lactose ) စားပြီး ပရိုဘိုင်အိုတစ်
ထုတ်ပေးသောကြောင့် Milk Kefir ကို နွားနို့နှင့်
ဓာတ်မတည့်သူများပါ နည်းနည်းခြင်းစမ်းသုံး
ကြည့်ပါက အဆင်ပြေသောက်သုံးနိုင်ကြောင်း
တွေ့ရှိရပါသည်။

မှတ်ချက်။ ။ Water Kefir Grains ( WKG )
သည် သကြားနှင့် သစ်သီးများတွင်ပါဝင်သော
သကြားဓာတ်တို့ကိုသာ စားသုံးနိုင်ပြီး ပရိုဘိုင်အို
တစ်ထုတ်ပေးနိုင်ပါသည်၊ နွားနို့တွင်ပါသော လပ်စ်
တိုသကြား ( Lactose ) ကို မစားသုံးနိုင်ပါ။
ထို့ကြောင့် Water Kefir Grains ( WKG ) ဖြင့်
Milk Kefir မပြုလုပ်နိုင်ပါ။

Credit @ Ko Aung Zaw Tun

Leave a comment

Design a site like this with WordPress.com
Get started