Milk Kefir ျပဳလုပ္နည္း

ပထမအဆင့္အခ်ဥ္ေဖာက္ျခင္း ( 1F )
********************************

1. Milk Kefir Grains လက္ဘက္ရည္ဇြန္း ၁ ဇြန္း

2. ႏြားႏို႔ ၂၅၀ မီလီလီတာ

Milk Kefir Grains လက္ဘက္ရည္ ဇြန္းတစ္ဇြန္း
စာကို ႏြားႏို႔ ၂၅၀ မီလီမီတာျဖင့္ေရာ၍အဝတ္သန္႔
သန္႔ေလးျဖင့္ပိတ္ၿပီးအခန္းတြင္းအပူခ်ိန္၌ ၈ နာရီ
မွ ၁၂ နာရီအတြင္း ရာသီဥတုအပူခ်ိန္ကိုခ်င့္ခ်ိန္၍
ထားပါ၊ သတ္မွတ္ခ်ိန္နာရီျပည့္ေသာအခါပလပ္စ
တစ္ဇကာ၊ ပလပ္စတစ္ဇြန္းအသံုးျပဳ၍အျခားဖန္
ဗူးထည့္သို႔စစ္၍ထည့္ပါ၊ စစ္၍က်န္ရွိေနေသာ
Milk Kefir Grains ေလးမ်ားကို ပထဦးဆုံးျပဳ
လုပ္သကဲ့သို႔ေနာက္တႀကီမ္အစမွျပန္လည္ျပဳလုပ္
ႏိုင္ပါသည္။ ( 1F ) ပထမအဆင့္၌ပင္ေသာက္သုံး
ႏိုင္ပါသည္။

ဒုတိယအဆင့္အခ်ဥ္ေဖာက္ျခင္း ( 2F )
**********************************

ပထမအဆင့္အခ်ဥ္ေဖာက္ျခင္း ( 1F )မွရရွိလာ
ေသာ Milk Kefir ေရမ်ားကို အဖံုးျဖင့္ပိတ္ၿပီး
အခန္းတြင္းအပူခ်ိန္၌ေနာက္ထပ္ ၂ နာရီ ( သို႔ ) ၃ နာရီအထိထားပါ။ သတ္မွတ္ခ်ိန္ျပည့္ပါက စတင္
ေသာင္သုံးႏိုင္ပါသည္ ( သို႔ ) ေရခဲေသတၱာအတြင္း
ထည့္သိမ္းႏိုသ္ပါသည္။

Milk Kefir ျပဳလုပ္ေအာင္ျမင္ေၾကာင္းမည္ကဲ့သို႔
*****************************************
သိရိွႏိုင္မည္နည္း
**************

Milk Kefir ျပဳလုပ္ေအာင္ျမင္ေၾကာင္းေအာက္ပါ
အခ်က္မ်ားကိုၾကည့္ျခင္းျဖင့္သိရိွႏိုင္ပါသည္။

၁. Milk Kefir သည္ ႏြားႏို႔ထက္ပိုထူၿပီး၊ အရည္
ပ်စ္ပ်စ္ျဖစ္ေနပါမည္။ အနံမွာခ်ဥ္စူးစူးေလး ( သို႔
မဟုတ္ ) တေဆးအနံကဲ့သို႔ျဖစ္ပါသည္။ မ်က္နာ
ျပင္သည္ ေခ်ာေမြ႕ညီညြတ္ေနၿပီး အတုံးအဖတ္
ေလးမ်ားအနည္းငယ္ကိုေတြ႕ႏိုင္ပါသည္။ ေလပူ
ေဖာင္းအနည္းငယ္ ( သို႔မဟုတ္ ) အလြန္ေသးငယ္
ေသာေလအိတ္ေလးမ်ားလည္းေတြ႕ျမင္ေကာင္း
ေတြ႕ျမင္ႏိုင္ပါသည္ ( ေတြ႕ရမည္ဟုမဆိုလို )။
Milk Kefir စိမ္ထားေသာ ဖန္ဗူးကိုလွည့္ၾကည့္ပါ
က ( သို႔မဟုတ္ ) အနည္းငယ္လုွပ္ၾကည့္ပါက ခဲေနသည့္ပုံသ႑န္ေတြ႕ရပါမည္။ ( ပုံ ၁, ၂, ၃ )

၂. Milk Kefir အခ်ဥ္မေဖာက္ပါက ႏြားႏို႔ကဲ့သို႔အ
ရည္က်ဲေတာက္ေတာက္ျဖစ္ေနမည္ျဖစ္ၿပီး၊ အနံ
မွာ ႏြားႏို႔ကဲ့သို႔ ခ်ဳိေသာအနံျဖစ္ေနပါမည္။

၃. Milk Kefir အခ်ဥ္ေဖာက္ခ်ိန္လြန္သြားပါက
(Over Fermented)ေရကဲ့သို႔ေသာဒိန္ရည္ၾကည္
( Whey ) မ်ားကို ဖန္ဗူးေအာက္ေျခ၌ေတြ႕ရမည္
ျဖစ္ၿပီး၊ ဒိန္ရည္ၾကည္ ( Whey) တစ္ထပ္ ဒိန္ဖတ္
တစ္ထပ္၊ အထပ္ ၂ထပ္ကြဲေနသည္ကိုေတြ႕ျမင္ရ
ပါမည္။ အနံမွာ အလြန္ျပင္းေသာခ်ဥ္နံျဖစ္ေသာ္
လည္းေသာက္သုံးႏိုင္ပါသည္။ ( ပုံ ၄, ၅ )

အျမဲတမ္းခဏခဏ Milk Kefir အခ်ဥ္ေဖာက္ခ်ိန္
လြန္ေနပါက Milk Kefir Grains ေလးမ်ား၏ က်န္းမာေရးကိုထိခိုက္ႏိုင္ပါသည္။

ျပဳလုပ္ၿပီး Milk Kefir ကို ဘယ္ေလာက္ၾကာၾကာ
******************************************
သိမ္းထားႏိုင္လဲ
**************

👉 အခန္းတြင္းအပူခ်ိန္ ( 68°F မွ 78°F ထိ)
ကို ၁ရက္ မွ ၂ရက္အထိ

👉 ေရခဲေသတၱာအပူခ်ိန္ ( 40°F မွ 45°F ထိ)
၂ပတ္ မွ ၃ ပတ္ အထိ ( ရိုးရိုးအေအးခန္း)

👉 ေရခဲေသတၱာအပူခ်ိန္ ( 0°F မွ 25°F ထိ)
၂ လ အထက္ထိ ( ေအးခဲခန္းထဲ)

ေရခဲေသတၱာအတြင္း သိမ္းရန္တာအၾကံျပဳအပ္ပါ
သည္။

Unicode

ပထမအဆင့်အချဉ်ဖောက်ခြင်း ( 1F )


  1. Milk Kefir Grains လက်ဘက်ရည်ဇွန်း ၁ ဇွန်း
  2. နွားနို့ ၂၅၀ မီလီလီတာ

Milk Kefir Grains လက်ဘက်ရည် ဇွန်းတစ်ဇွန်း
စာကို နွားနို့ ၂၅၀ မီလီမီတာဖြင့်ရော၍အဝတ်သန့်
သန့်လေးဖြင့်ပိတ်ပြီးအခန်းတွင်းအပူချိန်၌ ၈ နာရီ
မှ ၁၂ နာရီအတွင်း ရာသီဥတုအပူချိန်ကိုချင့်ချိန်၍
ထားပါ၊ သတ်မှတ်ချိန်နာရီပြည့်သောအခါပလပ်စ
တစ်ဇကာ၊ ပလပ်စတစ်ဇွန်းအသုံးပြု၍အခြားဖန်
ဗူးထည့်သို့စစ်၍ထည့်ပါ၊ စစ်၍ကျန်ရှိနေသော
Milk Kefir Grains လေးများကို ပထဦးဆုံးပြု
လုပ်သကဲ့သို့နောက်တကြီမ်အစမှပြန်လည်ပြုလုပ်
နိုင်ပါသည်။ ( 1F ) ပထမအဆင့်၌ပင်သောက်သုံး
နိုင်ပါသည်။

ဒုတိယအဆင့်အချဉ်ဖောက်ခြင်း ( 2F )


ပထမအဆင့်အချဉ်ဖောက်ခြင်း ( 1F )မှရရှိလာ
သော Milk Kefir ရေများကို အဖုံးဖြင့်ပိတ်ပြီး
အခန်းတွင်းအပူချိန်၌နောက်ထပ် ၂ နာရီ ( သို့ ) ၃ နာရီအထိထားပါ။ သတ်မှတ်ချိန်ပြည့်ပါက စတင်
သောင်သုံးနိုင်ပါသည် ( သို့ ) ရေခဲသေတ္တာအတွင်း
ထည့်သိမ်းနိုသ်ပါသည်။

Milk Kefir ပြုလုပ်အောင်မြင်ကြောင်းမည်ကဲ့သို့


သိရှိနိုင်မည်နည်း


Milk Kefir ပြုလုပ်အောင်မြင်ကြောင်းအောက်ပါ
အချက်များကိုကြည့်ခြင်းဖြင့်သိရှိနိုင်ပါသည်။

၁. Milk Kefir သည် နွားနို့ထက်ပိုထူပြီး၊ အရည်
ပျစ်ပျစ်ဖြစ်နေပါမည်။ အနံမှာချဉ်စူးစူးလေး ( သို့
မဟုတ် ) တဆေးအနံကဲ့သို့ဖြစ်ပါသည်။ မျက်နာ
ပြင်သည် ချောမွေ့ညီညွတ်နေပြီး အတုံးအဖတ်
လေးများအနည်းငယ်ကိုတွေ့နိုင်ပါသည်။ လေပူ
ဖောင်းအနည်းငယ် ( သို့မဟုတ် ) အလွန်သေးငယ်
သောလေအိတ်လေးများလည်းတွေ့မြင်ကောင်း
တွေ့မြင်နိုင်ပါသည် ( တွေ့ရမည်ဟုမဆိုလို )။
Milk Kefir စိမ်ထားသော ဖန်ဗူးကိုလှည့်ကြည့်ပါ
က ( သို့မဟုတ် ) အနည်းငယ်လုှပ်ကြည့်ပါက ခဲနေသည့်ပုံသဏ္ဍန်တွေ့ရပါမည်။ ( ပုံ ၁, ၂, ၃ )

၂. Milk Kefir အချဉ်မဖောက်ပါက နွားနို့ကဲ့သို့အ
ရည်ကျဲတောက်တောက်ဖြစ်နေမည်ဖြစ်ပြီး၊ အနံ
မှာ နွားနို့ကဲ့သို့ ချိုသောအနံဖြစ်နေပါမည်။

၃. Milk Kefir အချဉ်ဖောက်ချိန်လွန်သွားပါက
(Over Fermented)ရေကဲ့သို့သောဒိန်ရည်ကြည်
( Whey ) များကို ဖန်ဗူးအောက်ခြေ၌တွေ့ရမည်
ဖြစ်ပြီး၊ ဒိန်ရည်ကြည် ( Whey) တစ်ထပ် ဒိန်ဖတ်
တစ်ထပ်၊ အထပ် ၂ထပ်ကွဲနေသည်ကိုတွေ့မြင်ရ
ပါမည်။ အနံမှာ အလွန်ပြင်းသောချဉ်နံဖြစ်သော်
လည်းသောက်သုံးနိုင်ပါသည်။ ( ပုံ ၄, ၅ )

အမြဲတမ်းခဏခဏ Milk Kefir အချဉ်ဖောက်ချိန်
လွန်နေပါက Milk Kefir Grains လေးများ၏ ကျန်းမာရေးကိုထိခိုက်နိုင်ပါသည်။

ပြုလုပ်ပြီး Milk Kefir ကို ဘယ်လောက်ကြာကြာ


သိမ်းထားနိုင်လဲ


👉 အခန်းတွင်းအပူချိန် ( 68°F မှ 78°F ထိ)
ကို ၁ရက် မှ ၂ရက်အထိ

👉 ရေခဲသေတ္တာအပူချိန် ( 40°F မှ 45°F ထိ)
၂ပတ် မှ ၃ ပတ် အထိ ( ရိုးရိုးအအေးခန်း)

👉 ရေခဲသေတ္တာအပူချိန် ( 0°F မှ 25°F ထိ)
၂ လ အထက်ထိ ( အေးခဲခန်းထဲ)

ရေခဲသေတ္တာအတွင်း သိမ်းရန်တာအကြံပြုအပ်ပါ
သည်။

Leave a comment

Design a site like this with WordPress.com
Get started