Crid…
Dr.Phyo Maung
DR. Phyo Maung Maung
စာေရးသူ ႏုစဥ္က ေရးခဲ့တာ ျပန္ေတြ႕လို႔ တင္လိုက္တာ။
Probiotcs ဆိုတာဘာလဲ။ ?
ေမြးထဲက ပါလာတဲ့ ကိုယ္ခႏၶာရဲ႕ မျမင္ရတဲ့ ေရာဂါကာကြယ္တဲ့ တပ္သားေတြပါ။
တပ္မေတာ္မွာ အဓိက တပ္ခြဲျကီးႏွစ္ခုပါပါတယ္။
တပ္ခြဲႀကီးႏွစ္ခုက L လို႔ အတိုေခါက္ေခၚတဲ့ lactobacillus တပ္မနဲ႔ B လို႔အတိုေခၚတဲ့ bifidobacterium တပ္မပါ။အရန္ အင္အားအေနနဲ႔ Streptococcus တပ္ခြဲပါပါမည္။
L တပ္မကို လူေတြရဲ႕ အူလမ္းေၾကာင္း၊ဆီးလမ္းေၾကာင္း၊မ်ိဳးပြားအဂၤါလမ္းေၾကာင္းေတြမွာေနထိုင္သည္ သူဟာ ႏို႔ထဲမွာပါတဲ့ lactose ဆိုတဲ့သၾကားကို ၿဖိဳခြဲပီး lactic acid ေျပာင္းေပးတဲ့ lactase enzyme ကိုထုတ္ေပးၿပီး ဝင္ေရာက္လာတဲ့ ေရာဂါပိုးေတြကို တိုက္ခိုက္ၿပီး ကိုယ္ခႏၶာကိုယ္အကာကြယ္ေပးပါသည္။L တပ္မဟာ ေရာင္ရမ္းတာကို ကာကြယ္ျခင္းနဲ႔ ကင္ဆာကာကြယ္ျခင္းေတြအတြက္အေရးပါပါသည္။
L တပ္မမွာ တပ္စိတ္ေလးေတြ အမ်ားႀကီးပါပါတယ္။
ဥပမာ lactobacillus acidophilus သူက အင္အားႀကီးတပ္စိတ္ပါ။အေရးလည္းႀကီးတဲ့ ဇာတ္လိုက္ႀကီးပါ။ေနာက္ပါတာေတြက lactobacillus casei,lactobacillus lactis,lactobacillus paracasei,lactobacillus plantarum,lacobacillus rhamnosus,lactobacillus fermentum,lactobacillus balgaricus,lactobacillus gasserii အစရိွသည္တို႔ျဖစ္ပါသည္။မွတ္ရမွာ မင္းသားက L acidophilusပါ။က်န္တာက အရန္ေတြပါ။
B တပ္မဟာ အစာအိမ္အူလမ္းေၾကာင္း၊မိန္းမရဲ႕ မိန္မဖို၊နဲ့ပါးစပ္တို႔မွာေနပါသည္။သူဟာ lactic acid ထုတ္ၿပီးကာကြယ္တယ္။B complex နဲ႔ vitamin K ကို ထုတ္ေပးသည္။
သူရဲ႕ ေက်ာ္ၾကားတဲ့ တပ္စိပ္ဟာ B lactis ပါ။ေမြးထဲက ပါလာတဲ့ တပ္စိတ္က B bifidum ပါ။B infanti ,B longum နဲ႔ B breve ဆိုတဲ့ တပ္စိတ္ေတြပါပါေသးသည္။
Probiotics မွာပါတဲ့ အျခားအရန္တပ္မေတာ္က streptococcus thermophilus ပါသူက အမ်ိဳးသမီးေတြကို ပို အက်ိဳးျပဳပါသည္။
L တပ္မေကာ၊B တပ္မေကာ၊အရန္တပ္ပါ အဓိက လုပ္တာက အူလမ္းေၾကာင္းေပၚမွာပါ။သူတို႔ဟာ lactic acid ထုတ္ေပးၿပီး မေကာင္းတဲ့ပိုးေတြအူလမ္းေၾကာင္းတစ္ေလ်ွာက္သတ္ပစ္သည္။အူထဲက ေသြးျဖဴဥလုပ္တဲ့ အက်ိတ္ေလးေတြကို ႏိႈးေဆာ္ၿပီး လူရဲ႕ ကိုယ္ခံအစနစ္ကိုတက္ေစသည္။အစာကူေခ်ေပးသလို အစာအဟာရစုပ္ယူျခင္းကို တိုးတက္ေကာင္းမြန္ေစလို႔ အစာမေၾကတာေတြ သက္သာေစသည္။
အစာမေၾကလို႔ အူထဲအစာေဟာင္းေတြ အခ်ဥ္ေဖာက္လို႔ ျဖစ္လာတဲ့ ဓာတ္ေငြ႔ေတြဟာ အေပၚတက္ရင္ ေလပြသည္၊ေအာက္ဆင္းလ်ွင္ေလလည္သည္၊ဝမ္းတြင္းရိွလ်ွင္ ဗိုက္ေအာင့္တတ္သည္။တပ္မႏွစ္ခုဟာ အစာေျခေပးလို႔ သည္ျဖစ္စဥ္ေတြ အဆုံးသတ္သြားပါသည္။သူတို႔ဟာ ေရာင္ရမ္းတာေလ်ာ့ေပးလို႔ အစာလမ္းေၾကာင္းမူမမွန္လႈပ္႐ွားမႈ ေရာဂါ(IBS),ဂ်ဳံမတည့္တဲ့ ေရာဂါ(caeliac disease)၊အူလမ္းေၾကာင္းေရာင္ရမ္းအနာျဖစ္အစာမေၾကေရာဂါ(ulcerative colitis) နဲ႔ leaky gut ေရာဂါေတြ သက္သာေစတာမွတ္ထားပါ။
တစ္ခ်ိဳ႕ တပ္စိတ္ေလးေတြက အပိုထူးျခားတဲ့ အက်ိဳးေလးေတြရိွပါသည္။
Cholesterol က်ေစတာက L casei နဲ႔ B lactis ပါ။
L aciphilus က ဓာတ္မတည့္တာေပ်ာက္သည္။အကင္ထဲပါတဲ့ nitrate ကို ေခ်ဖ်က္ေပးပါသည္။
Probiotics ေသာက္လို႔ ဝက္ျခံေပ်ာက္တယ္ဆိုတာက L fermentum နဲ႔ B bifidum ေၾကာင့္ပါ။
ေနာက္ပိုင္း ေစ်းႀကီးတဲ့ probiotics ေတြမွာ L paracasei ကို ထပ္ထည့္ၾကပါသည္။သူက အသည္းက်န္းမာေရးေကာင္းလို႔ပါ။
အမ်ိဳးသမီးေတြ ဆီးလမ္းေၾကာင္းပိုးဝင္တာေတြ မိနိ္းမကိုယ္ေရာင္ရမ္းတာေတြအတြက္ L gasserii နဲ႔ B breve ပါတာေရြးဝယ္ပါ။
Probiotics ကိုဘယ္လိုေသာက္မလဲ။ ?
ဆယ္ႏွစ္ေက်ာ္ေသာက္ဖူးတဲ့အေတြ႔အၾကဳံအရ ေသာက္တဲ့ အခ်ိန္ေသာက္ပုံေသာက္နည္းေတြေၾကာင့္ အက်ိဳးရပုံအေတာ္ကြာပါသည္။
အစာနဲ႔ေသာက္ေရးပါသည္။
ဘာလို႔လဲ တစ္ခ်ိဳ႕ probiotics brand ေတြက နည္းပညာအားနည္းခ်က္ရိွပါသည္။rapid release တို႔ fast dissolve တို႔ေၾကာင့္ အစာနဲ႔မေသာက္ရင္ အစာအိမ္ထဲက အက္စစ္ေတြေၾကာင့္ ပိုးေတြေသလို႔ အက်ိဳးမရပါ။
အစာနဲ႔ေသာက္ရမည္ဆိုတာ အစာက အစာေခ်ရည္ နဲ႔အစာအိမ္ထဲက အက္စစ္ဟာ အစာေၾကာင့္ ေလ်ာ့နည္းသြားလို႔ အစာအိမ္အက္စစ္ေၾကာင့္ေသတဲ့ ပိုးအေရအတြက္နည္းေအာငိပါ။
တစ္ခ်ို္ု့က အစာမစားခင္ေသာက္ခိုင္းတာက သူ႔တို႔ေသာက္တဲ့တံဆိပ္ဟာ အက္စစ္နဲ႔ ထိၿပီးမွ ပိုးထြက္ေအာင္လုပ္ထားလို္ပါ။အစားမစားခင္ နာရီဝက္ႀကိဳေသာက္ရမွာပါ။
ညအခ်ိန္ေသာက္တာက အက်ိဳးႏွစ္ခုလိုခ်င္လို္ပါ။ညဘက္ အစာအိမ္ထဲက အက္ဆစိအထြကိနည္းလို႔ရယ္ အစာမရိွလို႔ အူလမ္းေၾကာင္းပိုျပဳျပင္ႏိုင္ေအာင္ပါ၊l glutamine နဲ႔တြဲေသာက္သင့္ပါသည္။
ပိုးသတ္ေဆးေသာက္ေနတယ္ probiotics ဘယ္လိုေသာက္မလဲ။ ?
ပိုးသတ္ေဆးက တစ္ရက္တစ္လုံးဆို ပိုးသတ္ေဆး မနက္ေသာက္ရင္ သူကို ညေသာက္ပါ။
မနက္ ၆ ည ၆ ဆို သူကို ေန႔လည္ ၁၂ ေသာက္ပါ။
ပိုးသတ္ေဆး တစ္ေန႔သုံးႀကိမ္ဆို မနက္၆ ေန႔လည္၂ နဲ႔ ည ၁၀ ေသာက္ေလ့ရိွေတာ့ သူကို မနက္ ၁၀ နဲ႔ ည ၆ ေသာက္ႏိုင္တယ္။
ပိုးသတ္ေဆးကို မနက္၆ ေန႔လည္ ၁၂ နဲ႔ ည ၆ နဲ႔ ၁၂ ေသာက္ရင္ သူကို ပိုးသတ္ေဆးေသာက္ၿပီး ၄ နာရီေက်ာ္အခ်ိန္ မနက္ ၁၀ ေန႔လည္၄ နဲ႔ ည၁၀ နာရီေသာက္ပါ။
ဘယ္လို သိမ္းမလဲ။ ?
တစ္ခ်ိဳ႕ေဆးေတြက နည္းပညာပိုင္းအားနည္းလို႔ ဖြင့္ၿပီးရင္ ေရခဲေသတၱာထဲထည့္သိမ္းခိုင္းတယ္၊အျပင္မွာထားရင္ ပိုးေကာင္ေတြေသလို အက်ိဳးမရပါဘူး။
တစ္ခ်ိဳ႕က ကဒ္နဲ႔ လာတယ္ တစ္လုံးခ်င္းေသခ်ာထုတ္ပိုးထားလို႔ ေရခဲေသတၱာတည္းထည့္ဖို႔မေျပာေပမည့္ ထည့္သိမ္းတာ ပိုေကာင္းတယ္။
တစ္ခ်ိဳ႕က ေစ်းလည္းႀကီးတယ္ နည္းပညာလည္း အဆင့္ျမင့္တယ္ ကို David Pai တို႔ေျပာတဲ့ Innovixlab multi strain probiotics လိုမ်ိဳးက်ေတာ့ ဘယ္လိုထားထား ပိုးမေသဘူး ဒိတ္ကုန္တဲ့အထိ တစ္ဝက္ေက်ာ္က်န္တယ္ ေစ်းလည္းေကာင္းပါတယ္။
ကြၽန္ေတာ္ ေသာက္ဖူးတယ္ မေသာက္ႏိုင္လို႔ ေစ်းႀကီးတာလည္း ပါတယ္ floratrex probiotic က ျမန္မာျပည္အတြက္ဆို တစ္လုံးႏွစ္ေထာင္ေလာက္ရိွမည္။သူဆို အေတာ္ေကာင္းတာပါ။သူဆို ဘယ္လိုထားထားရတယ္။
ဘယ္တံဆိပ္ေရြးမလဲ။ ?
ေဆး႐ုံက professor တစ္ေယာက္ေျပာဖူးတယ္ နားက်ပ္ ဘယ္ေလာက္တန္ကိုင္လည္းဆိုတာ အဓိက မဟုတ္ဘူး၊အဓိကက ဘယ္လို စမ္းလဲဆိုတာနဲ႔ ဘယ္ေလာက္ပညာတတ္လဲဆိုတာပါတဲ့။ကြၽန္ေတာ္လည္း ေျပာပါရေစ probiotics က brand ထက္ ေသာက္ပုံေသာက္နည္းအတတ္ပညာတတ္ေျမာက္ရင္အေကာင္းဆုံးပါ။
မတတ္ႏိုင္ရင္ ဒိန္ခ်ဥ္လုပ္စားပါ။ခ်ဥ္ဖတ္တည္စားပါ။
PHYO MAUNG
Unicode
Crid…
Dr.Phyo Maung
DR. Phyo Maung Maung
စာရေးသူ နုစဉ်က ရေးခဲ့တာ ပြန်တွေ့လို့ တင်လိုက်တာ။
Probiotcs ဆိုတာဘာလဲ။ ?
မွေးထဲက ပါလာတဲ့ ကိုယ်ခန္ဓာရဲ့ မမြင်ရတဲ့ ရောဂါကာကွယ်တဲ့ တပ်သားတွေပါ။
တပ်မတော်မှာ အဓိက တပ်ခွဲကြီးနှစ်ခုပါပါတယ်။
တပ်ခွဲကြီးနှစ်ခုက L လို့ အတိုခေါက်ခေါ်တဲ့ lactobacillus တပ်မနဲ့ B လို့အတိုခေါ်တဲ့ bifidobacterium တပ်မပါ။အရန် အင်အားအနေနဲ့ Streptococcus တပ်ခွဲပါပါမည်။
L တပ်မကို လူတွေရဲ့ အူလမ်းကြောင်း၊ဆီးလမ်းကြောင်း၊မျိုးပွားအင်္ဂါလမ်းကြောင်းတွေမှာနေထိုင်သည် သူဟာ နို့ထဲမှာပါတဲ့ lactose ဆိုတဲ့သကြားကို ဖြိုခွဲပီး lactic acid ပြောင်းပေးတဲ့ lactase enzyme ကိုထုတ်ပေးပြီး ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို တိုက်ခိုက်ပြီး ကိုယ်ခန္ဓာကိုယ်အကာကွယ်ပေးပါသည်။L တပ်မဟာ ရောင်ရမ်းတာကို ကာကွယ်ခြင်းနဲ့ ကင်ဆာကာကွယ်ခြင်းတွေအတွက်အရေးပါပါသည်။
L တပ်မမှာ တပ်စိတ်လေးတွေ အများကြီးပါပါတယ်။
ဥပမာ lactobacillus acidophilus သူက အင်အားကြီးတပ်စိတ်ပါ။အရေးလည်းကြီးတဲ့ ဇာတ်လိုက်ကြီးပါ။နောက်ပါတာတွေက lactobacillus casei,lactobacillus lactis,lactobacillus paracasei,lactobacillus plantarum,lacobacillus rhamnosus,lactobacillus fermentum,lactobacillus balgaricus,lactobacillus gasserii အစရှိသည်တို့ဖြစ်ပါသည်။မှတ်ရမှာ မင်းသားက L acidophilusပါ။ကျန်တာက အရန်တွေပါ။
B တပ်မဟာ အစာအိမ်အူလမ်းကြောင်း၊မိန်းမရဲ့ မိန်မဖို၊နဲ့ပါးစပ်တို့မှာနေပါသည်။သူဟာ lactic acid ထုတ်ပြီးကာကွယ်တယ်။B complex နဲ့ vitamin K ကို ထုတ်ပေးသည်။
သူရဲ့ ကျော်ကြားတဲ့ တပ်စိပ်ဟာ B lactis ပါ။မွေးထဲက ပါလာတဲ့ တပ်စိတ်က B bifidum ပါ။B infanti ,B longum နဲ့ B breve ဆိုတဲ့ တပ်စိတ်တွေပါပါသေးသည်။
Probiotics မှာပါတဲ့ အခြားအရန်တပ်မတော်က streptococcus thermophilus ပါသူက အမျိုးသမီးတွေကို ပို အကျိုးပြုပါသည်။
L တပ်မကော၊B တပ်မကော၊အရန်တပ်ပါ အဓိက လုပ်တာက အူလမ်းကြောင်းပေါ်မှာပါ။သူတို့ဟာ lactic acid ထုတ်ပေးပြီး မကောင်းတဲ့ပိုးတွေအူလမ်းကြောင်းတစ်လျှောက်သတ်ပစ်သည်။အူထဲက သွေးဖြူဥလုပ်တဲ့ အကျိတ်လေးတွေကို နှိုးဆော်ပြီး လူရဲ့ ကိုယ်ခံအစနစ်ကိုတက်စေသည်။အစာကူချေပေးသလို အစာအဟာရစုပ်ယူခြင်းကို တိုးတက်ကောင်းမွန်စေလို့ အစာမကြေတာတွေ သက်သာစေသည်။
အစာမကြေလို့ အူထဲအစာဟောင်းတွေ အချဉ်ဖောက်လို့ ဖြစ်လာတဲ့ ဓာတ်ငွေ့တွေဟာ အပေါ်တက်ရင် လေပွသည်၊အောက်ဆင်းလျှင်လေလည်သည်၊ဝမ်းတွင်းရှိလျှင် ဗိုက်အောင့်တတ်သည်။တပ်မနှစ်ခုဟာ အစာခြေပေးလို့ သည်ဖြစ်စဉ်တွေ အဆုံးသတ်သွားပါသည်။သူတို့ဟာ ရောင်ရမ်းတာလျော့ပေးလို့ အစာလမ်းကြောင်းမူမမှန်လှုပ်ရှားမှု ရောဂါ(IBS),ဂျုံမတည့်တဲ့ ရောဂါ(caeliac disease)၊အူလမ်းကြောင်းရောင်ရမ်းအနာဖြစ်အစာမကြေရောဂါ(ulcerative colitis) နဲ့ leaky gut ရောဂါတွေ သက်သာစေတာမှတ်ထားပါ။
တစ်ချို့ တပ်စိတ်လေးတွေက အပိုထူးခြားတဲ့ အကျိုးလေးတွေရှိပါသည်။
Cholesterol ကျစေတာက L casei နဲ့ B lactis ပါ။
L aciphilus က ဓာတ်မတည့်တာပျောက်သည်။အကင်ထဲပါတဲ့ nitrate ကို ချေဖျက်ပေးပါသည်။
Probiotics သောက်လို့ ဝက်ခြံပျောက်တယ်ဆိုတာက L fermentum နဲ့ B bifidum ကြောင့်ပါ။
နောက်ပိုင်း ဈေးကြီးတဲ့ probiotics တွေမှာ L paracasei ကို ထပ်ထည့်ကြပါသည်။သူက အသည်းကျန်းမာရေးကောင်းလို့ပါ။
အမျိုးသမီးတွေ ဆီးလမ်းကြောင်းပိုးဝင်တာတွေ မိနိးမကိုယ်ရောင်ရမ်းတာတွေအတွက် L gasserii နဲ့ B breve ပါတာရွေးဝယ်ပါ။
Probiotics ကိုဘယ်လိုသောက်မလဲ။ ?
ဆယ်နှစ်ကျော်သောက်ဖူးတဲ့အတွေ့အကြုံအရ သောက်တဲ့ အချိန်သောက်ပုံသောက်နည်းတွေကြောင့် အကျိုးရပုံအတော်ကွာပါသည်။
အစာနဲ့သောက်ရေးပါသည်။
ဘာလို့လဲ တစ်ချို့ probiotics brand တွေက နည်းပညာအားနည်းချက်ရှိပါသည်။rapid release တို့ fast dissolve တို့ကြောင့် အစာနဲ့မသောက်ရင် အစာအိမ်ထဲက အက်စစ်တွေကြောင့် ပိုးတွေသေလို့ အကျိုးမရပါ။
အစာနဲ့သောက်ရမည်ဆိုတာ အစာက အစာချေရည် နဲ့အစာအိမ်ထဲက အက်စစ်ဟာ အစာကြောင့် လျော့နည်းသွားလို့ အစာအိမ်အက်စစ်ကြောင့်သေတဲ့ ပိုးအရေအတွက်နည်းအောငိပါ။
တစ်ချိုု့က အစာမစားခင်သောက်ခိုင်းတာက သူ့တို့သောက်တဲ့တံဆိပ်ဟာ အက်စစ်နဲ့ ထိပြီးမှ ပိုးထွက်အောင်လုပ်ထားလိုပါ။အစားမစားခင် နာရီဝက်ကြိုသောက်ရမှာပါ။
ညအချိန်သောက်တာက အကျိုးနှစ်ခုလိုချင်လိုပါ။ညဘက် အစာအိမ်ထဲက အက်ဆစိအထွကိနည်းလို့ရယ် အစာမရှိလို့ အူလမ်းကြောင်းပိုပြုပြင်နိုင်အောင်ပါ၊l glutamine နဲ့တွဲသောက်သင့်ပါသည်။
ပိုးသတ်ဆေးသောက်နေတယ် probiotics ဘယ်လိုသောက်မလဲ။ ?
ပိုးသတ်ဆေးက တစ်ရက်တစ်လုံးဆို ပိုးသတ်ဆေး မနက်သောက်ရင် သူကို ညသောက်ပါ။
မနက် ၆ ည ၆ ဆို သူကို နေ့လည် ၁၂ သောက်ပါ။
ပိုးသတ်ဆေး တစ်နေ့သုံးကြိမ်ဆို မနက်၆ နေ့လည်၂ နဲ့ ည ၁၀ သောက်လေ့ရှိတော့ သူကို မနက် ၁၀ နဲ့ ည ၆ သောက်နိုင်တယ်။
ပိုးသတ်ဆေးကို မနက်၆ နေ့လည် ၁၂ နဲ့ ည ၆ နဲ့ ၁၂ သောက်ရင် သူကို ပိုးသတ်ဆေးသောက်ပြီး ၄ နာရီကျော်အချိန် မနက် ၁၀ နေ့လည်၄ နဲ့ ည၁၀ နာရီသောက်ပါ။
ဘယ်လို သိမ်းမလဲ။ ?
တစ်ချို့ဆေးတွေက နည်းပညာပိုင်းအားနည်းလို့ ဖွင့်ပြီးရင် ရေခဲသေတ္တာထဲထည့်သိမ်းခိုင်းတယ်၊အပြင်မှာထားရင် ပိုးကောင်တွေသေလို အကျိုးမရပါဘူး။
တစ်ချို့က ကဒ်နဲ့ လာတယ် တစ်လုံးချင်းသေချာထုတ်ပိုးထားလို့ ရေခဲသေတ္တာတည်းထည့်ဖို့မပြောပေမည့် ထည့်သိမ်းတာ ပိုကောင်းတယ်။
တစ်ချို့က ဈေးလည်းကြီးတယ် နည်းပညာလည်း အဆင့်မြင့်တယ် ကို David Pai တို့ပြောတဲ့ Innovixlab multi strain probiotics လိုမျိုးကျတော့ ဘယ်လိုထားထား ပိုးမသေဘူး ဒိတ်ကုန်တဲ့အထိ တစ်ဝက်ကျော်ကျန်တယ် ဈေးလည်းကောင်းပါတယ်။
ကျွန်တော် သောက်ဖူးတယ် မသောက်နိုင်လို့ ဈေးကြီးတာလည်း ပါတယ် floratrex probiotic က မြန်မာပြည်အတွက်ဆို တစ်လုံးနှစ်ထောင်လောက်ရှိမည်။သူဆို အတော်ကောင်းတာပါ။သူဆို ဘယ်လိုထားထားရတယ်။
ဘယ်တံဆိပ်ရွေးမလဲ။ ?
ဆေးရုံက professor တစ်ယောက်ပြောဖူးတယ် နားကျပ် ဘယ်လောက်တန်ကိုင်လည်းဆိုတာ အဓိက မဟုတ်ဘူး၊အဓိကက ဘယ်လို စမ်းလဲဆိုတာနဲ့ ဘယ်လောက်ပညာတတ်လဲဆိုတာပါတဲ့။ကျွန်တော်လည်း ပြောပါရစေ probiotics က brand ထက် သောက်ပုံသောက်နည်းအတတ်ပညာတတ်မြောက်ရင်အကောင်းဆုံးပါ။
မတတ်နိုင်ရင် ဒိန်ချဉ်လုပ်စားပါ။ချဉ်ဖတ်တည်စားပါ။
PHYO MAUNG