Water Kefir ျပဳလုပ္နည္း

ပထမဆုံး Water Kefir မျပဳလုပ္ခင္၊ ႏိုင္ငံတ
ကာတြင္သုံးေသာ အတိုေကာက္စာလုံးေလးမ်ား
မွတ္ထားသင့္ပါသည္၊ ေနာက္ပိုင္းအခ်င္းခ်င္း
ေမးျမန္းရာတြင္လည္းပိုမိုလြယ္ကူေစပါသည္။

WK = Water Kefir
WKG = Water Kefir Grains

1F = First Fermentation without fruits
(ပထမအဆင့္အခ်ဥ္ေဖာက္ျခင္း သစ္သီးမပါ)

2F = Second Fermentation with fruits
(ဒုတိယအဆင့္သစ္သီးမ်ားျဖင့္အခ်ဥ္ေဖာက္ျခင္း)

ယခုမွစတင္ျပဳလုပ္မည့္သူမ်ားအတြက္မျပဳ
လုပ္ခင္ႀကိဳတင္စုေဆာင္းရမည့္ပစၥည္းမ်ား
ေအာက္ပါဓာက္ပံုတြင္လည္းၾကည့္ပါ။

၁. အဖံုးပါေသာဖန္ပုလင္း ၂ လံုး
၂. အဝက်ယ္ ၁လီတာခန္႔ဆန္႔မည့္ဖန္ဘူး တစ္လံုး
၃. WKG မ်ားခ်ိန္တြယ္ရန္ ပလပ္စတစ္ ဇြန္း
( ထမင္းစားဇြန္း အရြယ္အစား)
၄. ပလပ္စတစ္ဇကာ
၅. ပလပ္စတစ္ကေတာ့

စတီးဇြန္း သံဇြန္း ပလပ္စတစ္ပုလင္းမ်ား အသံုး
ျပဳျခင္းကိုေရွာင္ရွားသင့္ပါသည္၊ ၎ပစၥည္းမ်ား
သည္ kefir grains မ်ားရွင္သန္ေပါက္ပြားျခင္းကို
ေႏွာင့္ေႏွး/ေသေၾကေစႏိုင္ပါသည္။

Water Kefir ျပဳလုပ္ရာတြင္အဆင့္ ၂ ဆင့္ျဖင့္
အမ်ားဆံုးျပဳလုပ္ၾကၿပီး အခ်ဳိ႕မွာပထမအဆင့္
တြင္ပင္ေသာက္သံုးၾကပါသည္၊ အခ်ဳိ႕မွာ ဒုတိယ
အဆင့္ထိျပဳလုပ္ၿပီးမွေသာက္သံုးၾကပါသည္။

ပထမအဆင့္အခ်ဥ္ေဖာက္ျခင္း 
1F ( First Fermentation)

Water Kefir Grains ထမင္းစားဇြန္းတစ္ဇြန္း၊
သၾကားထမင္းစားဇြန္းတစ္ဇြန္း၊ ေရ ၂၅၀မီလီ
လီတာသည္အေျခခံအခ်ဳိးအစားျဖစ္ပါသည္။
တကယ္လို႔ Water Kefir Grains ၂ ဇြန္းဆိုလ်င္
သၾကားနဲ႔ေရကိုလည္း၂ ဆထပ္တိုးပါ၊ ၃ ဇြန္းဆို
လ်င္ ၃ ဆ ထပ္တိုးပါ။ Water Kefir Grains 
မ်ားေလ သၾကားနဲ႔ေရကိုဆတူထပ္တိုးေလလုပ္
ပါ။ ပထမဆံုး Grains ေလးမ်ားကိုခ်ိန္၍ စိမ့္မည့္
ဖန္ဗူးထဲထည့္ထားပါ၊ၿပီးေနာက္သၾကားကိုေရပူ
အနည္းငယ္ႏွင့္ ေပ်ာ္ေအာင္ေဖ်ာ္ၿပီး၊ သၾကားေရ
ေပ်ာ္ၿပီးဆိုပါက ေရကိုအခ်ဳိးအစားတိုင္းခ်ိန္၍
သၾကားေပ်ာ္ရည္ႏွင့္ေရာၿပီး၊ Grains ေလးမ်ား
ထည့္ထားေသာဖန္ဗူးထဲသို႔ထည့္၍ ဖန္ဗူးအ
ေပါက္ဝကိုအဝတ္စသန္႔သန္႔ေလးျဖင့္ သေရပင္
စည္းၿပီးပိတ္ပါ။

အခ်ဥ္ေဖာက္ၾကာခ်ိန္။ ။ ရာသီဥတုအပူခ်ိန္
71ºF ( 22ºC) မူတည္၍အနည္းဆံုး ၁၆ နာရီမွ
အမ်ားဆံုး ၄၈နာရီထိ ထားရပါမည္။ အလြန္ေအး
သာ အခ်ိန္မ်ား၊ ေဒသမ်ားတြင္အေထာက္အကူ
ပစၥည္းမ်ားမသံုးပါက အနည္းဆံုး ၇၂ နာရီ( ၃ရက္)
ခန္႔မွ ၇ ရက္ခန္႔ထိထားရႏိုင္ပါသည္။

ေနာက္ဆံုးစစ္ရမည့္အခ်ိန္။ ။ သတ္မွတ္ခ်ိန္
၁၆ နာရီ ၄၈ နာရီ စသည့္သတ္မွတ္ခ်ိန္ျပည့္ပါက
စစ္၍ရရိွလာေသာ Water Kefir ရည္ကိုဖန္ပုလင္း
ထဲသို႔ေျပာင္းထည့္၍ေရခဲေသတၱာထဲ၌ ထည့္သိမ္း
ထားႏိုင္ပါသည္။ ဤအဆင့္တြင္ ေသာက္သံုးမည္
ဆိုပါကစတင္ေသာက္သံုးႏိုင္ပါသည္။

အနံအရသာ။ ။ ျပဳလုပ္ၿပီး Water Kefir
1F ၏အနံအရသာမွာ ပါဝင္သည့္သၾကား၊ ျပဳ
လုပ္ခ်ိန္ၾကာျမင့္မူတို႔ေပၚတြင္မူတည္ၿပီးအမ်ဳိး
မ်ဳိးရိွႏိုင္ပါသည္။ ေယဘုယ်အားျဖင့္ အနည္း
ငယ္ခ်ဥ္ေသာ၊မူလသၾကားအရသာထက္ေလ်ာ့
ျပီးခ်ဳိေသာ အရသာရိွၿပီး၊ အနံမွာ ခ်ဥ္စူးစူးအနံ
ျဖစ္ပါသည္။ အမ်ားအားျဖင့္ ဤအဆင့္တြင္ မ
ေသာက္သံုးေသးပဲ အနံအရသာေကာင္းမြန္ေအာင္ 
2F အထိျပဳလုပ္ၿပီးမွေသာက္သံုးၾကပါသည္။

ဒုတိယအဆင့္အခ်ဥ္ေဖာက္ျခင္း 
2F (Second Fermentation)

ဒုတိယအဆင့္ အခ်ဥ္ေဖာက္ျခင္း ( 2F) တြင္
Folic acid ႏွင့္ B vitamin မ်ားျဖစ္ေသာ B1,
B6, B9 ႏွင့္ Probiitic ပါဝင္မူတို႔ ပို္ိုမိုတိုးပြားလာ
ၿပီး၊ သၾကားဓာတ္ပါဝင္မူပိုမိုေလ်ာ့နည္းလာကာ
Carbonation(ဗလုံစီေနေသာအျမဳပ္မ်ားတက္
ျခင္း)ႏွင့္ အရက္ဓာတ္ပါဝင္မူ ပိုမိုလာပါသည္။

အဓိကအားျဖင့္ ဤအဆင့္သည္ အနံအရသာ
ေကာင္းမြန္ေအာင္ျပဳလုပ္ျခင္းျဖစ္ၿပီး၊ (1F )
ပထမအဆင့္တြင္ရရိွထားေသာ Water Kefir
ရည္ကို မိမိတို႔ႀကိဳက္ႏွစ္သက္ေသာ သစ္သီး၊
ပန္းေပါင္းစံု ႏွင့္ ေဆးဖက္ဝင္အရြက္တစ္ခ်ဳိ႕ 
( သို႔မဟုတ္) သစ္သီးေဖ်ာ္ရည္တို႔ကို Water
Kefir ရည္၏ေလးခ်ဳိးတစ္ခ်ဳိး ( သို႔မဟုတ္)
မိမိတို႔ႀကိဳက္ႏွစ္သက္ႏိုင္မည့္ အနံ၊အရသာ
ပမာဏကိုခ်ိန္ထည့္၍ အခန္းတြင္းအပူခ်ိန္၌
၁၂ နာရီ မွ ၄၈ နာရီထိထားပါ။ သတ္မွတ္ခ်ိန္
ျပည့္ပါကစစ္၍ ဖန္ပုလင္းအသစ္သို႔ ေျပာင္းလဲ
ထည့္ၿပီးေရခဲေသတၱာထဲသို႔ထည့္သိမ္းႏိုင္ပါၿပီ။

အနံအရသာ။ ။ 2F အနံအရသာသည္၊ ထည့္
ဝင္သည့္ သစ္သီးမမ်ဳိးအစားႏွင့္ အခ်ဥ္ေဖာက္
ၾကာခ်ိန္တို႔ေပၚတြင္မူတည္ပါသည္။

ျပဳလုပ္ၿပီး Water Kefir ကို သိမ္းဆည္းျခင္း

👉 အခန္းတြင္းအပူခ်ိန္ ( 68°F မွ 78°F ထိ)
ကို ၃ရက္ မွ ၄ရက္အထိ

👉 ေရခဲေသတၱာအပူခ်ိန္ ( 40°F မွ 45°F ထိ)
၂ပတ္ မွ ၃ ပတ္ အထိ ( ရိုးရိုးအေအးခန္း)

👉 ေရခဲေသတၱာအပူခ်ိန္ ( 0°F မွ 25°F ထိ)
၂ လ အထက္ထိ ( ေအးခဲခန္းထဲ)

ေရခဲေသတၱာအတြင္း သိမ္းရန္တာအၾကံျပဳအပ္ပါ
သည္။

မွတ္ခ်က္။ ။ kefir grains မ်ားသည္ သစ္သီးမွ
အခ်ဳိဓာက္ႏွင့္သၾကားဓာက္တို႔ကိုစားျပီး lactic acid, alcohol(ethanol) ႏွင့္ carbon dioxide
တို႔ကိုထုတ္လုပ္ေပးေသာေၾကာင့္ kefir ေရသည္ သဘာဝဂတ္စ္အနည္းငယ္ပါဝင္ေသာ ( Nature
carbonated drink ) ျဖစ္ပါသည္။ ထို႔ေၾကာင့္
ဒုတိယအဆင့္၌ တင္းက်ပ္စြာပိတ္ထားေသာ
ပုလင္းအဖံုးကို မၾကာခဏဖြင့္ေပးၿပီးျပန္ပိတ္သင့္
ပါသည္။ သစ္သီးထည့္စိမ္သည့္အခါ Kefir ေရကို ပုလင္းအျပည့္မျဖစ္ေစရပါ၊ ေလဟာနယ္ခ်န္ထား
ေပးရပါမည္။

Unicode

ပထမဆုံး Water Kefir မပြုလုပ်ခင်၊ နိုင်ငံတ
ကာတွင်သုံးသော အတိုကောက်စာလုံးလေးများ
မှတ်ထားသင့်ပါသည်၊ နောက်ပိုင်းအချင်းချင်း
မေးမြန်းရာတွင်လည်းပိုမိုလွယ်ကူစေပါသည်။

WK = Water Kefir
WKG = Water Kefir Grains

1F = First Fermentation without fruits
(ပထမအဆင့်အချဉ်ဖောက်ခြင်း သစ်သီးမပါ)

2F = Second Fermentation with fruits
(ဒုတိယအဆင့်သစ်သီးများဖြင့်အချဉ်ဖောက်ခြင်း)

ယခုမှစတင်ပြုလုပ်မည့်သူများအတွက်မပြု
လုပ်ခင်ကြိုတင်စုဆောင်းရမည့်ပစ္စည်းများ
အောက်ပါဓာက်ပုံတွင်လည်းကြည့်ပါ။

၁. အဖုံးပါသောဖန်ပုလင်း ၂ လုံး
၂. အဝကျယ် ၁လီတာခန့်ဆန့်မည့်ဖန်ဘူး တစ်လုံး
၃. WKG များချိန်တွယ်ရန် ပလပ်စတစ် ဇွန်း
( ထမင်းစားဇွန်း အရွယ်အစား)
၄. ပလပ်စတစ်ဇကာ
၅. ပလပ်စတစ်ကတော့

စတီးဇွန်း သံဇွန်း ပလပ်စတစ်ပုလင်းများ အသုံး
ပြုခြင်းကိုရှောင်ရှားသင့်ပါသည်၊ ၎င်းပစ္စည်းများ
သည် kefir grains များရှင်သန်ပေါက်ပွားခြင်းကို
နှောင့်နှေး/သေကြေစေနိုင်ပါသည်။

Water Kefir ပြုလုပ်ရာတွင်အဆင့် ၂ ဆင့်ဖြင့်
အများဆုံးပြုလုပ်ကြပြီး အချို့မှာပထမအဆင့်
တွင်ပင်သောက်သုံးကြပါသည်၊ အချို့မှာ ဒုတိယ
အဆင့်ထိပြုလုပ်ပြီးမှသောက်သုံးကြပါသည်။

ပထမအဆင့်အချဉ်ဖောက်ခြင်း
1F ( First Fermentation)

Water Kefir Grains ထမင်းစားဇွန်းတစ်ဇွန်း၊
သကြားထမင်းစားဇွန်းတစ်ဇွန်း၊ ရေ ၂၅၀မီလီ
လီတာသည်အခြေခံအချိုးအစားဖြစ်ပါသည်။
တကယ်လို့ Water Kefir Grains ၂ ဇွန်းဆိုလျင်
သကြားနဲ့ရေကိုလည်း၂ ဆထပ်တိုးပါ၊ ၃ ဇွန်းဆို
လျင် ၃ ဆ ထပ်တိုးပါ။ Water Kefir Grains
များလေ သကြားနဲ့ရေကိုဆတူထပ်တိုးလေလုပ်
ပါ။ ပထမဆုံး Grains လေးများကိုချိန်၍ စိမ့်မည့်
ဖန်ဗူးထဲထည့်ထားပါ၊ပြီးနောက်သကြားကိုရေပူ
အနည်းငယ်နှင့် ပျော်အောင်ဖျော်ပြီး၊ သကြားရေ
ပျော်ပြီးဆိုပါက ရေကိုအချိုးအစားတိုင်းချိန်၍
သကြားပျော်ရည်နှင့်ရောပြီး၊ Grains လေးများ
ထည့်ထားသောဖန်ဗူးထဲသို့ထည့်၍ ဖန်ဗူးအ
ပေါက်ဝကိုအဝတ်စသန့်သန့်လေးဖြင့် သရေပင်
စည်းပြီးပိတ်ပါ။

အချဉ်ဖောက်ကြာချိန်။ ။ ရာသီဥတုအပူချိန်
71ºF ( 22ºC) မူတည်၍အနည်းဆုံး ၁၆ နာရီမှ
အများဆုံး ၄၈နာရီထိ ထားရပါမည်။ အလွန်အေး
သာ အချိန်များ၊ ဒေသများတွင်အထောက်အကူ
ပစ္စည်းများမသုံးပါက အနည်းဆုံး ၇၂ နာရီ( ၃ရက်)
ခန့်မှ ၇ ရက်ခန့်ထိထားရနိုင်ပါသည်။

နောက်ဆုံးစစ်ရမည့်အချိန်။ ။ သတ်မှတ်ချိန်
၁၆ နာရီ ၄၈ နာရီ စသည့်သတ်မှတ်ချိန်ပြည့်ပါက
စစ်၍ရရှိလာသော Water Kefir ရည်ကိုဖန်ပုလင်း
ထဲသို့ပြောင်းထည့်၍ရေခဲသေတ္တာထဲ၌ ထည့်သိမ်း
ထားနိုင်ပါသည်။ ဤအဆင့်တွင် သောက်သုံးမည်
ဆိုပါကစတင်သောက်သုံးနိုင်ပါသည်။

အနံအရသာ။ ။ ပြုလုပ်ပြီး Water Kefir
1F ၏အနံအရသာမှာ ပါဝင်သည့်သကြား၊ ပြု
လုပ်ချိန်ကြာမြင့်မူတို့ပေါ်တွင်မူတည်ပြီးအမျိုး
မျိုးရှိနိုင်ပါသည်။ ယေဘုယျအားဖြင့် အနည်း
ငယ်ချဉ်သော၊မူလသကြားအရသာထက်လျော့
ပြီးချိုသော အရသာရှိပြီး၊ အနံမှာ ချဉ်စူးစူးအနံ
ဖြစ်ပါသည်။ အများအားဖြင့် ဤအဆင့်တွင် မ
သောက်သုံးသေးပဲ အနံအရသာကောင်းမွန်အောင်
2F အထိပြုလုပ်ပြီးမှသောက်သုံးကြပါသည်။

ဒုတိယအဆင့်အချဉ်ဖောက်ခြင်း
2F (Second Fermentation)

ဒုတိယအဆင့် အချဉ်ဖောက်ခြင်း ( 2F) တွင်
Folic acid နှင့် B vitamin များဖြစ်သော B1,
B6, B9 နှင့် Probiitic ပါဝင်မူတို့ ပိိုုမိုတိုးပွားလာ
ပြီး၊ သကြားဓာတ်ပါဝင်မူပိုမိုလျော့နည်းလာကာ
Carbonation(ဗလုံစီနေသောအမြုပ်များတက်
ခြင်း)နှင့် အရက်ဓာတ်ပါဝင်မူ ပိုမိုလာပါသည်။

အဓိကအားဖြင့် ဤအဆင့်သည် အနံအရသာ
ကောင်းမွန်အောင်ပြုလုပ်ခြင်းဖြစ်ပြီး၊ (1F )
ပထမအဆင့်တွင်ရရှိထားသော Water Kefir
ရည်ကို မိမိတို့ကြိုက်နှစ်သက်သော သစ်သီး၊
ပန်းပေါင်းစုံ နှင့် ဆေးဖက်ဝင်အရွက်တစ်ချို့
( သို့မဟုတ်) သစ်သီးဖျော်ရည်တို့ကို Water
Kefir ရည်၏လေးချိုးတစ်ချိုး ( သို့မဟုတ်)
မိမိတို့ကြိုက်နှစ်သက်နိုင်မည့် အနံ၊အရသာ
ပမာဏကိုချိန်ထည့်၍ အခန်းတွင်းအပူချိန်၌
၁၂ နာရီ မှ ၄၈ နာရီထိထားပါ။ သတ်မှတ်ချိန်
ပြည့်ပါကစစ်၍ ဖန်ပုလင်းအသစ်သို့ ပြောင်းလဲ
ထည့်ပြီးရေခဲသေတ္တာထဲသို့ထည့်သိမ်းနိုင်ပါပြီ။

အနံအရသာ။ ။ 2F အနံအရသာသည်၊ ထည့်
ဝင်သည့် သစ်သီးမမျိုးအစားနှင့် အချဉ်ဖောက်
ကြာချိန်တို့ပေါ်တွင်မူတည်ပါသည်။

ပြုလုပ်ပြီး Water Kefir ကို သိမ်းဆည်းခြင်း

👉 အခန်းတွင်းအပူချိန် ( 68°F မှ 78°F ထိ)
ကို ၃ရက် မှ ၄ရက်အထိ

👉 ရေခဲသေတ္တာအပူချိန် ( 40°F မှ 45°F ထိ)
၂ပတ် မှ ၃ ပတ် အထိ ( ရိုးရိုးအအေးခန်း)

👉 ရေခဲသေတ္တာအပူချိန် ( 0°F မှ 25°F ထိ)
၂ လ အထက်ထိ ( အေးခဲခန်းထဲ)

ရေခဲသေတ္တာအတွင်း သိမ်းရန်တာအကြံပြုအပ်ပါ
သည်။

မှတ်ချက်။ ။ kefir grains များသည် သစ်သီးမှ
အချိုဓာက်နှင့်သကြားဓာက်တို့ကိုစားပြီး lactic acid, alcohol(ethanol) နှင့် carbon dioxide
တို့ကိုထုတ်လုပ်ပေးသောကြောင့် kefir ရေသည် သဘာဝဂတ်စ်အနည်းငယ်ပါဝင်သော ( Nature
carbonated drink ) ဖြစ်ပါသည်။ ထို့ကြောင့်
ဒုတိယအဆင့်၌ တင်းကျပ်စွာပိတ်ထားသော
ပုလင်းအဖုံးကို မကြာခဏဖွင့်ပေးပြီးပြန်ပိတ်သင့်
ပါသည်။ သစ်သီးထည့်စိမ်သည့်အခါ Kefir ရေကို ပုလင်းအပြည့်မဖြစ်စေရပါ၊ လေဟာနယ်ချန်ထား
ပေးရပါမည်။

Leave a comment

Design a site like this with WordPress.com
Get started