ျပည္သူအမ်ားက်န္းမာဖို႔ အိမ္လုပ္ခ်ဥ္ဖတ္မ်ားစားၾကစို႔

ခ်ဥ္ဖတ္ဆိုတာ က်ေနာ္ဘဝတစ္ေလ်ာက္လုံး
ဆရာမႀကီး ေဒၚခင္ႏြယ္ဝင္းရဲ႕ က်န္းမာေရး
ပညာေပးေဟာေျပာပြဲ ဗီဒီယိုအေခြေတြ မၾကည့္မိ
ေသးခင္အထိ၊ ထမင္းဝိုင္းမွာ ငပိရည္နဲ႔တို႔စားဖို႔
ေလာက္ပဲ အသုံးဝင္တဲ့စားစရာအျဖစ္ပဲ သိခဲ့တာ
ပါ။ အဲထက္နည္းနည္းပိုသိခဲ့တာက ခ်ဥ္ဖတ္အ
မ်ားႀကီးစားမိခဲ့ရင္ဝမ္းေလ်ာတယ္ဆိုတာေလာက္
ပါပဲ ( အမွန္က ခ်ဥ္ဖတ္အမ်ားႀကီးစားလို႔ ဝမ္း
ေလ်ာတယ္ဆိုတာထက္ ခ်ဥ္ဖတ္မွာပါတဲ့ အက်ဳိး
ျပဳ ဘက္တီးရီးယားပိုးေတြေၾကာင့္ အဆိပ္ထုတ္
တုန္႔ျပန္မူ ျဖစ္ႏိုင္တယ္လို႔ ( Kefir စေသာက္ခါစ
လို႔ေပါ့)ထင္မိပါတယ္၊က်ေနာ္အေတြးသပ္သပ္ပါ)
ဆရာမႀကီးရဲ႕ က်န္းမာေရးပညာေပး အေခြေတြ
ကိုၾကည့္မိရင္း ဆရာမႀကီးေျပာတဲ့ပရိုဘိုင္အိုတစ္
(Probiotic ) ဝယ္မေသာက္ႏိုင္ရင္၊ ဝယ္ဖို႔ခက္ခဲ
တယ္ဆိုရင္ အိမ္လုပ္ခ်ဥ္ဖတ္ေတြ ကိုယ္တိုင္လုပ္
စားဖို႔၊ အိမ္လုပ္ခ်ဥ္ဖတ္ေတြမွာ ပရိုဘိုင္အုိတစ္
( Probiotic ) ေတြအမ်ားႀကီးပါတယ္ဆိုတဲ့အ
ေၾကာင္းကို ေတာ္ေတာ္ေလးစိတ္ဝင္စားမိပါတယ္၊ 
ဒါေၾကာင့္ပရိုဘိုင္အိုတစ္အေၾကာင္း ပိုမိုသိခ်င္
တာနဲ႔၊ အင္တာနက္မွာ Probiotic ဆိုတာဘာလဲ၊ 
ဘယ္လိုအက်ဳိးျပဳႏိုင္တာလဲဆိုတာ ရွာေဖြၾကည့္
မိပါတယ္။ အဲလိုဖတ္ရင္းသိလာတာက ဘက္တီး
ရီးယားေတြဆိုတာလူကိုဒုကၡေပးတတ္ၾကတယ္လို
ပဲအရင္ကသိတာေလ၊တကယ္ေတာ့ အဲလိုမဟုတ္
ပါဘူး၊ လူကိုဒုကၡေပးတဲ့ဘက္တီးရီးယားအျပင္၊
လူကို ဒုကၡမေပး႐ံုသာမက ေရာဂါအမ်ဳိးမ်ဳိးမွ
ကင္းေဝးၿပီး လူေတြအသက္ရွင္ရပ္တည္မူကို 
အေထာက္ အကူျပဳတဲ့ အက်ဳိးျပဳဘက္တီးရီး
ယားေတြလည္းရိွတယ္လို႔ သိခဲ့ရပါတယ္။
အဲလို လူေတြကို အက်ဳိးျပဳတဲ့ဘက္တီးရီးယား
(အဏုဇီဝပိုး)ေတြကို ပ႐ိုဘိုင္အိုတစ္ ( Probiotic)
လို႔ေခၚၿပီး၊ ပရိုဘိုင္အိုတစ္ေခၚ အက်ဳိးျပဳ ဘက္တီး
ရီးယားေတြဟာ အိမ္လုပ္ခ်ဥ္ဖတ္ေတြမွာလည္း
အမ်ားႀကီးပါပါတယ္။ အင္တာနက္စာမ်က္နာ
ေတြမွာ ပရိုဘိုင္တိုတစ္အေၾကာင္းေလ့လာရင္းနဲ႔ 
အမွတ္မထင္ႏိုင္ငံတကာမွာ ခ်ဥ္ဖတ္စားသူမ်ား
အဖြဲ႕ေတြဖြဲ႕ၿပီး အခ်င္းခ်င္းခ်ဥ္ဖတ္လုပ္နည္း
ေတြမၽွေဝၾက၊ က်န္းမာေရးအက်ဳိးေက်းဇူးေတြ
မၽွေဝၾကတာကို ေတြ႕ခဲ့ရပါတယ္။ ( ဥပမာ Kefir,
Kombucha ေသာက္သုံးမူေၾကာင့္ ႏွင္းခူေရာဂါ၊
ပန္းနာရင္က်ပ္ေရာဂါ၊ အစာအိမ္ေရာဂါ၊ ကင္ဆာ
သမားေတြ၊ စသည္ျဖင့္ သက္သာလာေၾကာင္း အခ်င္းခ်င္းျပန္လည္မၽွေဝၾကတာေတြေတြ႕ရပါ
တယ္၊ သက္သာတယ္ေျပာတာေနာ္၊ ေပ်ာက္တယ္
မေျပာဘူး)။ ဒါနဲ႔က်ေနာ္လည္း ဒီေလာက္ေငြကုန္
ေၾကးၾကသက္သာစြာနဲ႔ ေရာဂါမ်ားမ်ားသက္သာ
လာၾကတာ ငါလည္းတို႔ျမန္မာျပည္က သူေတြအ
တြက္ လုပ္ေပးႏိုင္ရင္ေကာင္းမွာပဲဆိုၿပီး ဒီ Group
ေလးစလုပ္ေပးမိခဲ့တာပါ။ ဒီ Group ေလးစလုပ္
ခါစကက်ေနာ္သိတာ Water Kefir နဲ႔ Milk Kefir
အေၾကာင္းနည္းနည္းေလးပါ၊ Water Kefir က
Milk Kefir ထက္စာရင္ ေငြကုန္သက္သာတဲ့အ
ျပင္၊ Water Kefir ( WK) လုပ္ဖို႔လိုအပ္တဲ့
Water Kefir Grains ( WKG ) ေလးေတြက
Milk Kefir ( MK) လုပ္ဖို႔လိုအပ္တဲ့ Milk Kefir Grains ( MKG) ေလးေတြထက္အပြားျမန္တယ္၊
အၾကမ္းခံတယ္ဆိုတာသိတဲ့ အတြက္ စစျခင္း
Water Kefir Grains ေလးေတြနဲ႔ပဲအရင္စခဲ့တာ
ပါ။ ေနာက္ပိုင္းၾကမွ ရန္ကုန္က Group ထဲကအမ်ဳိး
ေတြရဲ႕က်ီဳးစားမူနဲ႔ MKG ေတြကို ဘန္ေကာက္က
ေနဝယ္သုံးရင္း ျမန္မာျပည္အတြက္ MKG ေတြပါ
ထပ္ပြားလာတာပါ။ ခုေတာ့ Kombucha Tea ပါ
ထပ္မံတိုးပြားလာၿပီ ျဖစ္တဲ့အတြက္ စုံလာပါၿပီ။

Group မွာလည္း Kefir အေၾကာင္းေတာ္ေတာ္
မ်ားမ်ားသိလာၾကၿပီျဖစ္တဲ့အတြက္၊ တစ္ခါတစ္
ေလ က်ေနာ္လည္းတျခားစာေတြကို ထပ္မံေလ့
လာႏိုင္ၿပီျဖစ္ပါတယ္။ အဲလိုေလ့လာရင္းနဲ႔မွာ
Kefir, Kombucha ဆိုတာ က်ေနာ္တို႔ခနၶာကိုယ္
ကို အက်ဳိးျပဳႏိုင္တဲ့ လက္တိုေဘ့စီလပ္ 
( Lactobacillus ) ဘက္တီးရီးယားေတြကို အခ်ဥ္ေဖာက္ေမြးျမဴစားေသာက္တဲ့ Lacto-Fermented Foods ( Lacto-Fermentation)
ေတြဆိုတာသိလာပါတယ္။

Lacto-Fermentation မွာ Kefir, Kombucha
အျပင္ က်န္းမာေရးအတြက္ အက်ဳိးေက်းဇူး
မ်ားႏိုင္တဲ့ အျခားအခ်ဥ္ေဖာက္ထားတဲ့အစား
အစာမ်ား ( အိမ္လုပ္ခ်ဥ္ဖတ္မ်ား) ရိွေသးတယ္
ဆိုတာ ေတြ႕လာရပါတယ္။ အမ်ဳိးတို႔အိမ္မွာ ကိုယ္
တိုင္ လုပ္စားေနၾကတဲ့ အိမ္လုပ္ခ်ဥ္ဖတ္ေတြဟာ
လည္း Lacto-Fermentation ေတြပါပဲ။ ဝမ္းခ်ဳပ္
ေရာဂါရိွသူေတြ ခ်ဥ္ဖတ္ကိုအိမ္မွာ ကိုယ္တိုင္လုပ္
စားၿပီး၊ ၎ခ်ဥ္ဖတ္အရည္အနည္းငယ္ကို ေန႔စဥ္
ေသာက္သုံးေပးျခင္းအားျဖင့္ ဝမ္းႏုတ္ေဆးေတြ
ဝယ္ေသာက္စရာမလိုပဲ၊ ဝမ္းခ်ဳပ္ေရာဂါကိုသက္
သာေစႏိုင္သလို အျခားက်န္းမာေရးအက်ဳိးေက်း
ဇူးေတြလည္းရရိွႏိုင္မွာျဖစ္ပါတယ္။ 
💎💎💎💎💎💎💎💎💎💎💎💎💎

Lecto-Fermentation ( သို႔) Lactic Acid
Fermentation ဆိုတာဘာလဲ

၁. Lacto-Fermentation ဆိုတာ ႐ိုးရာနည္း
ေတြနဲ႔ျပဳလုပ္စားသံုးေနၾကတဲ့ဆားရည္စိမ္အစား
အစာေတြ၊-သနပ္အစားအစာေတြ၊ခ်ဥ္ဖတ္မ်ဳိးစံု၊
ကင္ခ်ီ(Kimchi)၊ဆားခေရာက္(Sauerkraut)ႏွင့္
အျခားအရသာရိွေအာင္အခ်ဥ္ေဖာက္ျပဳလုပ္ထား
တဲ့အစားအစာမ်ားျဖစ္ပါသည္။ဤကဲ့သို႔႐ိုးရွင္းေသာအခ်ဥ္ေဖာက္အစားအစာမ်ားျပဳလုပ္ျခင္းအတြက္
ဆား၊ ဟင္းသီးဟင္းရြက္(သို႔) သစ္သီးႏွင့္ ေရတို႔
သာလိုအပ္ၿပီးအျခားေထြေထြထူးထူးပစၥည္းမ်ား
မလိုအပ္ပါ။

Lacto-Fermentation လုပ္ငန္းစဥ္တြင္ေရာဂါ
ျဖစ္ေစႏိုင္ေသာ၊အႏၲရာယ္ရိွေသာဘက္တီးရီးယား
မ်ားသည္ဆားရည္ဒဏ္ကိုမခံႏိုင္ပဲေသဆံုးကုန္ၿပီ၊
အက်ဳိးျပဳဘက္တီးရီးယားသာက်န္ရိွခဲ့ပါသည္။
ပထမအဆင့္တြင္ေရာဂါျဖစ္ေစႏိုင္ေသာ၊အႏၲရာယ္
ရိွေသာဘက္တီးရီးယားမ်ားကိုေသေစၿပီး၊ဒုတိယ
အဆင့္တြင္အက်ဳိးျပဳဘက္တီးရီးယားမ်ားအလုပ္
လုုပ္ၾကျခင္း( ေမြးဖြားၾကျခင္း) ျဖစ္ပါသည္။

ဆားဒဏ္ကိုခံႏိုင္ရည္ရိွေသာဘက္တီးရီးယားပိုး
မ်ားကို လပ္တိုေဘးစီးလပ္စ္ (Lactobacillus)
ဘက္တီးရီးယားမ်ားဟုေခၚဆိုၿပီးအစားအစာမ်ား
အခ်ဥ္ေဖာက္ျခင္းလုပ္ငန္းစဥ္မ်ားတြင္၎မ်ဳိးႏြယ္
စုမ်ားမွ လပ္တိုေဘးစီးလပ္စ္ ( Lactobacillus)
မ်ဳိးစိတ္မ်ားကိုထုတ္ေပးပါသည္။ လပ္တိုေဘးစီး
လပ္ ( Lactobacillus) ဘက္တီးရီးယားမ်ားသည္
သစ္သီးမ်ားႏွင့္ဟင္းသီးဟင္းရြက္တို႔တြင္သဘာဝ
အားျဖင့္ပါဝင္ေသာသၾကားကို လက္တစ္အက္ဆစ္
( Lactic Acid) အျဖစ္ေျပာင္းလဲေပးပါသည္။
လက္တစ္အက္ဆစ္သည္သဘာဝတာရွည္ခံေဆး
ျဖစ္ၿပီး၊ အႏၲရာယ္ေပးႏိုင္ေသာဘက္တီးရီးယား
မ်ားကိုတိုက္ထုတ္ရာတြင္ကူညီႏိုင္႐ံုသာမက အစားအစာမ်ားအတြက္အနံအရသာေကာင္းေစ
ၿပီးအဟာရဓာတ္မ်ားလည္းရရိွေစႏိုင္ပါသည္။

၂. အပင္မ်ား၊ ဟင္းသီးဟင္းရြက္မ်ား၊ သစ္သီး
မ်ား၊ အထူးသျဖင့္ ေျမႀကီးႏွင့္ နီးကပ္စြာေပါက္
ေသာအပင္မ်ား၏အေပၚယံမ်က္နာျပင္မ်ား၊
လူတို႔၏ အစာအိမ္အူလမ္းေၾကာင္း၊ ပါးစပ္၊ 
အမ်ဳိးသမီးကိုယ္ႏွင့္ တိရစာၧန္အခ်ဳိ႕တို႔တြင္
ဘက္တီးရီးယားမ်ဳိးစိတ္မ်ားစြာရိွၾကပါသည္။
၎ဘက္တီးရီးယားမ်ဳိး စိတ္မ်ားထဲမွ လပ္တို
ေဘးစီးလပ္ ( Lactobacillus ) ဘက္တီးရီး
ယားမ်ဳိးစိတ္သည္သၾကားကို လက္တစ္အက္
ဆစ္ (Lactic Acid ) အျဖစ္သို႔ ေျပာင္းလဲေပး
ပါသည္။ ထိုသို႔ေျပာင္းလဲေပးႏိုင္ ျခင္းေၾကာင့္
လပ္တိုေဘးစီးလပ္ (Lactobacillus) ဘက္တီး
ရီးယားကိုယခင္က လက္တစ္အက္ဆစ္ဘက္တီး
ရီးယား( Lactic Acid Bacteria)( LAB) ဟုေခၚ
ဆိုရာမွ ယခုအခါ လက္တိုေဘးစီးလပ္ဘက္တီး
ရီးယား (Lactobacillus Bacteria ) ဟုေျပာင္း
လဲေခၚဆိုလာၾကၿပီး၊ အခ်ဥ္ေဖာက္ျခင္းလုပ္ငန္း
စဥ္ကိုလည္း Lactic Acid Fermentation
( သို႔ ) Lacto-Fetmentation ဟုေခၚဆိုၾကပါ
သည္။

လက္တစ္အက္ဆစ္ (Lactic Acid) သည္ ဟင္း
သီးဟင္းရြတ္မ်ား၊ သစ္သီးမ်ားႏွင့္အစားအစာ
မ်ားအတြက္သဘာဝတာရွည္ခံေဆးျဖစ္သည့္
အျပင္၊ ပုပ္သိုးျခင္းကိုလည္းကာကြယ္ေပးႏိုင္ပါ
သည္။ ေရာဂါျဖစ္ေစေသာဘက္တီးရီးယားမ်ား
ရွင္သန္ႀကီးထြားမူကိုလည္းဟန္႔တားေပးႏိုင္ပါ
သည္။ ထို႔ေၾကာင့္ ေရခဲေသတၱာမ်ားမေပၚေပါက္
မိကာလ ႏွင့္ စည္သြပ္ဘူးလုပ္ငန္းမ်ားမေပၚထြန္
မိကာလတြင္ အစားအစာမ်ားကို အခ်ဥ္ေဖာက္
ျခင္းျဖင့္ ထိန္းသိမ္း၊ စားသုံးခဲ့ၾကပါသည္။ ဟင္း
သီးဟင္းရြက္မ်ား၊ သစ္သီးမ်ားတို႔ကို Lacto-Fermentation ျပဳလုပ္စားေသာက္ျခင္းအား
ျဖင့္တာရွည္ခံအက်ဳိးရွိ႐ုံမက ဗီတာမင္ဓာတ္မ်ား၊
အင္ဇီုင္းမ်ားတိုးပြားျခင္း၊ အစာေၾကလြယ္ျခင္း တို႔ကိုပါျဖစ္ေစပါသည္။ လက္တိုေဘးစီးလပ္ 
( Lactobacillus ) ဘက္တီးရီးယားမ်ားသည္
ပဋိဇီဝေဆး ( antibiotic ) ႏွင့္ ကင္ဆာကာကြယ္
ဆန္႔က်င္ေသာျဒပ္ ( anti-carcinogenic ) တို႔
ကို ထုတိလုတ္ေပးႏိုင္ျခင္းေၾကာင့္ က်န္းမာေရး
ေကာင္းမြန္ေစရန္အျပည့္ဝပံပိုးေပးႏိုင္ပါသည္။
💎💎💎💎💎💎💎💎💎💎💎💎💎

အိမ္လုပ္ခ်ဥ္ဖတ္မ်ားဘာေၾကာင့္စားသင့္ပါသလဲ

ကြၽန္ေတာ္တို႔ေန႔စဥ္စားသံုးေနေသာ အစားအစာ
မ်ားအတြင္း ပ႐ိုဘိုင္အိုတစ္ဟုေခၚေသာအက်ဳိးျပဳ အဏုဇီဝပိုးမ်ားအလံုအေလာက္ပါဝင္ႏိုင္ဖို႔ဆိုတာ အခြင့္အေရးနည္းပါးပါတယ္။ ပ႐ိုဘိုင္အိုတစ္ဆို
ေသာ အက်ဳိးျပဳဘက္တီးရီးယားေတြရဲ႕ အဓီက
အလုပ္ကေတာ့ အူအတြင္း အဟာရစုပ္ယူဖို႔ႏွင့္ ကိုယ္ခံစြမ္းအားစနစ္ကိုေထာက္ပံေပးဖို႔ျဖစ္ၾက
ပါသည္။ 
ပ႐ိုဘိုင္အိုတစ္ေပါႂကြယ္ဝစြာပါဝင္ေသာ အိမ္လုပ္
ခ်ဥ္ဖတ္အစားအေသာက္အမ်ဳိးမ်ဳိးကိုကြၽန္ေတာ္တို႔စားသံုးသင့္ပါတယ္။ 
ပ႐ိုဘိုင္အိုတစ္ႂကြယ္ဝစြာပါဝင္ေသာ
အစားအစာမ်ားသည္ အစာေျခက်န္းမာအတြက္
မရိွမျဖစ္လိုအပ္ေသာအရာတစ္ခုျဖစ္ေသာ္လည္း ၎ပ႐ိုဘိုင္အိုတစ္ေပါႂကြယ္ဝသည့္အစားအစာ
မ်ားတြင္ ကြၽန္ေတာ္တို႔မသိေသးသည့္ အျခား
က်န္းမာေရးအက်ဳိးေက်းဇူး ရာေပါင္းမ်ားစြာ
ရိွေနပါေသးသည္။
ကြၽန္ေတာ္ခႏၶာကိုယ္တြင္ ပ႐ိုဘိုင္အိုတစ္မ်ား အလံုအေလာက္မရရိွခဲ့ပါက အစာေျချခင္း၌
စနစ္တက်မရိွျခင္း၊အေရျပားႏွင့္ပက္သက္ေသာ
ေရာဂါမ်ားရႏိုင္ျခင္း၊ Candida ကန္ဒီဒါမိႈပိုးမ်ား၊ ေအာ္တိုအင္ျမဴးေရာဂါမ်ားျဖစ္ႏိုင္ျခင္း၊ မၾကာ
ခဏ အေအးမိဖ်ားနာျခင္းမ်ား၊တုပ္ေကြးေရာဂါ
မ်ားျဖစ္ႏိုင္ျခင္းတို႔ ျဖစ္တတ္ပါသည္။
ေရွးေခတ္လူအမ်ားစုသည္ အစားအေသာက္မ်ား
မပ်က္စီးေစရန္အခ်ဥ္ေဖာက္ထားေသာအစားအစာမ်ားစားသံုးျခင္း၊ ေျမဆီလႊာေကာင္းမ်ားမွရ
ေသာလတ္ဆတ္သည့္အသီးအႏွံအစားအေသာက္
မ်ားစားသံုးျခင္းျဖင့္ပ႐ိုဘိုင္အိုတစ္မ်ားအျပားကိုရရိွႏိုင္ခဲ့ၾကပါသည္။

ယခုေခတ္မ်ားတြင္မူ ေရခဲေသတၱာအသံုးျပဳမူမ်ား
ျပားျခင္း၊ အႏၲရာယ္ရိွေသာစိုက္ပ်ဳိးလုပ္ငန္းမ်ား ႏွင့္ အစားအေသာက္မ်ားကို ကလိုရင္းစိမ္ျခင္းတို႔
ေၾကာင့္ အစားအစာမ်ားထဲ၌ အက်ဳိးျပဳဘက္တီး
ရီးယားမ်ားပါဝင္မူနည္းပါလာၿပီး၊ဆိုးက်ဳိးေပးႏိုင္သည့္ဘက္တီးရီးယားပိုးမ်ားပါဝင္မူမ်ားလာပါ
သည္။ ၎အစားအေသာက္မ်ားကို စားသံုးမိျခင္း
ေၾကာင့္ခႏၶာကိုယ္ရိွအက်ဳိးျပဳဘက္တီးရီးယား
မ်ားေသဆံုးယုတ္ေလ်ာ့ႏိုင္ပါသည္။

ကြၽန္ေတာ္တို႔၏ အစားအစာမ်ားတြင္ ပ႐ိုဘိုင္အို
တစ္ႂကြယ္ဝေသာအစားအေသာက္မ်ားကို ထပ္မံ
ျဖည့္စြက္စားသံုးျခင္းျဖင့္ ေအာက္ပါက်န္းမာေရး
အက်ဳိးေက်းဇူးမ်ားကို ရရိွႏိုင္ပါသည္။

၁. ကိုယ္ခံအားစနစ္ကိုပိုမိုျမင့္တင္ေပးႏိုင္ျခင္း
၂. အစာေျခစနစ္ပိုမိုေကာင္းမြန္ျခင္း
၃. ဗီတာမင္ဘီ ၁၂ ထုတ္ေပးႏိုင္ျခင္းေၾကာင့္
အားအင္မ်ားတိုးပြားႏိုင္ျခင္း
၄. ပ႐ိုဘိုင္အိုတစ္ေၾကာင့္အသက္႐ႉမူပိုမို
ေကာင္းမြန္လာျခင္း
၅. Candida မိႈပိုးမ်ားကို ဖ်က္စီးႏိုင္ျခင္း
၆. ပ႐ိုဘိုင္အိုတစ္ေၾကာင့္ ႏွင္းခူေရာဂါႏွင့္
psoriasis ေရာဂါေပ်ာက္ကင္းႏိုင္ၿပီး
အေရျပားက်န္းမာေရးကိုေကာင္းေစျခင္း
၇. တုပ္ေကြးႏွင့္အေအးမိဖ်ားနာျခင္းကို
ေလ်ာ့ခ်ႏိုင္ျခင္း
၈. အူနရံယိုစိမ့္ျခင္းကိုကုသႏိုင္ျခင္း
၉. အူလမ္းေၾကာင္းေရာင္ရမ္းျခင္းကို
ကုသႏိုင္ျခင္း
၁၀. ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ႏိုင္ျခင္း

အထက္ပါက်န္းမာေရးအက်ဳိးေက်းဇူးမ်ားကို ရရိွလိုရင္ျဖင့္ ပ႐ိုဘိုင္အိုတစ္ပါဝင္ေသာအစား
အေသာက္မ်ားကိုယခုပင္စတင္၍စားသံုးသင့္ၿပီး ပိုေကာင္းေသာက်န္းမာေရးအက်ဳိးေက်းဇူးမ်ားကိုရရိွႏိုင္မည္ျဖစ္ပါသည္။

ကြၽန္ေတာ္တို႔ ခႏၶာကိုယ္အတြက္ ပ႐ိုဘိုင္အိုတစ္
တစ္ခုခ်င္းစီ၏ မတူညီေသာ ေကာင္းက်ဳိးရ
လာဒ္ေတြ ရရိွေစဖို႔အတြက္ ပ႐ိုဘိုင္တစ္အမ်ဳိး
အစားအမ်ဳိးမ်ဳိးပါဝင္ အိမ္လုပ္ခ်ဥ္ဖတ္အမ်ဳိးမ်ဳိး
ကို စားသံုးသင့္ပါတယ္။
💎💎💎💎💎💎💎💎💎💎💎💎💎

အိမ္တြင္ကိုယ္တိုင္လုပ္ႏိုင္ေသာ ( Lacto-Fermented) ခ်ဥ္ဖတ္ အစားအေသာက္မ်ား

၁. ႏိုႏွင့္ ႏို႔ထြက္ပစၥည္းမ်ားျဖင့္ျပဳလုပ္ထားေသာ
Lacto-Fermented အစားအေသာက္မ်ား

– Kefir ( ကီဖာ) ( ကပ္ဖီးယား)
– Yogurt ( ဒိန္ခ်ဥ္ )
– Sour cream ( ႏို႔ကိုအခ်ဥ္ေဖာက္ၿပီးျပဳလုပ္
ထားေသာခရင္မ္၊ ေမြးေန႔ကိတ္လုပ္ရာတြင္အ
သုံးျပဳသလိုမ်ဳိးခရင္မ္အပ်စ္)

၂. ဟင္းသီးဟင္းရြတ္မ်ားျဖင့္ျပဳလုပ္ထားေသာ
Lacto-Fermented အစားအေသာက္မ်ား

– Sauerkraut ( ေဂၚဖီခ်ဥ္ဖတ္)
– Pickles ( ဆားရည္စိမ္၊ _သနပ္ )
– Kimchi ( ကင္ခ်ိ)
– Kombucha Tea 
– Beet Kvass (သၾကားမုန္လာဥခ်ဥ္ေဖ်ာ္ရည္)
– Natto ( ပဲပိစပ္ခ်ဥ္)
– Chutneys ( ခ်တၱနီး)

၃. အသား၊ ငါး Lacto-Fermented အစားအ
ေသာက္မ်ား

– အသား၊ ငါးမ်ားကိုလည္း Lacto-Fermented အစားအေသာက္မ်ားျဖစ္ျပဳလုက္ႏိုင္ပါသည္။

AZT ( ျပည္သူ႔ခ်ဥ္ဖတ္)

unicode

ချဉ်ဖတ်ဆိုတာ ကျနော်ဘဝတစ်လျောက်လုံး
ဆရာမကြီး ဒေါ်ခင်နွယ်ဝင်းရဲ့ ကျန်းမာရေး
ပညာပေးဟောပြောပွဲ ဗီဒီယိုအခွေတွေ မကြည့်မိ
သေးခင်အထိ၊ ထမင်းဝိုင်းမှာ ငပိရည်နဲ့တို့စားဖို့
လောက်ပဲ အသုံးဝင်တဲ့စားစရာအဖြစ်ပဲ သိခဲ့တာ
ပါ။ အဲထက်နည်းနည်းပိုသိခဲ့တာက ချဉ်ဖတ်အ
များကြီးစားမိခဲ့ရင်ဝမ်းလျောတယ်ဆိုတာလောက်
ပါပဲ ( အမှန်က ချဉ်ဖတ်အများကြီးစားလို့ ဝမ်း
လျောတယ်ဆိုတာထက် ချဉ်ဖတ်မှာပါတဲ့ အကျိုး
ပြု ဘက်တီးရီးယားပိုးတွေကြောင့် အဆိပ်ထုတ်
တုန့်ပြန်မူ ဖြစ်နိုင်တယ်လို့ ( Kefir စသောက်ခါစ
လို့ပေါ့)ထင်မိပါတယ်၊ကျနော်အတွေးသပ်သပ်ပါ)
ဆရာမကြီးရဲ့ ကျန်းမာရေးပညာပေး အခွေတွေ
ကိုကြည့်မိရင်း ဆရာမကြီးပြောတဲ့ပရိုဘိုင်အိုတစ်
(Probiotic ) ဝယ်မသောက်နိုင်ရင်၊ ဝယ်ဖို့ခက်ခဲ
တယ်ဆိုရင် အိမ်လုပ်ချဉ်ဖတ်တွေ ကိုယ်တိုင်လုပ်
စားဖို့၊ အိမ်လုပ်ချဉ်ဖတ်တွေမှာ ပရိုဘိုင်အိုတစ်
( Probiotic ) တွေအများကြီးပါတယ်ဆိုတဲ့အ
ကြောင်းကို တော်တော်လေးစိတ်ဝင်စားမိပါတယ်၊
ဒါကြောင့်ပရိုဘိုင်အိုတစ်အကြောင်း ပိုမိုသိချင်
တာနဲ့၊ အင်တာနက်မှာ Probiotic ဆိုတာဘာလဲ၊
ဘယ်လိုအကျိုးပြုနိုင်တာလဲဆိုတာ ရှာဖွေကြည့်
မိပါတယ်။ အဲလိုဖတ်ရင်းသိလာတာက ဘက်တီး
ရီးယားတွေဆိုတာလူကိုဒုက္ခပေးတတ်ကြတယ်လို
ပဲအရင်ကသိတာလေ၊တကယ်တော့ အဲလိုမဟုတ်
ပါဘူး၊ လူကိုဒုက္ခပေးတဲ့ဘက်တီးရီးယားအပြင်၊
လူကို ဒုက္ခမပေးရုံသာမက ရောဂါအမျိုးမျိုးမှ
ကင်းဝေးပြီး လူတွေအသက်ရှင်ရပ်တည်မူကို
အထောက် အကူပြုတဲ့ အကျိုးပြုဘက်တီးရီး
ယားတွေလည်းရှိတယ်လို့ သိခဲ့ရပါတယ်။
အဲလို လူတွေကို အကျိုးပြုတဲ့ဘက်တီးရီးယား
(အဏုဇီဝပိုး)တွေကို ပရိုဘိုင်အိုတစ် ( Probiotic)
လို့ခေါ်ပြီး၊ ပရိုဘိုင်အိုတစ်ခေါ် အကျိုးပြု ဘက်တီး
ရီးယားတွေဟာ အိမ်လုပ်ချဉ်ဖတ်တွေမှာလည်း
အများကြီးပါပါတယ်။ အင်တာနက်စာမျက်နာ
တွေမှာ ပရိုဘိုင်တိုတစ်အကြောင်းလေ့လာရင်းနဲ့
အမှတ်မထင်နိုင်ငံတကာမှာ ချဉ်ဖတ်စားသူများ
အဖွဲ့တွေဖွဲ့ပြီး အချင်းချင်းချဉ်ဖတ်လုပ်နည်း
တွေမျှဝေကြ၊ ကျန်းမာရေးအကျိုးကျေးဇူးတွေ
မျှဝေကြတာကို တွေ့ခဲ့ရပါတယ်။ ( ဥပမာ Kefir,
Kombucha သောက်သုံးမူကြောင့် နှင်းခူရောဂါ၊
ပန်းနာရင်ကျပ်ရောဂါ၊ အစာအိမ်ရောဂါ၊ ကင်ဆာ
သမားတွေ၊ စသည်ဖြင့် သက်သာလာကြောင်း အချင်းချင်းပြန်လည်မျှဝေကြတာတွေတွေ့ရပါ
တယ်၊ သက်သာတယ်ပြောတာနော်၊ ပျောက်တယ်
မပြောဘူး)။ ဒါနဲ့ကျနော်လည်း ဒီလောက်ငွေကုန်
ကြေးကြသက်သာစွာနဲ့ ရောဂါများများသက်သာ
လာကြတာ ငါလည်းတို့မြန်မာပြည်က သူတွေအ
တွက် လုပ်ပေးနိုင်ရင်ကောင်းမှာပဲဆိုပြီး ဒီ Group
လေးစလုပ်ပေးမိခဲ့တာပါ။ ဒီ Group လေးစလုပ်
ခါစကကျနော်သိတာ Water Kefir နဲ့ Milk Kefir
အကြောင်းနည်းနည်းလေးပါ၊ Water Kefir က
Milk Kefir ထက်စာရင် ငွေကုန်သက်သာတဲ့အ
ပြင်၊ Water Kefir ( WK) လုပ်ဖို့လိုအပ်တဲ့
Water Kefir Grains ( WKG ) လေးတွေက
Milk Kefir ( MK) လုပ်ဖို့လိုအပ်တဲ့ Milk Kefir Grains ( MKG) လေးတွေထက်အပွားမြန်တယ်၊
အကြမ်းခံတယ်ဆိုတာသိတဲ့ အတွက် စစခြင်း
Water Kefir Grains လေးတွေနဲ့ပဲအရင်စခဲ့တာ
ပါ။ နောက်ပိုင်းကြမှ ရန်ကုန်က Group ထဲကအမျိုး
တွေရဲ့ကျီုးစားမူနဲ့ MKG တွေကို ဘန်ကောက်က
နေဝယ်သုံးရင်း မြန်မာပြည်အတွက် MKG တွေပါ
ထပ်ပွားလာတာပါ။ ခုတော့ Kombucha Tea ပါ
ထပ်မံတိုးပွားလာပြီ ဖြစ်တဲ့အတွက် စုံလာပါပြီ။

Group မှာလည်း Kefir အကြောင်းတော်တော်
များများသိလာကြပြီဖြစ်တဲ့အတွက်၊ တစ်ခါတစ်
လေ ကျနော်လည်းတခြားစာတွေကို ထပ်မံလေ့
လာနိုင်ပြီဖြစ်ပါတယ်။ အဲလိုလေ့လာရင်းနဲ့မှာ
Kefir, Kombucha ဆိုတာ ကျနော်တို့ခန္ဓာကိုယ်
ကို အကျိုးပြုနိုင်တဲ့ လက်တိုဘေ့စီလပ်
( Lactobacillus ) ဘက်တီးရီးယားတွေကို အချဉ်ဖောက်မွေးမြူစားသောက်တဲ့ Lacto-Fermented Foods ( Lacto-Fermentation)
တွေဆိုတာသိလာပါတယ်။

Lacto-Fermentation မှာ Kefir, Kombucha
အပြင် ကျန်းမာရေးအတွက် အကျိုးကျေးဇူး
များနိုင်တဲ့ အခြားအချဉ်ဖောက်ထားတဲ့အစား
အစာများ ( အိမ်လုပ်ချဉ်ဖတ်များ) ရှိသေးတယ်
ဆိုတာ တွေ့လာရပါတယ်။ အမျိုးတို့အိမ်မှာ ကိုယ်
တိုင် လုပ်စားနေကြတဲ့ အိမ်လုပ်ချဉ်ဖတ်တွေဟာ
လည်း Lacto-Fermentation တွေပါပဲ။ ဝမ်းချုပ်
ရောဂါရှိသူတွေ ချဉ်ဖတ်ကိုအိမ်မှာ ကိုယ်တိုင်လုပ်
စားပြီး၊ ၎င်းချဉ်ဖတ်အရည်အနည်းငယ်ကို နေ့စဉ်
သောက်သုံးပေးခြင်းအားဖြင့် ဝမ်းနုတ်ဆေးတွေ
ဝယ်သောက်စရာမလိုပဲ၊ ဝမ်းချုပ်ရောဂါကိုသက်
သာစေနိုင်သလို အခြားကျန်းမာရေးအကျိုးကျေး
ဇူးတွေလည်းရရှိနိုင်မှာဖြစ်ပါတယ်။
💎💎💎💎💎💎💎💎💎💎💎💎💎

Lecto-Fermentation ( သို့) Lactic Acid
Fermentation ဆိုတာဘာလဲ

၁. Lacto-Fermentation ဆိုတာ ရိုးရာနည်း
တွေနဲ့ပြုလုပ်စားသုံးနေကြတဲ့ဆားရည်စိမ်အစား
အစာတွေ၊-သနပ်အစားအစာတွေ၊ချဉ်ဖတ်မျိုးစုံ၊
ကင်ချီ(Kimchi)၊ဆားခရောက်(Sauerkraut)နှင့်
အခြားအရသာရှိအောင်အချဉ်ဖောက်ပြုလုပ်ထား
တဲ့အစားအစာများဖြစ်ပါသည်။ဤကဲ့သို့ရိုးရှင်းသောအချဉ်ဖောက်အစားအစာများပြုလုပ်ခြင်းအတွက်
ဆား၊ ဟင်းသီးဟင်းရွက်(သို့) သစ်သီးနှင့် ရေတို့
သာလိုအပ်ပြီးအခြားထွေထွေထူးထူးပစ္စည်းများ
မလိုအပ်ပါ။

Lacto-Fermentation လုပ်ငန်းစဉ်တွင်ရောဂါ
ဖြစ်စေနိုင်သော၊အန္တရာယ်ရှိသောဘက်တီးရီးယား
များသည်ဆားရည်ဒဏ်ကိုမခံနိုင်ပဲသေဆုံးကုန်ပြီ၊
အကျိုးပြုဘက်တီးရီးယားသာကျန်ရှိခဲ့ပါသည်။
ပထမအဆင့်တွင်ရောဂါဖြစ်စေနိုင်သော၊အန္တရာယ်
ရှိသောဘက်တီးရီးယားများကိုသေစေပြီး၊ဒုတိယ
အဆင့်တွင်အကျိုးပြုဘက်တီးရီးယားများအလုပ်
လုပ်ကြခြင်း( မွေးဖွားကြခြင်း) ဖြစ်ပါသည်။

ဆားဒဏ်ကိုခံနိုင်ရည်ရှိသောဘက်တီးရီးယားပိုး
များကို လပ်တိုဘေးစီးလပ်စ် (Lactobacillus)
ဘက်တီးရီးယားများဟုခေါ်ဆိုပြီးအစားအစာများ
အချဉ်ဖောက်ခြင်းလုပ်ငန်းစဉ်များတွင်၎င်းမျိုးနွယ်
စုများမှ လပ်တိုဘေးစီးလပ်စ် ( Lactobacillus)
မျိုးစိတ်များကိုထုတ်ပေးပါသည်။ လပ်တိုဘေးစီး
လပ် ( Lactobacillus) ဘက်တီးရီးယားများသည်
သစ်သီးများနှင့်ဟင်းသီးဟင်းရွက်တို့တွင်သဘာဝ
အားဖြင့်ပါဝင်သောသကြားကို လက်တစ်အက်ဆစ်
( Lactic Acid) အဖြစ်ပြောင်းလဲပေးပါသည်။
လက်တစ်အက်ဆစ်သည်သဘာဝတာရှည်ခံဆေး
ဖြစ်ပြီး၊ အန္တရာယ်ပေးနိုင်သောဘက်တီးရီးယား
များကိုတိုက်ထုတ်ရာတွင်ကူညီနိုင်ရုံသာမက အစားအစာများအတွက်အနံအရသာကောင်းစေ
ပြီးအဟာရဓာတ်များလည်းရရှိစေနိုင်ပါသည်။

၂. အပင်များ၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီး
များ၊ အထူးသဖြင့် မြေကြီးနှင့် နီးကပ်စွာပေါက်
သောအပင်များ၏အပေါ်ယံမျက်နာပြင်များ၊
လူတို့၏ အစာအိမ်အူလမ်းကြောင်း၊ ပါးစပ်၊
အမျိုးသမီးကိုယ်နှင့် တိရစ္ဆာန်အချို့တို့တွင်
ဘက်တီးရီးယားမျိုးစိတ်များစွာရှိကြပါသည်။
၎င်းဘက်တီးရီးယားမျိုး စိတ်များထဲမှ လပ်တို
ဘေးစီးလပ် ( Lactobacillus ) ဘက်တီးရီး
ယားမျိုးစိတ်သည်သကြားကို လက်တစ်အက်
ဆစ် (Lactic Acid ) အဖြစ်သို့ ပြောင်းလဲပေး
ပါသည်။ ထိုသို့ပြောင်းလဲပေးနိုင် ခြင်းကြောင့်
လပ်တိုဘေးစီးလပ် (Lactobacillus) ဘက်တီး
ရီးယားကိုယခင်က လက်တစ်အက်ဆစ်ဘက်တီး
ရီးယား( Lactic Acid Bacteria)( LAB) ဟုခေါ်
ဆိုရာမှ ယခုအခါ လက်တိုဘေးစီးလပ်ဘက်တီး
ရီးယား (Lactobacillus Bacteria ) ဟုပြောင်း
လဲခေါ်ဆိုလာကြပြီး၊ အချဉ်ဖောက်ခြင်းလုပ်ငန်း
စဉ်ကိုလည်း Lactic Acid Fermentation
( သို့ ) Lacto-Fetmentation ဟုခေါ်ဆိုကြပါ
သည်။

လက်တစ်အက်ဆစ် (Lactic Acid) သည် ဟင်း
သီးဟင်းရွတ်များ၊ သစ်သီးများနှင့်အစားအစာ
များအတွက်သဘာဝတာရှည်ခံဆေးဖြစ်သည့်
အပြင်၊ ပုပ်သိုးခြင်းကိုလည်းကာကွယ်ပေးနိုင်ပါ
သည်။ ရောဂါဖြစ်စေသောဘက်တီးရီးယားများ
ရှင်သန်ကြီးထွားမူကိုလည်းဟန့်တားပေးနိုင်ပါ
သည်။ ထို့ကြောင့် ရေခဲသေတ္တာများမပေါ်ပေါက်
မိကာလ နှင့် စည်သွပ်ဘူးလုပ်ငန်းများမပေါ်ထွန်
မိကာလတွင် အစားအစာများကို အချဉ်ဖောက်
ခြင်းဖြင့် ထိန်းသိမ်း၊ စားသုံးခဲ့ကြပါသည်။ ဟင်း
သီးဟင်းရွက်များ၊ သစ်သီးများတို့ကို Lacto-Fermentation ပြုလုပ်စားသောက်ခြင်းအား
ဖြင့်တာရှည်ခံအကျိုးရှိရုံမက ဗီတာမင်ဓာတ်များ၊
အင်ဇီုင်းများတိုးပွားခြင်း၊ အစာကြေလွယ်ခြင်း တို့ကိုပါဖြစ်စေပါသည်။ လက်တိုဘေးစီးလပ်
( Lactobacillus ) ဘက်တီးရီးယားများသည်
ပဋိဇီဝဆေး ( antibiotic ) နှင့် ကင်ဆာကာကွယ်
ဆန့်ကျင်သောဒြပ် ( anti-carcinogenic ) တို့
ကို ထုတိလုတ်ပေးနိုင်ခြင်းကြောင့် ကျန်းမာရေး
ကောင်းမွန်စေရန်အပြည့်ဝပံပိုးပေးနိုင်ပါသည်။
💎💎💎💎💎💎💎💎💎💎💎💎💎

အိမ်လုပ်ချဉ်ဖတ်များဘာကြောင့်စားသင့်ပါသလဲ

ကျွန်တော်တို့နေ့စဉ်စားသုံးနေသော အစားအစာ
များအတွင်း ပရိုဘိုင်အိုတစ်ဟုခေါ်သောအကျိုးပြု အဏုဇီဝပိုးများအလုံအလောက်ပါဝင်နိုင်ဖို့ဆိုတာ အခွင့်အရေးနည်းပါးပါတယ်။ ပရိုဘိုင်အိုတစ်ဆို
သော အကျိုးပြုဘက်တီးရီးယားတွေရဲ့ အဓီက
အလုပ်ကတော့ အူအတွင်း အဟာရစုပ်ယူဖို့နှင့် ကိုယ်ခံစွမ်းအားစနစ်ကိုထောက်ပံပေးဖို့ဖြစ်ကြ
ပါသည်။
ပရိုဘိုင်အိုတစ်ပေါကြွယ်ဝစွာပါဝင်သော အိမ်လုပ်
ချဉ်ဖတ်အစားအသောက်အမျိုးမျိုးကိုကျွန်တော်တို့စားသုံးသင့်ပါတယ်။
ပရိုဘိုင်အိုတစ်ကြွယ်ဝစွာပါဝင်သော
အစားအစာများသည် အစာခြေကျန်းမာအတွက်
မရှိမဖြစ်လိုအပ်သောအရာတစ်ခုဖြစ်သော်လည်း ၎င်းပရိုဘိုင်အိုတစ်ပေါကြွယ်ဝသည့်အစားအစာ
များတွင် ကျွန်တော်တို့မသိသေးသည့် အခြား
ကျန်းမာရေးအကျိုးကျေးဇူး ရာပေါင်းများစွာ
ရှိနေပါသေးသည်။
ကျွန်တော်ခန္ဓာကိုယ်တွင် ပရိုဘိုင်အိုတစ်များ အလုံအလောက်မရရှိခဲ့ပါက အစာခြေခြင်း၌
စနစ်တကျမရှိခြင်း၊အရေပြားနှင့်ပက်သက်သော
ရောဂါများရနိုင်ခြင်း၊ Candida ကန်ဒီဒါမှိုပိုးများ၊ အော်တိုအင်မြူးရောဂါများဖြစ်နိုင်ခြင်း၊ မကြာ
ခဏ အအေးမိဖျားနာခြင်းများ၊တုပ်ကွေးရောဂါ
များဖြစ်နိုင်ခြင်းတို့ ဖြစ်တတ်ပါသည်။
ရှေးခေတ်လူအများစုသည် အစားအသောက်များ
မပျက်စီးစေရန်အချဉ်ဖောက်ထားသောအစားအစာများစားသုံးခြင်း၊ မြေဆီလွှာကောင်းများမှရ
သောလတ်ဆတ်သည့်အသီးအနှံအစားအသောက်
များစားသုံးခြင်းဖြင့်ပရိုဘိုင်အိုတစ်များအပြားကိုရရှိနိုင်ခဲ့ကြပါသည်။

ယခုခေတ်များတွင်မူ ရေခဲသေတ္တာအသုံးပြုမူများ
ပြားခြင်း၊ အန္တရာယ်ရှိသောစိုက်ပျိုးလုပ်ငန်းများ နှင့် အစားအသောက်များကို ကလိုရင်းစိမ်ခြင်းတို့
ကြောင့် အစားအစာများထဲ၌ အကျိုးပြုဘက်တီး
ရီးယားများပါဝင်မူနည်းပါလာပြီး၊ဆိုးကျိုးပေးနိုင်သည့်ဘက်တီးရီးယားပိုးများပါဝင်မူများလာပါ
သည်။ ၎င်းအစားအသောက်များကို စားသုံးမိခြင်း
ကြောင့်ခန္ဓာကိုယ်ရှိအကျိုးပြုဘက်တီးရီးယား
များသေဆုံးယုတ်လျော့နိုင်ပါသည်။

ကျွန်တော်တို့၏ အစားအစာများတွင် ပရိုဘိုင်အို
တစ်ကြွယ်ဝသောအစားအသောက်များကို ထပ်မံ
ဖြည့်စွက်စားသုံးခြင်းဖြင့် အောက်ပါကျန်းမာရေး
အကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။

၁. ကိုယ်ခံအားစနစ်ကိုပိုမိုမြင့်တင်ပေးနိုင်ခြင်း
၂. အစာခြေစနစ်ပိုမိုကောင်းမွန်ခြင်း
၃. ဗီတာမင်ဘီ ၁၂ ထုတ်ပေးနိုင်ခြင်းကြောင့်
အားအင်များတိုးပွားနိုင်ခြင်း
၄. ပရိုဘိုင်အိုတစ်ကြောင့်အသက်ရှူမူပိုမို
ကောင်းမွန်လာခြင်း
၅. Candida မှိုပိုးများကို ဖျက်စီးနိုင်ခြင်း
၆. ပရိုဘိုင်အိုတစ်ကြောင့် နှင်းခူရောဂါနှင့်
psoriasis ရောဂါပျောက်ကင်းနိုင်ပြီး
အရေပြားကျန်းမာရေးကိုကောင်းစေခြင်း
၇. တုပ်ကွေးနှင့်အအေးမိဖျားနာခြင်းကို
လျော့ချနိုင်ခြင်း
၈. အူနရံယိုစိမ့်ခြင်းကိုကုသနိုင်ခြင်း
၉. အူလမ်းကြောင်းရောင်ရမ်းခြင်းကို
ကုသနိုင်ခြင်း
၁၀. ကိုယ်အလေးချိန်လျော့ချနိုင်ခြင်း

အထက်ပါကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိလိုရင်ဖြင့် ပရိုဘိုင်အိုတစ်ပါဝင်သောအစား
အသောက်များကိုယခုပင်စတင်၍စားသုံးသင့်ပြီး ပိုကောင်းသောကျန်းမာရေးအကျိုးကျေးဇူးများကိုရရှိနိုင်မည်ဖြစ်ပါသည်။

ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် ပရိုဘိုင်အိုတစ်
တစ်ခုချင်းစီ၏ မတူညီသော ကောင်းကျိုးရ
လာဒ်တွေ ရရှိစေဖို့အတွက် ပရိုဘိုင်တစ်အမျိုး
အစားအမျိုးမျိုးပါဝင် အိမ်လုပ်ချဉ်ဖတ်အမျိုးမျိုး
ကို စားသုံးသင့်ပါတယ်။
💎💎💎💎💎💎💎💎💎💎💎💎💎

အိမ်တွင်ကိုယ်တိုင်လုပ်နိုင်သော ( Lacto-Fermented) ချဉ်ဖတ် အစားအသောက်များ

၁. နိုနှင့် နို့ထွက်ပစ္စည်းများဖြင့်ပြုလုပ်ထားသော
Lacto-Fermented အစားအသောက်များ

  • Kefir ( ကီဖာ) ( ကပ်ဖီးယား)
  • Yogurt ( ဒိန်ချဉ် )
  • Sour cream ( နို့ကိုအချဉ်ဖောက်ပြီးပြုလုပ်
    ထားသောခရင်မ်၊ မွေးနေ့ကိတ်လုပ်ရာတွင်အ
    သုံးပြုသလိုမျိုးခရင်မ်အပျစ်)

၂. ဟင်းသီးဟင်းရွတ်များဖြင့်ပြုလုပ်ထားသော
Lacto-Fermented အစားအသောက်များ

  • Sauerkraut ( ဂေါ်ဖီချဉ်ဖတ်)
  • Pickles ( ဆားရည်စိမ်၊ _သနပ် )
  • Kimchi ( ကင်ချိ)
  • Kombucha Tea
  • Beet Kvass (သကြားမုန်လာဥချဉ်ဖျော်ရည်)
  • Natto ( ပဲပိစပ်ချဉ်)
  • Chutneys ( ချတ္တနီး)

၃. အသား၊ ငါး Lacto-Fermented အစားအ
သောက်များ

  • အသား၊ ငါးများကိုလည်း Lacto-Fermented အစားအသောက်များဖြစ်ပြုလုက်နိုင်ပါသည်။

AZT ( ပြည်သူ့ချဉ်ဖတ်)

Leave a comment

Design a site like this with WordPress.com
Get started