၁. Kombucha Tea မျပဳလုပ္မီ ေအာက္ပါ
ပစၥည္းမ်ားႀကိဳတင္ဝယ္ယူစုေဆာင္းထား
ရပါမည္။
👉 တစ္လီတာေက်ာ္စန္႔မည့္ ဖန္ဗူးတဗူး
👉 သစ္သားဇြန္းရွည္ တစ္ေခ်ာင္း ( သို႔)
ပလပ္စတစ္ဇြန္းရွည္တစ္ေခ်ာင္း
👉 အဖုံးပိတ္ရန္ အဝတ္ပိုင္းသန္႔သန္႔တစ္ခု ( သို႔)
Papaer Coffee Filter
👉 သေရကြင္း ( ပိတ္ထားမည့္အဝတ္ပိုင္း ( သို႔)
Papaer Coffee Filter ကိုစည္းရန္)
၂. Kombucha Tea ျပဳလုပ္ရန္ ပါဝင္သည့္
ပစၥည္းမ်ား
👉 ကလိုရင္းမပါေသာ( Unchlorinated)၊
ဖလိုရိုက္မပါေသာ( Unfluoridated) ေရ
👉 သၾကားအျဖဴ
👉 Green Tea Bags ( Or) Black Tea Bags
( Or) အိမ္သုံးသဘာဝ လက္ဖက္ေျခာက္
👉 Active Kombucha SCOBY
၃. Kombucha Tea ျပဳလုပ္နည္းမ်ား
🏺 တစ္လီတာေက်ာ္ ( One-Quart ) အတြက္
👉 Green Tea ( or ) Black Tea ၂ထုပ္ ( သို႔ )
အိမ္သုံးသဘာဝလက္ဖက္ေျခာက္ လက္ဖက္
စားဇြန္း ၁ ဇြန္းခြဲ
👉 သၾကား ထမင္းစားဇြန္း ( ၄) ဇြန္း ( 1/4 Cup)
👉 ေရ ၅၀၀-၇၀၀ မီလီလီတာ ( 2-3 Cup)
👉 ယခင္ျပဳလုပ္ၿပီးသား Kombucha Tea
ရိွပါက ၁၂၅ မီလီလီတာ
🏺🏺 ဂါလံဝက္ ( Half-Gallon) အတြက္
👉 Green Tea ( or ) Black Tea ၄ ထုပ္ ( သို႔ )
အိမ္သုံးသဘာဝလက္ဖက္ေျခာက္ ထမင္းစား
ဇြန္း ၁ ဇြန္း
👉 သၾကား ထမင္းစားဇြန္း ( ၈) ဇြန္း ( 1/2 Cup)
👉 ေရ ၁.၅၀၀လီတာ-၁.၇၅၀လီတာ ( 6-7 Cup)
👉 ယခင္ျပဳလုပ္ၿပီးသား Kombucha Tea
ရိွပါက ၂၅၀ မီလီလီတာ
🏺🏺🏺တစ္ဂါလံ ( Gallon Batch) အတြက္
👉 Green Tea ( or ) Black Tea ၈ထုပ္ ( သို႔ )
အိမ္သုံးသဘာဝလက္ဖက္ေျခာက္ ထမင္းစား
ဇြန္း ၂ ဇြန္း
👉 သၾကား ထမင္းစားဇြန္း(၁၆) ဇြန္း ( 1 Cup)
👉 ေရ ၃.၂၅လီတာ-၃.၅၀လီတာ ( 13-14 Cup)
👉 ယခင္ျပဳလုပ္ၿပီးသား Kombucha Tea
ရိွပါက ၅၀၀ မီလီလီတာ
First Fermentation ( 1F ) ပထမအဆင့္
အခ်ဥ္ေဖာက္ျခင္း
၁. ပထမဦးဆုံး သၾကားကို ေရပူပူႏွင့္ ေပ်ာ္သည္
အထိေဖ်ာ္ပါ၊ သၾကား လုံးဝ( လုံးဝ) ေပ်ာ္သည္
အထိေဖ်ာ္ပါ။
၂. သၾကားေပ်ာ္ရည္ထဲထို႔ လက္ဖက္ေျခာက္ (သို႔)
Tea bags ကိုထည့္၍ ၁၀-၁၅ မီနစ္စိမ္ပါ။
ၾကာၾကာစိမ္ေလ လက္ဖက္ရည္အရသာပိုျပင္း
ေလျဖစ္ပါသည္။
၃. အားလုံးေရာၿပီးေသာ လက္ဖက္ရည္ေဖ်ာ္ရည္
ကို ေအးေအာင္ထားပါ၊
၄. Tea bags မ်ားကိုဖယ္ထုတ္လိုက္ပါ၊ အိမ္သုံး
လက္ဖက္ေျခာက္ႏွင့္ျပဳလုပ္ပါက ေရစစ္ျဖင့္စစ္ပါ
အားလုံးၿပီးစီးပါက စိမ္မည့္ဖန္ဗူးထဲထည့္ပါ။
၅. ယခင္ျပဳလုပ္ထားေသာ Kombucha Tea
ရိွပါကထည့္ပါ။
၆. SCOBY ထညိ့ပါ။
၇. အဖုံးကို အဝတ္စသန္႔သန္႔ေလးျဖင့္ သေရပင္
စီးၿပီးပိတ္ပါ။
၈. ေနေရာင္တိုက္ရိုက္မထိေသာေနရာ၊ အပူခ်ိန္
68-85°F ၌ ၇ ရက္ မွ ရက္ ၃၀ အထိထားပါ။
၇ရက္ျပည့္လၽွင္ျမည္းၾကည့္၍ လိုအပ္ေသာအရ
သာရလွ်င္ စစ္၍ေသာက္သုံးႏိုင္ပါသည္။
ရက္ၾကာၾကာထားေလ အခ်ဳိအရသာေလ်ာ့ေလ
ျဖစ္ၿပီး ရွာလကာရည္အရသာဘက္သို႔ပိုကူးသြား
ပါသည္။
၉. ဤအဆင့္ ( 1F) တြင္စတင္ေသာက္သုံးႏိုင္ပါ
သည္။ အနံအရသာ ရိွရိွေသာက္သုံးလိုသူမ်ားမွာ
မိမိတို႔ႀကိဳက္ႏွစ္သက္သည့္သစ္သီးမ်ားျဖင့္ ( 2F)
ဒုတိယအဆင့္ ဆက္လက္ျပဳလုပ္ႏိုင္ပါသည္။
Second Fermentation ( 2F ) ဒုတိယအဆင့္
အခ်ဥ္ေဖာက္ျခင္း
၁. SCOBY ဖယ္ထားၿပီးေသာ 1F Kombucha Tea ထဲသို႔ မိမိတို႔ႀကိဳက္ႏွစ္သက္ေသာ အသီး၊ အသီးေျခာက္၊ ေဖ်ာ္ရည္တို႔ထည့္ပါ။
၂. အခန္းတြင္းအပူခ်ိန္၌ ၂ ရက္မွ ၁၄ ရက္ထိ
ထားပါ။ မိမိလိုခ်င္ေသာအရသာျဖစ္သည့္အခ်ိန္
၌ စစ္၍ေသာက္သုံးႏိုင္ပါသည္။
၃. သစ္သီး၊သစ္သီးေျခာက္မ်ာထည့္ပါက
Kombucha Tea ၏ ၁၀-၃၀ ရာခိုင္ႏုန္း၊
ေဖ်ာ္ရည္ထည့္ပါက ၁၀-၂၀ ရာခိုင္ႏုန္း။
ဒုတိယအဆင့္အခ်ဥ္ေဖာက္ျခင္း ( 2F) ၾကာခ်ိန္
သည္အနည္းဆုံး ၂ရက္မွ ၁၄ရက္ဆိုေသာ္လည္း
အခန္းတြင္းအပူခ်ိန္၊ မိမိတို႔ႀကိဳက္ႏွစ္သက္သည့္
အရသာေပၚတို႔တြင္လည္းမူတည္ပါသည္။
ျပဳလုပ္ၿပီး Kombucha Tea ကို ေရခဲေသတၱာထဲ
၌ ၁၄ ရက္ထိ သိမ္းထားႏိုင္ပါသည္။
unicode
၁. Kombucha Tea မပြုလုပ်မီ အောက်ပါ
ပစ္စည်းများကြိုတင်ဝယ်ယူစုဆောင်းထား
ရပါမည်။
👉 တစ်လီတာကျော်စန့်မည့် ဖန်ဗူးတဗူး
👉 သစ်သားဇွန်းရှည် တစ်ချောင်း ( သို့)
ပလပ်စတစ်ဇွန်းရှည်တစ်ချောင်း
👉 အဖုံးပိတ်ရန် အဝတ်ပိုင်းသန့်သန့်တစ်ခု ( သို့)
Papaer Coffee Filter
👉 သရေကွင်း ( ပိတ်ထားမည့်အဝတ်ပိုင်း ( သို့)
Papaer Coffee Filter ကိုစည်းရန်)
၂. Kombucha Tea ပြုလုပ်ရန် ပါဝင်သည့်
ပစ္စည်းများ
👉 ကလိုရင်းမပါသော( Unchlorinated)၊
ဖလိုရိုက်မပါသော( Unfluoridated) ရေ
👉 သကြားအဖြူ
👉 Green Tea Bags ( Or) Black Tea Bags
( Or) အိမ်သုံးသဘာဝ လက်ဖက်ခြောက်
👉 Active Kombucha SCOBY
၃. Kombucha Tea ပြုလုပ်နည်းများ
🏺 တစ်လီတာကျော် ( One-Quart ) အတွက်
👉 Green Tea ( or ) Black Tea ၂ထုပ် ( သို့ )
အိမ်သုံးသဘာဝလက်ဖက်ခြောက် လက်ဖက်
စားဇွန်း ၁ ဇွန်းခွဲ
👉 သကြား ထမင်းစားဇွန်း ( ၄) ဇွန်း ( 1/4 Cup)
👉 ရေ ၅၀၀-၇၀၀ မီလီလီတာ ( 2-3 Cup)
👉 ယခင်ပြုလုပ်ပြီးသား Kombucha Tea
ရှိပါက ၁၂၅ မီလီလီတာ
🏺🏺 ဂါလံဝက် ( Half-Gallon) အတွက်
👉 Green Tea ( or ) Black Tea ၄ ထုပ် ( သို့ )
အိမ်သုံးသဘာဝလက်ဖက်ခြောက် ထမင်းစား
ဇွန်း ၁ ဇွန်း
👉 သကြား ထမင်းစားဇွန်း ( ၈) ဇွန်း ( 1/2 Cup)
👉 ရေ ၁.၅၀၀လီတာ-၁.၇၅၀လီတာ ( 6-7 Cup)
👉 ယခင်ပြုလုပ်ပြီးသား Kombucha Tea
ရှိပါက ၂၅၀ မီလီလီတာ
🏺🏺🏺တစ်ဂါလံ ( Gallon Batch) အတွက်
👉 Green Tea ( or ) Black Tea ၈ထုပ် ( သို့ )
အိမ်သုံးသဘာဝလက်ဖက်ခြောက် ထမင်းစား
ဇွန်း ၂ ဇွန်း
👉 သကြား ထမင်းစားဇွန်း(၁၆) ဇွန်း ( 1 Cup)
👉 ရေ ၃.၂၅လီတာ-၃.၅၀လီတာ ( 13-14 Cup)
👉 ယခင်ပြုလုပ်ပြီးသား Kombucha Tea
ရှိပါက ၅၀၀ မီလီလီတာ
First Fermentation ( 1F ) ပထမအဆင့်
အချဉ်ဖောက်ခြင်း
၁. ပထမဦးဆုံး သကြားကို ရေပူပူနှင့် ပျော်သည်
အထိဖျော်ပါ၊ သကြား လုံးဝ( လုံးဝ) ပျော်သည်
အထိဖျော်ပါ။
၂. သကြားပျော်ရည်ထဲထို့ လက်ဖက်ခြောက် (သို့)
Tea bags ကိုထည့်၍ ၁၀-၁၅ မီနစ်စိမ်ပါ။
ကြာကြာစိမ်လေ လက်ဖက်ရည်အရသာပိုပြင်း
လေဖြစ်ပါသည်။
၃. အားလုံးရောပြီးသော လက်ဖက်ရည်ဖျော်ရည်
ကို အေးအောင်ထားပါ၊
၄. Tea bags များကိုဖယ်ထုတ်လိုက်ပါ၊ အိမ်သုံး
လက်ဖက်ခြောက်နှင့်ပြုလုပ်ပါက ရေစစ်ဖြင့်စစ်ပါ
အားလုံးပြီးစီးပါက စိမ်မည့်ဖန်ဗူးထဲထည့်ပါ။
၅. ယခင်ပြုလုပ်ထားသော Kombucha Tea
ရှိပါကထည့်ပါ။
၆. SCOBY ထညိ့ပါ။
၇. အဖုံးကို အဝတ်စသန့်သန့်လေးဖြင့် သရေပင်
စီးပြီးပိတ်ပါ။
၈. နေရောင်တိုက်ရိုက်မထိသောနေရာ၊ အပူချိန်
68-85°F ၌ ၇ ရက် မှ ရက် ၃၀ အထိထားပါ။
၇ရက်ပြည့်လျှင်မြည်းကြည့်၍ လိုအပ်သောအရ
သာရလျှင် စစ်၍သောက်သုံးနိုင်ပါသည်။
ရက်ကြာကြာထားလေ အချိုအရသာလျော့လေ
ဖြစ်ပြီး ရှာလကာရည်အရသာဘက်သို့ပိုကူးသွား
ပါသည်။
၉. ဤအဆင့် ( 1F) တွင်စတင်သောက်သုံးနိုင်ပါ
သည်။ အနံအရသာ ရှိရှိသောက်သုံးလိုသူများမှာ
မိမိတို့ကြိုက်နှစ်သက်သည့်သစ်သီးများဖြင့် ( 2F)
ဒုတိယအဆင့် ဆက်လက်ပြုလုပ်နိုင်ပါသည်။
Second Fermentation ( 2F ) ဒုတိယအဆင့်
အချဉ်ဖောက်ခြင်း
၁. SCOBY ဖယ်ထားပြီးသော 1F Kombucha Tea ထဲသို့ မိမိတို့ကြိုက်နှစ်သက်သော အသီး၊ အသီးခြောက်၊ ဖျော်ရည်တို့ထည့်ပါ။
၂. အခန်းတွင်းအပူချိန်၌ ၂ ရက်မှ ၁၄ ရက်ထိ
ထားပါ။ မိမိလိုချင်သောအရသာဖြစ်သည့်အချိန်
၌ စစ်၍သောက်သုံးနိုင်ပါသည်။
၃. သစ်သီး၊သစ်သီးခြောက်မျာထည့်ပါက
Kombucha Tea ၏ ၁၀-၃၀ ရာခိုင်နုန်း၊
ဖျော်ရည်ထည့်ပါက ၁၀-၂၀ ရာခိုင်နုန်း။
ဒုတိယအဆင့်အချဉ်ဖောက်ခြင်း ( 2F) ကြာချိန်
သည်အနည်းဆုံး ၂ရက်မှ ၁၄ရက်ဆိုသော်လည်း
အခန်းတွင်းအပူချိန်၊ မိမိတို့ကြိုက်နှစ်သက်သည့်
အရသာပေါ်တို့တွင်လည်းမူတည်ပါသည်။
ပြုလုပ်ပြီး Kombucha Tea ကို ရေခဲသေတ္တာထဲ
၌ ၁၄ ရက်ထိ သိမ်းထားနိုင်ပါသည်။







