KombuchaTea ဆိုတာဘာလဲ

Kombucha Tea ဆိုတာလြန္ခဲ့ေသာႏွစ္ေပါင္း 
၂၀၀၀ ေက်ာ္ကတည္းကတ႐ုတ္လူမ်ဳိးမ်ား
က်န္းမာေရးအတြက္ ထာဝရရွင္သန္ေနေသာ
သက္ေစာင့္ေဆးအျဖစ္ယံုၾကည္ေသာက္သံုး
ၾကသည့္ အခ်ဥ္ေဖာက္ထားေသာလက္ဘက္
ရည္ျဖစ္ပါသည္။

Kombucha Tea ဆိုသည္မွာသင္၏ ႏွလံုး၊
ဦးေႏွာက္ႏွင့္ အူ က်န္းမာေရးတို႔ကိုအလြန္တ
ရာအက်ဳိးရိွေစသည့္ေဖ်ာ္ရည္ျဖစ္ပါသည္။

Probiotic လို႔ေခၚတဲ့ အက်ဳိးျပဳဘက္တီးရီး
ယားမ်ားရရိွႏိုင္ေသာအခ်ဥ္ေဖာက္ထားသည့္
အစားအစာမ်ားထဲတြင္ Kombucha Tea 
လည္းအပါအဝင္ျဖစ္ပါသည္။ Probiotic ေခၚ
အက်ဳိးျပဳဘက္တီးယားမ်ားသည္ အစာေျခလမိး
ေၾကာင္းတြင္အမ်ားအျပားရိွၿပီး အဟာရဓာတ္
မ်ားကိုစုပ္ယူျခင္း၊ကိုယ္ခံအားျမင့္တင္မူအပိုင္း
ကိုအေထာက္အကူေပးျခင္း၊ေရာဂါကူးစက္မူ၊
နာမက်န္းျဖစ္မူတို႔ကိုကာကြယ္ေပးျခင္းတို႔ကို
အေထာက္အကူအမ်ားႀကီးေပးပါသည္။

သင္၏ခုခံအားစနစ္ ၈၀ ရာခိုင္ႏုန္းခန္႔သည္
အူ အတြင္းတည္ရိွၿပီး၊အစာေျခစနစ္သည္ 
ဦးေႏွာက္ႏွင့္အာ႐ံုေၾကာ၏ ဒုတိယအႀကီးဆံုး
အစိတ္အပိုင္းျဖစ္သျဖင့္ အူ ကို ဒုတိယဦးေႏွာက္
ဟုေခၚဆိုၾကသည္မွာ အံအားသင့္စရာမဟုတ္ပါ။

Kombucha Tea ေန႔စဥ္ေသာက္ျခင္းအားျဖင့္
သင္၏အားနည္းေသာကိုယ္ခံအားစနစ္ျပဳျပင္
ထိန္းသိမ္းျခင္းကိုအေထာက္အကူေပးႏိုင္ၿပီး၊
ကိုယ္ခံအားျမင့္တင္ႏိုင္ျခင္းေၾကာင့္အျခားက်န္း
မာေရးအက်ဳိးေက်းဇူးမ်ားကိုလည္းတျဖည္း
ျဖည္းျခင္းရရိွလာႏိုင္ပါသည္။

Kombucha Tea ျပဳလုပ္ရန္ သၾကား၊ 
Black Tea ( or) Green Tea ႏွင့္ SCOBY
( Symbiotic Colony of Bacteria and Yeast) တို႔လိုအပ္ပါသည္။

SCOBY ဆိုတာဘာလဲ…….

SCOBY ဆိုတာ ( symbiotic colony of bacteria and yeast) Bacteria မ်ားႏွင့္ Yeasts မ်ားတစ္ေနရာတည္းတြင္ သဟဇာ
တ မွ်တစြာအတူေနထိုင္ျခင္းကိုေခၚပါသည္။
SCOBY ကို Apple Cider Vinegar(ACV)
တြင္ေတြ႕ရေသာThe mother ႏွင့္တူသျဖင့္
The mother ဟုလည္းေခၚပါသည္။
သည္။

SCOBY သည္ ဘက္တီးရီးယား ႏွင့္ Yeasts
မ်ဳိးစံုတိုေနထိုင္ရာအိမ္ျဖစ္ၿပီး၊အဝါေရာင္သန္း
ေသာ(Pancake) ပန္ကိတ္ပံုသ႑န္အခ်ပ္ေလး
ျဖစ္ပါသည္။ SCOBY သည္လက္ဘက္ရည္ခ်ဳိ တြင္ပါဝင္ေသာ သၾကားႏွင့္သတၳဳဓာတ္မ်ားကို
စားသံုးၿပီး အသက္ရွင္ေနထိုင္ေပါက္ပြားၾကပါ
သည္။

SCOBY တြင္ပါဝင္ေသာ ဘက္တီးရီးယားမ်ား
ႏွင့္ Yeasts တို႔သည္ လက္က္ဘက္ရည္ခ်ဳိမွာ
သၾကားႏွင့္သတၳဳဓာတ္မ်ားကိုစားၿပီးကာဗြန္နိတ္
မ်ား၊ဗီတာမင္ ဘီမ်ား၊ အင္ဇီုင္းမ်ား၊ ပ႐ိုဘိုင္အို
တစ္မ်ား၊အက္ဆစ္ျဒပ္ပါဝင္မူမ်ားေသာ Acetic
Acid, Gluconic Acid, lactic Acid မ်ားႏွင့္ ဆဲလ္မ်ားကိုကာကြယ္ေပးေသာ (cellulose
producing bacteria) မ်ားကိုထုတ္ေပးပါသည္

unicode

Kombucha Tea ဆိုတာလွန်ခဲ့သောနှစ်ပေါင်း
၂၀၀၀ ကျော်ကတည်းကတရုတ်လူမျိုးများ
ကျန်းမာရေးအတွက် ထာဝရရှင်သန်နေသော
သက်စောင့်ဆေးအဖြစ်ယုံကြည်သောက်သုံး
ကြသည့် အချဉ်ဖောက်ထားသောလက်ဘက်
ရည်ဖြစ်ပါသည်။

Kombucha Tea ဆိုသည်မှာသင်၏ နှလုံး၊
ဦးနှောက်နှင့် အူ ကျန်းမာရေးတို့ကိုအလွန်တ
ရာအကျိုးရှိစေသည့်ဖျော်ရည်ဖြစ်ပါသည်။

Probiotic လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီး
ယားများရရှိနိုင်သောအချဉ်ဖောက်ထားသည့်
အစားအစာများထဲတွင် Kombucha Tea
လည်းအပါအဝင်ဖြစ်ပါသည်။ Probiotic ခေါ်
အကျိုးပြုဘက်တီးယားများသည် အစာခြေလမိး
ကြောင်းတွင်အများအပြားရှိပြီး အဟာရဓာတ်
များကိုစုပ်ယူခြင်း၊ကိုယ်ခံအားမြင့်တင်မူအပိုင်း
ကိုအထောက်အကူပေးခြင်း၊ရောဂါကူးစက်မူ၊
နာမကျန်းဖြစ်မူတို့ကိုကာကွယ်ပေးခြင်းတို့ကို
အထောက်အကူအများကြီးပေးပါသည်။

သင်၏ခုခံအားစနစ် ၈၀ ရာခိုင်နုန်းခန့်သည်
အူ အတွင်းတည်ရှိပြီး၊အစာခြေစနစ်သည်
ဦးနှောက်နှင့်အာရုံကြော၏ ဒုတိယအကြီးဆုံး
အစိတ်အပိုင်းဖြစ်သဖြင့် အူ ကို ဒုတိယဦးနှောက်
ဟုခေါ်ဆိုကြသည်မှာ အံအားသင့်စရာမဟုတ်ပါ။

Kombucha Tea နေ့စဉ်သောက်ခြင်းအားဖြင့်
သင်၏အားနည်းသောကိုယ်ခံအားစနစ်ပြုပြင်
ထိန်းသိမ်းခြင်းကိုအထောက်အကူပေးနိုင်ပြီး၊
ကိုယ်ခံအားမြင့်တင်နိုင်ခြင်းကြောင့်အခြားကျန်း
မာရေးအကျိုးကျေးဇူးများကိုလည်းတဖြည်း
ဖြည်းခြင်းရရှိလာနိုင်ပါသည်။

Kombucha Tea ပြုလုပ်ရန် သကြား၊
Black Tea ( or) Green Tea နှင့် SCOBY
( Symbiotic Colony of Bacteria and Yeast) တို့လိုအပ်ပါသည်။

SCOBY ဆိုတာဘာလဲ…….

SCOBY ဆိုတာ ( symbiotic colony of bacteria and yeast) Bacteria များနှင့် Yeasts များတစ်နေရာတည်းတွင် သဟဇာ
တ မျှတစွာအတူနေထိုင်ခြင်းကိုခေါ်ပါသည်။
SCOBY ကို Apple Cider Vinegar(ACV)
တွင်တွေ့ရသောThe mother နှင့်တူသဖြင့်
The mother ဟုလည်းခေါ်ပါသည်။
သည်။

SCOBY သည် ဘက်တီးရီးယား နှင့် Yeasts
မျိုးစုံတိုနေထိုင်ရာအိမ်ဖြစ်ပြီး၊အဝါရောင်သန်း
သော(Pancake) ပန်ကိတ်ပုံသဏ္ဍန်အချပ်လေး
ဖြစ်ပါသည်။ SCOBY သည်လက်ဘက်ရည်ချို တွင်ပါဝင်သော သကြားနှင့်သတ္ထုဓာတ်များကို
စားသုံးပြီး အသက်ရှင်နေထိုင်ပေါက်ပွားကြပါ
သည်။

SCOBY တွင်ပါဝင်သော ဘက်တီးရီးယားများ
နှင့် Yeasts တို့သည် လက်က်ဘက်ရည်ချိုမှာ
သကြားနှင့်သတ္ထုဓာတ်များကိုစားပြီးကာဗွန်နိတ်
များ၊ဗီတာမင် ဘီများ၊ အင်ဇီုင်းများ၊ ပရိုဘိုင်အို
တစ်များ၊အက်ဆစ်ဒြပ်ပါဝင်မူများသော Acetic
Acid, Gluconic Acid, lactic Acid များနှင့် ဆဲလ်များကိုကာကွယ်ပေးသော (cellulose
producing bacteria) များကိုထုတ်ပေးပါသည်

Leave a comment

Design a site like this with WordPress.com
Get started