ဆရာဖြီုးရဲ့ Kefir ပေါင်းချုပ်
Crid…Dr. Phyo Maung Maung
Crid…Dr. Phyo Maung Maung
Kefir
Kefir,ဒီစာလုံးကို ကျွန်တော်ခေါ်တာက ကီဖာ၊တစ်ချို့ကလည်း ကလီဖာ လို့ခေါ်ကြတယ်။အင်္ဂလိပ်စာလုံးတစ်ခုကို မြန်မာလိုခေါ်ရင် ဒီလိုပါပဲ။
Kefir ဟာ တူရကီစကား keif ကလာပါတယ်။ခံစားမှုကောင်းခြင်းလို့ အဓိပ္ပါယ်ရပါတယ်။
Kefir ကို စတွေ့တာက အရှေ့ဥရောပ ကော့ကေးဆပ် (Caucasus) တောင်တန်းတွေမှာနေတဲ့ ရှေးကျတဲ့မျိုးနွယ်စုတွေပါ။သူတို့သုံးတာက သိုးနို့ကရတဲ့ နို့ kefir ပါ။မျိုးနွယ်စုတစ်ခု နဲ့ တစ်ခု လက်ဆင့်ကမ်းပြီး ရိုးရာနည်းတစ်ခုအဖြစ်ထိန်းသိမ်းထားပါသည်။
Kefir နဲ့ပတ်သတ်ပြီး ယုံတမ်းစကားတွေ၊ဆန်းကျယ်မှုတွေနဲ့ ပြည့်နေပါသည်။ခရစ်ယာန်ဓမ္မဟောင်းကျမ်းမှာပါတဲ့ သဲကန္တာရနေ ဣသရေလ လူမျိုး (ဂျူးလူမျိုး)တွေကို ဘုရားသခင် ကျွေးတဲ့ မာနာ(manna)ဆိုတဲ့ မုန့်ဟာ kefir လို့ပြောပါသည်။တစ်ချို့ယုံကြည်ကြတာက kefirသည် တမန်တော် မိုဟာမက်ပေးခဲ့တဲ့ တမန်တော်ရဲ့ဆေးဖြစ်တယ်လို့ပါ။ယုံတမ်းတွေကတစ်ကယ်ဟုတ်မဟုတ်တော့မသိပါ။ဖတ်ထားတာကိုပြောပြယုံပါ။
Kefir ဟာ ရောဂါကိုကုသနိုင်တယ်ဆိုတဲ့ အမှန်တရားဟာ သိပ်ကိုသေချာနေတော့ ရိုးရာမျိုးစုတွေဆီက နည်းလမ်းကို တောင်းယူပြီး ရှရှားဆရာဝန်တွေ တီဘီရောဂါကိုကုသဖို့စတင်အသုံးပြုခဲ့ကြပါသည်။၁၉၀၀ ပြည့် အလယ်လောက်မှာ ရုရှားမှာ kefir အမြောက်အမြားကို ထုတ်လုပ်ပြီး အသုံးပြုခဲ့ကြပါသည်။
Kefir ဆိုတာဘာလဲ။
အချည်ဖောက်ထားတဲ့ အစာပြေသောက်စရာတစ်မျိုးပါ။ပရိုအိုင်အိုတစ် သောက်စရာ (probiotic drink)လို့ခေါ်ပါသည်။
Kefir ဆိုတာ လူသားအကျိုးပြု ပရိုအိုင်အိုတစ်(probiotics) နဲ့ တစေး (yeast) နှစ်ခုပေါင်းထားပြီး မျိုးစိတ်နှစ်ခု အပြန်အလှန်အကျိုးပြုနေထိုင်နေတာပါ။
Kefir ကိုပြုလုပ်တော့မည်ဆိုရင် kefir အစေ့ခြောက်ဝယ်ရပါသည်။kefir starter လို့ အများကခေါ်ပါသည်။အရည်အသွေးမျိုးစုံ နဲ့ တံဆိပ်မျိုးစုံရှိပါသည်။
မြန်မာပြည်မှာ Kefir ကို သောက်စရာအနေနဲ့ လုပ်ထားတဲ့ အမျိုးအစားနှစ်မျိုးခေတ်စားပါသည်။
၁။သကြားရည် နဲ့ လုပ်တဲ့ kefir(Water Kefir)(WK)
၂။နို့နဲ့လုပ်တဲ့ kefir (Milk Kefir)(MK)ပါ။
ပညာရှင်တွေသိပ်ကြိုက်တဲ့နောက်တစ်မျိုးက
၃။အုန်းနို့နဲ့ လုပ်တဲ့ kefir(Coconut milk kefir) နဲ့ အုန်းရေနဲ့လုပ်တဲ့ kefir(coconut water Kefir)ဖြစ်ပါသည်။
Kefir နဲ့ ဒိန်ချဉ် မတူတာက
၁။ဒိန်ချဉ် လုပ်ဖို့ နို့ကိုအပူပေးရပါသည်။Kefir အပူပေးဖို့မလိုပါဘူး။
၂။ဒိန်ချဉ်မှာလူသားအကျိုးပြပိုး(probiotics)ပါဝင်မှု အမျိုးအစား ၁၀ မျိုးလောက်ပဲပါပါသည်၊Kefir မှာ အမျိုးအစားအရေအတွက် သုံးဆယ်ကျော်ပါပါသည်။Kefir မှာသာ ပါတဲ့ lactobacillus kefiri ဆိုတဲ့ အကျိုးပြုပိုးဟာ ဝမ်းရောဂါများကို နှိမ်နှင်းပေးပါသည်။
၃။ဒိန်ချဉ်က အကျိုးပြုပိုးဟာ အူလမ်းကြောင်းထဲမှာ ဧည့်သည်လို ကြာရှည်မနေပါဘူး။Kefir မှာပါတဲ့ အကျိုးပြုပိုးက အူလမ်းကြောင်းမှာ အိမ်ရှင်လိုကြာရှည်နေပြီး အကျိုးပြုပါသည်။
Water Kefir မှာ အကျိုးပြုပိုးက သကြားကို စားစရာအဖြစ်သုံးပါသည်။တစေးက ကစော်ဖောက်ပါတယ်။ဒါကြောင့် အနည်းငယ်သော အယ်ကိုဟော(alcohol)ပါတဲ့ သောက်စရာကိုရပါတယ်။
Milk Kefir မှာ အကျိုးပြုပိုးက နို့ထဲမှာပါတဲ့ (လက်တို့စ်) lactose ဆိုတဲ့ ပရိုတန်းတွေကို စားသုံးပြီး လက်တစ်အက်ဆစ်(lactic acid)ထုတ်ပေးပါသည်။ကျန်ခဲ့တဲ့အရည်ကြည်ဟာ အဟာရတန်ဖို့ သိပ်မြင့်မားပြီး လူသားအကျိုးပြု whey ပရိုတိန်းပါ။(ရေးပေးပြီးဖြစ်ပါသည်။)
အုန်းနို့ အုန်းရည်နဲ့ လုပ်တဲ့ kefir ဟာ သတ္ထုဓာတ်မျိုးစုံနဲ့ အဟာရတန်ဖိုး အလွန်ကောင်းပါသည်။သတ်သတ်လွတ်စားလို့ နို့မသောက်ဘူး၊သကြားလည်းမကြိုက်ဘူးဆိုသူတွေအတွက် အရမ်းကောင်းတဲ့ kefir ပါ။အုန်းသီးက ရတဲ့ အဟာရလည်းအကုန်ရပါသည်။
Kefir သောက်ရင် ဘာ ဆိုးကျိုးတွေရမလဲ အရင်ကြည့်ရအောင်
Kefir ပြုလုပ်တာ မသန့်ရင်ရောဂါပိုးဝင်တတ်ပါသည်။
Kefir သည် အားကောင်းသော အကျိုးပြုပိုးတွေပါတဲ့သောက်စရာတစ်ခုပါ။သောက်လိုက်လို့ အူထဲရောက်သွားတာနဲ့ kefir အူသန့်ရှင်းရေးစလုပ်ပါသည်။
ရှုပ်နေတဲ့အခန်းကို ရှင်းခါစအချိန်ဆို ပိုရှုပ်တတ်ပါသည်။အိမ်ရှင်းဖူးတဲ့ အိမ်ရှင်မတွေပိုသိပါသည်။ဒါကြောင့် အူလမ်းကြောင်းမသန့်ရှင်းသည့် အနေအထားပေါ်မူတည်ပြီးဘေးထွက်ဆိုးကျိုးရတတ်ပါသည်။
အူလမ်းကြောင်းပုံမှန်ကျန်းမာသူက kefir ကို ဆိုးကျိုးမခံစားရပဲ သက်သက်သာသာသောက်နိုင်ပေမယ့် အူလမ်းကြောင်းမကောင်းဘူးဆိုရင် သောက်လိုက်တာနဲ့ ဗိုက်အောင့်တာ၊ဝမ်းသွားတာ ဝမ်းချုပ်တာ၊သွေးပေါင်မြင့်တက်လာတာ၊တစ်ကိုယ်လုံးနာကျင်ကိုက်ခဲပြီး နေမကောင်းဖြစ်လာတာတွေရှိတတ်ပါသည်။ဝက်ခြံတွေ ထွက်လာတာလည်းရှိပါသည်။ဒါတွေကို တင်စားတာက ကုသမှုကြောင့်ဖြစ်လာသော အကျပ်အတည်း(healing crisis)လို့သုံးပါသည်။
ဒါတွေကို ဘယ်လိုရှောင်မလဲ။
၁။သောက်နေတာကို တစ်ရက်လောက်ရပ်လိုက်ပြီး ရေများများသောက်ပါ။
၂။အရင်ကထက် kefir ကိုပိုသောက်ပါ
၃။နို့ kefir ကြောင့် ဝက်ခြံထွက်ရင် kefir ပြု လုပ်တာ တစ်ရက်ပိုထားပါ။
နံပါတ် ၂ အချက်ကိုတော့ အသုံးနည်းပါသည်။
Kefir ရဲ့ ကောင်းကျိုးတွေက
၁။ခုခံစွမ်းအားကိုမြင့်တက်စေပါသည်။
အူလမ်းကြောင်းအကျိုးပြု ဘက်တီးရီးယား (probiotics)ဟာ အူလမ်းကြောင်းမှာရှိတဲ့ သွေးဖြူဥ အကျိတ်လေးများကို လှုံ့ဆော်ပြီး ရောဂါပိုးခုခံဖို့ ကူညီပေးပါသည်။
Kefir မှာသာပါတဲ့ Lactobacillus kefiri က ဝမ်းကိုက်ရောဂါကိုဖြစ်စေတဲ့ salmonella ဆိုတဲ့ရောဂါပိုးနှင့် ဝမ်းပျက် ဝမ်းလျော၊ဆီးလမ်းကြောင်းရောဂါတွေကို ဖြစ်စေသည့် E coli ဆိုတဲ့ရောဂါပိုးကိုသေစေပါသည်။
Kefir မှာသာပါတဲ့ kefiran ဆိုတဲ့ ဇီဝဓာတ်ပေါင်းက candida လို့ခေါ်တဲ့မှိုကြောင့်ဖြစ်တဲ့ရောဂါများကို ပျောက်ကင်းစေပါသည်။
Kefir မှာ ဘိုင်အိုတင် (biotin) နဲ့ B12 က ခုခံအားစနစ်မြင့်တက်စေပါသည်။
Kefir မှာ ပါတဲ့ တစေး (yeast)က beta glucan 1,3, mannan နှင့် glutathione တို့ကို မြင့်လာစေပြီး ခုခံအားကောင်းစေပါသည်။
၂။အရိုးပွ၊အရိုးပါးသက်သာစေပါသည်။အဓိကပြောတာက နို့ကလုပ်တဲ့ kefir သောက်ရင် ရမည့်အကျိုးပါ။နို့မှာ ကယ်ဆီယမ်(calcium) ,မက်ဂနီဆီယမ်(magnesium),ဗိုက်တာမင် ဒီ(Vitamin D)ပါဝင်ပါသည်။kefir ကထုတ်ပေးတဲ့ ဗိုက်တာမင် K2 ကြောင့် သည် သတ္ထုဓာတ်တွေ အရိုးထဲဝင်ဖို့ အဆင်ပြေသွားပြီး အရိုးပွတာ၊အရိုးပါးတာသက်သာစေပါသည်။
၃။အစာခြေစနစ်ကို ကောင်းမွန်စေပြီး နို့ နှင့် မတည့်ခြင်းကို သက်သာစေပါသည်။Kefir မှာပါတဲ့ အကျိုးပြု ပရိုဘိုင်အိုတစ်တွေက အူလမ်းကြောင်းမှာ နေထိုင်ပြီး ပျက်စီးနေတဲ့အူလမ်းကြောင်းကို ပြုပြင်ပေးပါသည်။တစေမှာ ပါတဲ့ အစာခြေ အင်ဇိုင်းများက အစာခြေစနစ်ကို ကောင်းမွန်စေပါသည်။
၎။ရင်ကျပ်ခြင်း နှင့် ဓာတ်မတည့်ခြင်းတို့ကို သက်သာစေပါသည်။ဓာတ်မတည့်တာ အများစုက အူလမ်းကြောင်းယို့စိမ့်ခြင်း(leaky gut) ကြောင့်ဖြစ်ပါသည်။kefir ကအူလမ်းကြောင်းကိုကုသပေးလို့ ဓာတ်မတည့်တာသက်သာစေပါသည်။
၅။ကိုလက်စတော (cholesterol) နှင့် သွေးတိုးကျစေပါသည်။Kefir မှာပါသည့် kefiran နဲ့ တစေးကထုတ်ပေးတဲ့ ဘီတာ ဂလူဂန် (beta glucan) တို့ကြောင့်ပါ။
၆။ဝက်ခြံကို သက်သာစေပြီး အရေပြားကျန်းမာရေးကောင်းမွန်လာပါသည်။
သန့်စင်တဲ့ အူလမ်းကြောင်းက ဝက်ခြံကို သက်သာပျောက်ကင်းစေပြီး kefir မှာပါတဲ့ ဘိုင်အိုတင်(biotin),ဗိုက်တာမင် B3,B6,B12 နှင့် folate တို့က အရေပြားဆဲလ်အသစ်ထွက်ခြင်းကို ကူညီပေးပါသည်။
၇။kefir မှာပါသည့် B12 နဲ့ Tryptophan လို့ခေါ်တဲ့ ပရိုတိန်းသည် ကောင်းမွန်စွာအိပ်စက်ဖို့ အကူအညီပေးပါသည်။
၈။Kefir ကြောင့် မြင့်တက်လာသည့် ကိုယ်ခံအားစနစ်သည် ကင်ဆာကို ကာကွယ်ပေးပါသည်။
သုသေတန မလုပ်ထားပေမည့် ဝဲနှင်းခူ၊တင်းတိတ်၊အရေပြားဆိုင်ရာရောဂါတွေ ပျောက်ကင်းသည်လို့တော့ ကိုယ်တွေ့တွေရှိပါသည်။
Kefir လုပ်ဖို့ kefir အမှုန့် (kefir powder) နဲ့ kefir အစေ့(kefir grain) ဆိုပြီးဝယ်လို့ပါသည်။grain ကို အသုံးများပါသည်။
Kefir grain နှစ်မျိုးရှိပါသည်။သကြားရည်နဲ့လုပ်တဲ့ kefir အတွက်အသုံးပြုရမည့် grain ကို Water kefir လို့ခေါ်ပြီး milk နဲ့ လုပ်တဲ့ kefir အတွက်လိုအပ်သော grain အမျိုးအစားကို milk kefir grain လို့ခေါ်ပါသည်။
Kefir လုပ်တယ်ဆိုတာ အရမ်းရိုးရှင်းပါသည်။
သကြားရည်ဖျော်ထားတဲ့ ပုလင်းထဲ water kefir grain ထည့်၊ လေလုံအောင်ပိတ်ပြီး အခန်းအပူချိန်မှာ တစ်ရက်လောက်ထားလိုက်ရင် ပထမအဆင့်အချည်ဖောက်ပြီး (first fermentation kefir )ရပါသည်။ဒီ kefir ကို 1F kefir လို့ခေါ်ပါသည်။
1F kefir ထဲက kefire grain ကို kefir စစ်ယူတဲ့ ဇကာနဲ့ စစ်ယူဖယ်ထုတ်ပြီး 1 F kefir အဖြစ်သောက်သုံးနိုင်ပါသည်။ထုတ်ထားသည့် kefir grainကို နောက်သကြားရည်အသစ်ထဲထည့်ကာ kefir အသစ်ထပ်လုပ်လို့ရပါသည်။
1 F kefir ထဲကြိုက်နှစ်သက်ရာ အသီးတစ်ခုခုကို ထည့်လို့ နောက်တစ်ရက်ထားပြီး ဒုတိယအကြိမ်အချဉ်ဖောက်ခြင်း (second fermentation)ကို ပြုလုပ်နိုင်ပါသည်။သူကို kefir သမားတွေခေါ်တာက 2F Kefir ပါ။Kefir စစ်စစ်လည်းဖြစ်တယ်ပြောပါသည်။
2F kefir ကို အချဉ်ဖောက်ထားတဲ့အသီးတွေ ဖယ်စရာမလိုပဲ သည်အတိုင်းသောက်လို့ရလည်းရပါသည်။တစ်ခြား ဒိန်ချဉ်တွေလို အခြားနှစ်သက်ရာ အသီးခြောက်၊ကွေကာ၊အသီးချိုတို့နဲ့ ရောပြီး ကျန်းမာရေးအတွက် အကျိုးရှိတဲ့ သရေစာလို စားသုံးနိုင်ပါသည်။
2F kefir ကို အချဉ်ဖောက်ထားတဲ့အသီးတွေ ဖယ်စရာမလိုပဲ သည်အတိုင်းသောက်လို့ရလည်းရပါသည်။တစ်ခြား ဒိန်ချဉ်တွေလို အခြားနှစ်သက်ရာ အသီးခြောက်၊ကွေကာ၊အသီးချိုတို့နဲ့ ရောပြီး ကျန်းမာရေးအတွက် အကျိုးရှိတဲ့ သရေစာလို စားသုံးနိုင်ပါသည်။
သကြားရည်အစားနို့ကို သုံးရင် နို့ kefir ရပါသည်။နို့ kefir ကထွက်တဲ့ အရည်ကြည်က whey ပရိုတန်းပါ။
သတိထားရမှာတွေတော့ ရှိပါသည်။
သကြားရည် နှင့် အုန်းရေ မှာ water kefir grain သုံးရပါမည်။နို့ နဲ့ အုန်းနို့မှာ milk kefir grain သုံးရပါမည်။အုန်းသီးနုရင် အရသာပိုကောင်းပါသည်။
Water kefir နှင့် milk kefir မှာပါတဲ့ အကျိုးပြုပိုးနဲ့ တစေးအမျိုးအစားမတူလို့ မှားမသုံးမိဖို့အရေးကြီးပါသည်။
Kefir ပြုလုပ်မည့် ပုလင်းဟာ ပလတ်စတစ်မဖြစ်ရပါ။ပလတ်စတစ်မှာပါတဲ့ paraben ဆိုတဲ့ ဓာတ်ပေါင်းကို kefir နဲ့မထိတွေစေလိုလို့ပါ။
Kefir grain ယူရမည့် ဇွန်းကို သတ္ထုပလတ်စတစ်မဖြစ်ရပါ။ဝါးဇွန်း သို့မဟုတ် သစ်ငါးဇွန်းသုံးနိုင်ပါသည်။
ရေဟာ သန့်စင်ပြီး ပိုးသတ်ဆေးကင်းရပါမည်။
သုံးမည့် သကြားဟာ ဓာတုနည်းတွေနဲ့ ဖြူဖွေးအောင်ချွတ်ထားတဲ့ သကြားမဖြစ်ရပါ။သကြားညို နဲ့ သကာများတဲ့သကြားဖြစ်ရပါမည်။
ဘယ်လောက်ထည့်ရမည်ဆိုတဲ့ အချိုးအစားက တစ်ဖွဲ့နဲ့တစ်ဖွဲ့မတူပါ။kefir grain နဲ့ သကြားအချိုးတူရမည်လို့ပြောပါသည်။ရေ တစ်လီတာကို kefir လေးစွန်း သကြားလေးစွန်းလိုပါသည်
Kefir grain ကို သကြားရည်ထဲထည့်ပြီးပြီဆိုရင်လေလုံအောင်ပိတ်ပြီး နေရောင်တိုက်ရိုက်မထိတဲ့နေရာမှာ တစ်ရက်ထားပါ။လိုချင်တဲ့ အရသာ အပျင်းအပျော့ကြည့်ပြီး ဆက်ထားလို့ရပါသည်။
Kefir grain တွေပွားလာရင် နောက်တစ်ဦးကိုမျှဝေလို့ရပါသည်။kefir grainပိုးသတ်ဆေးကင်းတဲ့ ရေသန့်နဲ့ဆေး အခန်းအပူချိန်မှာ ၃ ရက်မှ ၅ ရက်အထိထားလို့အခြောက်ခံပြီးသိမ်းထားလို့ရပါသည်။အခြောက်ခံထားတဲ့ kefir grain ကိုရေခဲသေတ္တာထဲထည့်ထားရင် ၆လ တစ်နှစ်ထားလို့ရပါသည်။
စစ်ယူသည့် ဇကာသည် ပလတ်စတစ် သို့မဟုတ် သတ္ထုရည် မသုတ်ထားတဲ့ စတီး(stainless steel)ဖြစ်ရပါမည်။
သကြားရည်အစား အုန်းရေသုံးရင် coconut water kefir ပါ။နို့အစား အုန်းနို့သုံးရင် coconut milk kefir ပါ။
အေးတဲ့နေရာမှာ kefir အချဉ်ဖောက်တာ နှေးတတ်ပါသည်။တစေးက အအေးကို မကြိုက်လို့ပါ။အယ်ကိုဟောပါဝင်မှုတော့ပိုများလာပါသည်။
ပူတဲ့နေရာမှာ kefir အချဉ်ပိုဖောက်ပြီး လေပလုံစီလေးတွေထပါသည်။တစေးက ပူရင် ပိုတက်ကြွလို့ပါ။အယ်ကိုဟောပါဝင်မှု နည်းသွားပါသည်။
သကြား သုံးစွန်း၊ kefir grain နှစ်စွန်းဆိုရင် အယ်ကိုဟောပါဝင်မှုလျော့ချနိုင်သည်ဟု ရေးထားတာတွေတွေ့ပါသည်။
အုန်းရည်က သတ္ထုဓာတ်များလို့ kefir တွေသိပ်မကြိုက်ပါ။
နွားနို့အစား ဆိတ်နို့၊သိုးနို့ သုံးရင် casein protein ပါဝင်မှုနည်းလို့ ကျန်းမာရေးအတွက်ပိုကောင်းပါသည်။
kefir က အယ်ကိုဟောပါဝင်ပေမည့် ပမာဏ လွန်စွာနည်းပါးလွန်းပါသည်။
နောက်ဆုံးအနေနဲ့ပြောချင်တာက kefir ကို အသည်းရောဂါသမားများ၊ဆီးချို၊သွေးတိုးရောဂါသည်များ၊နှင်းခူ၊ယားနာအစရှိသည့် အရေပြားရောဂါရှင်များ၊နို့တိုက်မိခင်များ၊ကိုယ်ဝန်ဆောင်များ သောက်သုံးနိုင်ကြောင်း ရေးထာသည့် သုသေတနစာတမ်းများ၊ဆောင်းပါများ အများအပြားတွေ့ရလို့ လူတိုင်းသောက်နိုင်သည့် အဖိုးတန်အစားအစာဖြစ်ပါသည်။
ဒါကြောင့် ဘုရားသခင် က မိုးဇက် နဲ့ ဣသရေလ လူမျိုးတွေများအား မာနာ(manna) အဖြစ် kefir ကိုချီးမြှင့်ခဲ့သည်ဆိုတဲ့ ဂန္တဝင်တွင်နေခြင်းပင်ဖြစ်သည်။
PHYO MAUNG
Credit
water kefir / milk kefir grains sharing group ( wkg/mkg လှူဒါန်းသူများအဖွဲ့)
Thanks Ko Aung Zaw Tun and Admin Team.
group link