Kefir ( ကီဖာ) သည် ဆေးမဟုတ်ပါ…
အမေးများဆုံးဖြစ်သော ကင်ဆာရောဂါ၊
ကျောက်ကပ်ရောဂါ၊အသည်းရောဂါ၊
နှလုံးရောဂါစသဖြင့်ရောဂါပေါင်းစုံဝေဒ
နာရှင်များ Kefir သောက်လို့ရ၊ မရ….
ကျောက်ကပ်ရောဂါ၊အသည်းရောဂါ၊
နှလုံးရောဂါစသဖြင့်ရောဂါပေါင်းစုံဝေဒ
နာရှင်များ Kefir သောက်လို့ရ၊ မရ….
အမျိုးတို့ရေ…
ကျွန်တော် Group စလုပ်ကတည်းက Kefir အ
ကြောင်းကိုသေသေချာချာမရှင်းပြနိုင်ခဲ့မိတာနဲ့၊
အမျိုးဟောင်းများရဲ့ လက်ဆင့်ကမ်း ရှင်းပြနိုင်မူ
အားနည်းခဲ့တာကောကြောင့် Kefir ကို တစ်ချို့က ရောဂါပေါင်းစုံပျောက်နိုင်တဲ့ဆေးအဖြစ် ထင်မှတ်
မှားနေကြသလားမသိဘူးခင်ဗျာ။

Kefir ကိုစတင်ဖြန့်ဝေကတည်းက အမှားတစ်ခုက
Probiotic ဆေးအစားထိုးဖျော်ရည်လို့ပြောခဲ့မိ
တာပါ။ တကယ်တော့ Probiotic ဆိုတာကိုက
ဆေးမဟုတ်ပါဘူး၊ ဖြည့်စွက်စာလို့ပြောလို့ရမဲ့
ခန္ဓာကိုယ်အတွက် အကျိုးပြုဘက်တီးရီးယားနဲ့
Yeasts ( မှိုပိုး) လို့ခေါ်တဲ့အကျိုးပြုအဏုဇီဝပိုး တွေကိုပြန်လည်ဖြည့်စွမ်းပေးတာပါ။ကျွန်တော်တို့
ခန္ဓာကိုယ်မှာ အကျိုးပြုဘက်တီးရီးယားများ
နှင့် Yeasts ( မှိုပိုးများ)တနည်းအားဖြင့်ကိုယ်ခန္ဓာ
ကိုအကျိုးပြုတဲ့အဏုဇီဝပိုးများ အရေအတွက်
အားဖြင့်ထရီလီယံ ၁၀၀ ( 100 Trillion) ထိရှိပါ
သည်။ ၎င်း အကျိုးပြုအဏုဇီဝပိုးများ၏အဓိက တာဝန်များမှာအစာခြေပေးခြင်း၊အစာကိုစုပ်ယူ
ခြင်း၊အနာများကျက်စေခြင်း၊ရောဂါပိုးမွှားများရန်မှ
ကာကွယ်ပေးခြင်းနှင့် ခန္ဓာကိုယ်ခုခံအားစနစ်ကို ကောင်းမွန်မျှတအောင်ထိန်းသိမ်းပေးခြင်းတို့ဖြစ်ပါသည်။

ထိုအကျိုးပြုအဏုဇီဝပိုးများကျွန်တော်ခန္ဓာကိုယ်
တွင်ထရီလီယံ ၁၀၀ ပြည့်မီစွာရှိနေလျင်ရောဂါ ပေါင်းစုံမှကြိုတင်ကာကွယ်နိုင်ပြီး၊ယင်းတို့အကျိုး
ပြုအဏုဇီဝပိုးများပြည့်မီခြင်းမရှိပါကနောက်
ဆက်တွဲရောဂါပေါင်းစုံကိုခံစားရပါမည်။
တွင်ထရီလီယံ ၁၀၀ ပြည့်မီစွာရှိနေလျင်ရောဂါ ပေါင်းစုံမှကြိုတင်ကာကွယ်နိုင်ပြီး၊ယင်းတို့အကျိုး
ပြုအဏုဇီဝပိုးများပြည့်မီခြင်းမရှိပါကနောက်
ဆက်တွဲရောဂါပေါင်းစုံကိုခံစားရပါမည်။
ယင်းရောဂါပေါင်းစုံတို့တွင် အစာအိမ်အူလမ်း
ကြောင်းရောဂါများ၊ကင်ဆာရောဂါများ၊အော်တို
အင်မြူးရောဂါများ၊အမျီုးသမီးရောဂါများ၊
ကျောက်ကပ်ရောဂါများ၊အသည်းရောဂါများ၊
နှလုံးရောဂါများ စသည့်ဖြင့်ပါဝင်ကြပါသည်။
Probiotic သောက်ရခြင်း ရည်ရွယ်ချက်မှာ
၎င်းရောဂါခံစားနေရသောသူများကို တစ်ဖက်
တစ်လမ်းမှ အကျိုး ပြုအဏုဇီဝပိုးများပြန်လည်
ဖြည့်တင်းပေးခြင်း၊ ခန္ဓာကိုယ် ကိုယ်ခံအားစနစ်
ပြန်လည်မြှင့်တင်ပေးခြင်းဖြစ်ပြီး၊ မိမိတို့လက်ရှိ
ဖြစ်နေသည့်ရောဂါများ လုံးလုံးပျောက်ကင်းရန်
ဆေးအဖြစ်ပေးခြင်းမမဟုတ်ပါ။
မိမိတို့လက်ရှိဖြစ်နေသည့် ရောဂါများ သက်သာ
ပျောက်ကင်းရန်မှာ Probiotic တစ်မျိုး
တည်းသောက်ရုံနှင့်မရနိုင်ပါ၊ မိမိတို့ပြသကုသနေ
ကြဆရာဝန် ပေးသည့်ဆေးများနှင့် အချိုးညီညီ
သောက်သုံးနိုင်မှ ရောဂါသက်သာပျောက်ကင်းနိုင်
ကြပါမည်။ ယခု ကျွန်တော်တို့ပြန်လည်မျှဝေနေ
သော Kefir သည်လည်း ဆေးမဟုတ်ပါ။
Probiotic အစားထိုး အချဉ်ဖောက်ထားသည့်
အစားအစာတစ်မျိုးသာဖြစ်ပါသည်။ Probiotic ပါဝင်သည့်အချဉ်ဖောက်ထားသောအစားအသောက်
များတွင် Kefir တစ်မျိုးတည်းရှိသည်မဟုတ်ပါ အခြားအစားအသောက်များလည်းရှိပါသေးသည်။
Kefir မှမဟုတ် Probiotic ပါဝင်သောအချဉ်
ဖောက်ထားသည့်အခြားအစားအသောက်များ
အကြောင်းကိုလည်း ကျွန်တော်တတ်နိုင်သ
လောက်ထပ်မံဖော်ပြရေးသားပေးသွားမည်ဖြစ်ပါသည်။
ထို့ကြောင့် ယနေ့မှစ၍ Kefir ကိုရောဂါစုံ ပျောက်သည့်ဆေးအဖြစ်ထင်မှတ်မှားနေလျင်……

(၁) Kefir သည် Probiotic အစားထိုးကျန်းမာ
ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အ
ကူပေးသည့် အကျိုးပြု ဘက်တီးရီးယားများနှင့်
Yeasts ( မှိုပိုးများ) ပါဝင်သော အချဉ်ဖောက်
ထားသည့်အစားအသောက်တစ်မျိုးသာဖြစ်ကြောင်း၊ ရောဂါပေါင်းစုံပျောက်နိုင်သောဆေးမဟုတ်
ကြောင်း….
ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အ
ကူပေးသည့် အကျိုးပြု ဘက်တီးရီးယားများနှင့်
Yeasts ( မှိုပိုးများ) ပါဝင်သော အချဉ်ဖောက်
ထားသည့်အစားအသောက်တစ်မျိုးသာဖြစ်ကြောင်း၊ ရောဂါပေါင်းစုံပျောက်နိုင်သောဆေးမဟုတ်
ကြောင်း….
( ၂ ) တစ်ချို့သူတွေအတွက် ဈေးကွက်အတွင်း
မှာရောင်းချနေတဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့
အချိုရည်ဖျော်ရည်များအစား၊ အစားထိုး
သောက်သုံးနိုင်သည့် ကျန်းမာရေးနှင့်ညီညွတ်
သော အချဉ်ဖောက်ထားသည့်အိမ်လုပ်ဖျာ်ရည်တ
စ်မျီုးသာဖြစ်ကြောင်း ထပ်မံအသိပေးဖော်ပြအပ်
ပါသည်။
မှာရောင်းချနေတဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့
အချိုရည်ဖျော်ရည်များအစား၊ အစားထိုး
သောက်သုံးနိုင်သည့် ကျန်းမာရေးနှင့်ညီညွတ်
သော အချဉ်ဖောက်ထားသည့်အိမ်လုပ်ဖျာ်ရည်တ
စ်မျီုးသာဖြစ်ကြောင်း ထပ်မံအသိပေးဖော်ပြအပ်
ပါသည်။
အမေးများဆုံးဖြစ်သော ကင်ဆာရောဂါ
ကျောက်ကပ်ရောဂါ၊အသည်းရောဂါ၊နှလုံးရောဂါ
စသဖြင့်ရောဂါပေါင်းစုံဝေဒနာရှင်များ Kefir
သောက်လို့ရ၊မရ မေးခွန်းအားလည်း Kefir သည်
ရောဂါပေါင်းစုံပျောက်သည့်ဆေးမဟုတ်ပါ၊
သို့သော် ပဋိဇီဝဆေးဝါးများသောက်သုံးခြင်း
ကြောင့် ခန္ဓာကိုယ်တွင်းဆုံးရှုံးသွားသောအကျိုးပြု
ဘက်တီးရီးယားနှင့် Yeasts ( မှိုပိုးများ) တနည်း
အကျိုးပြုအဏုဇီဝပိုးများကို ပြန်လည်ဖြည့်ပေး
နိုင်သည့်အနေဖြင့်လည်းကောင်း၊ ကိုယ်ခံစွမ်း
အားပြန်လည်မြင့်တင်ပေးနိုင်မည့်အနေဖြင့်
လည်းကောင်း သတ်မှတ်၍သောက်သုံးမည်ဆိုပါက သောက်သုံးနိုင်ပါသည်။ရောဂါစုံပျောက်ကင်းစေ
နိုင်သည့်ဆေးဝါးအဖြစ်ထင်မှတ်၍မသောက်သုံးသင့်ပါ။
Credit

water kefir / milk kefir grains sharing group ( wkg/mkg လှူဒါန်းသူများအဖွဲ့)
Thanks Ko Aung Zaw Tun and Admin Team.
group link