Kefir ဆိုတာဘာလဲ

Kefir ဆိုတာဘာလဲ
******************
အသံထွက်အားဖြင့် ကီဖာ, ကပ်စ်ဖီယား ဟုပြော
ဆိုကြပါသည်။ Kefir ဆိုတာလက်ရှိနိုင်ငံတကာ
တွင်( ၁ ) ပရိုဘိုင်အိုတစ် ( Probiotic ) အစား
ထိုးသုံးစွဲနေသော ( ၂ ) Kifer Soda အနေဖြင့်
အချိုရည် အစားထိုးသုံးစွဲနေသော အချဉ်ဖောက်
ထားသည့် အိမ်လုပ်ပရိုဘိုင်အိုတစ် ဖျော်ရည်တစ်
မျိုးဖြစ်ပါသည်။
Kefir အမျိုးအစား
*****************
Water Kefir ( WK ) နှင့် Milk Kefir ( MK )
ဆိုပြီး Kefir အမျိုးအစား ( ၂ ) မျိုးရှိပါသည်။
Water Kefir ( WK ) ဆိုတာဘာလဲ
*******************************
Water Kefir (WK) ဆိုသည်မှာ သကြားရေ၊
အုန်းစိမ်းရေ၊ သစ်သီးဖျော်ရည် တစ်ခုခုကို
Water Kefir Grains ( WKG ) နှင့်ပေါင်းစပ်
အချဉ်ဖောက်ရာမှ ရရှိလာသော အချဉ်ဖောက်
ထားသည့်ဖျော်ရည်တစ်မျိုးဖြစ်ပါသည်။
Water Kefir Grains ( WKG )ဆိုတာဘာလဲ
***************************************
Water Kefir Grains ( WKG ) ဆိုသည်မှာ မတူ
ကွဲပြားသော သက်ရှိအဏုဇီပိုးမျိုးစိတ် ၂ ခုဖြစ်
သည့် ဘက်တီးရီးယားနှင့် မှိုပိုး( Yeasts) များ
အတူယှဉ်တွဲနေထိုင် မွေးမြူနေကြသည့်အိမ်သ
ဖွယ်ဖြစ်ပြီး၊ သူကို ကီဖာအစေ့ ( Kefir Grains )
ဟု သတ်မှတ်ခေါ်ဆိုကြပါသည်။ ကီဖာအစေ့
( Kefir Grains ) ဟု သတ်မှတ် ခေါ်ဆိုကြသော်
လည်း ဂျုံစေ့၊ စပါးစေ့၊ ပဲစေ့၊ နှမ်းစေ့ ကဲ့သို့သော
အသီးအနှံအစေ့အဆန် ( Grains) များမဟုတ်ကြ
ပါ။
Water Kefir ကိုအချဉ်ဖောက်လုပ်ရာတွင်ပါဝင်
သော သကြားရေသည် သောက်သုံးမည့်သူများအ
တွက်အချိုရည်အနေဖြင့်ရရှိအောင်ပြုလုပ်ထား
ခြင်းမဟုတ်ဘဲ Water Kefir Grains ထဲတွင်ရှိ
သော ဘက်တီးရီးယားများနှင့်မှိုပိုး (Yeasts) များ ဆက်လက်ရှင်သန်ပေါက်ပွားလာရန်အတွက်အစာ
အနေဖြင့်ပြုလုပ်ပေးထားခြင်းဖြစ်ပြီး၊ ၎င်း
Water Kefir Grains လေးများထဲတွင် နေထိုင်
သော ဘက်တီးရီးယားများနှင့် မှိုပိုး ( Yeasts ) များမှ သကြားရေကိုစားပြီး ( Probiotic ) ပရိုဘိုင်အို
တစ်များ၊ အင်ဇီုင်းများ၊ ဗီတာမင် များကို
ထုတ်လုပ်ပေးခြင်းဖြစ်ပါသည်။
Milk Kefir (MK) ဆိုတာဘာလဲ
****************************
Milk Kefir ဆိုသည်မှာ နွားနို့၊ ဆိတ်နို့၊ အုန်းနို့ တစ်
ခုခုကို Milk Kefir Grains ဖြင့် ပေါင်းစပ်အချဉ်
ဖောက်ရာမှာရရှိလာသည့် ဒိန်ချဉ်ကဲ့သို့သော နို့ကို
အချဉ်ဖောက်ထားသည့် အစားအစာတစ်မျိုးဖြစ်
ပါသည်။
Milk Kefir Grains ( MKG )ဆိုတာဘာလဲ
*************************************
Milk Kefir Grains ( MKG ) ဆိုသည်မှာ မတူကွဲ
ပြားသော သက်ရှိအဏုဇီပိုးမျိုးစိတ် ၂ ခုဖြစ်
သည့် ဘက်တီးရီးယားနှင့် မှိုပိုး( Yeasts) များ အတူယှဉ်တွဲနေထိုင် မွေးမြူနေကြသည့်အိမ်သ
ဖွယ်ဖြစ်ပြီး၊ သူကို ကီဖာအစေ့ ( Kefir Grains ) ဟု သတ်မှတ်ခေါ်ဆိုကြပါသည်။ ကီဖာအစေ့
( Kefir Grains ) ဟု သတ်မှတ်ခေါ်ဆိုကြသော်
လည်း ဂျုံစေ့၊ စပါးစေ့၊ ပဲစေ့၊ နှမ်းစေ့ ကဲ့သို့သော် အသီးအနှံအစေ့အဆန် ( Grains) များမဟုတ်ကြ
ပါ။
Milk Kefir ပြုလုပ်ရာတွင် နွားနို့တွင်ပါသော
လပ်စ်တို့သကြား ( Lactose ) ကို Milk Kefir
Grains ထဲတွင်ရှိသော ဘက်တီးရီးယားများ နှင့်
မှိုပိုး ( Yeasts ) များကစားသုံးပြီး ( Probiotic )
ပရိုဘိုင်အိုတစ်များ၊ အင်ဇီုင်းများ နှင့် ဗီတာမင်
များကိုထုတ်လုပ်ပေးခြင်းဖြစ်ပါသည်။ Milk Kefir
Grains လေးများမှာ နို့တွင်ပါသော လပ်စ်တိုသကြား
( Lactose ) စားပြီး ပရိုဘိုင်အိုတစ်
ထုတ်ပေးသောကြောင့် Milk Kefir ကို နွားနို့နှင့်
ဓာတ်မတည့်သူများပါ နည်းနည်းခြင်းစမ်းသုံး
ကြည့်ပါက အဆင်ပြေသောက်သုံးနိုင်ကြောင်း
တွေ့ရှိရပါသည်။
မှတ်ချက်။ ။ Water Kefir Grains ( WKG )
သည် သကြားနှင့် သစ်သီးများတွင်ပါဝင်သော
သကြားဓာတ်တို့ကိုသာ စားသုံးနိုင်ပြီး ပရိုဘိုင်အို
တစ်ထုတ်ပေးနိုင်ပါသည်၊ နွားနို့တွင်ပါသော လပ်စ်
တိုသကြား ( Lactose ) ကို မစားသုံးနိုင်ပါ။
ထို့ကြောင့် Water Kefir Grains ( WKG ) ဖြင့်
Milk Kefir မပြုလုပ်နိုင်ပါ။

Credit

water kefir / milk kefir grains sharing group ( wkg/mkg လှူဒါန်းသူများအဖွဲ့)
Thanks Ko Aung Zaw Tun and Admin Team.
group link 

Leave a comment

Design a site like this with WordPress.com
Get started