Kefir ဆိုတာဘာလဲ၊ကျန်းမာရေးကိုဘယ်လို
*************************************
အကျိုးပြုလဲ နှင့် Members များ၏
********************************
ကိုယ်တွေ့ကျန်းမာရေးအကျိုးကျေးဇူးများ
*************************************
*************************************
အကျိုးပြုလဲ နှင့် Members များ၏
********************************
ကိုယ်တွေ့ကျန်းမာရေးအကျိုးကျေးဇူးများ
*************************************
Kefir ဆိုတာခုမှစကြားဘူးတဲ့သူတစ်ယောက်
ကို Kefir ဆိုတာဘာလဲဆိုတာတော်တော်လေး
ရှင်းပြရခက်မယ်ထင်ပါတယ်။
ကို Kefir ဆိုတာဘာလဲဆိုတာတော်တော်လေး
ရှင်းပြရခက်မယ်ထင်ပါတယ်။
အလွယ်ဆုံးပြောလိုက်ရင်တော့ Kefir ဆိုတာ
အချဉ်ဖောက်ထားတဲ့အစားအသောက်ဖျော်
ရည်တစ်မျိုးဖြစ်ပါတယ်ပေါ့။ သူကို သကြား
နဲ့လုပ်တဲ့ Water Kefir ရယ်၊နို့နဲ့လုပ်တဲ့ Milk
Kefir ရယ်လို့ ၂မျိုးထပ်ခွဲပြီးပြောပြလို့ရပါတယ်။

Kefir ဆိုတာ ဘာလဲတော့သိပြီ၊ သူကိုသောက်
ရင် ကျန်းမာရေးအတွက်ဘာတွေကောင်းလဲဆို
တဲ့မေးခွန်းကြတော့ရှင်းပြရလွယ်မလိုနဲ့နည်း
နည်းပြန်ခက်သွားပြန်ပါပြီ။ ဒါနဲ့ မေးတဲ့သူတွေ
ကို ပြန်မေး ကြည့်လိုက်ရတယ်။ပရိုင်ဘိုင်အိုတစ်
ဆိုတာသိလား၊ကြားဘူးလား။သိတယ်၊ကြားဘူး
တယ်ဆိုရင်တော့ ဖြေရတာလွယ်သွားပြီ၊ အေး
Kefir ဆိုတာ အလွယ်ဆုံးပြောရရင် အဲ ပရိုဘိုင်
အိုတစ်အစားထိုးသုံးစွဲနေတဲ့ဖြည့်စွက်စာ အစား
အသောက်တစ်မျိုးပေါ့ဆိုရင်ရှင်းသွားပြီ၊ Kefir
ကိုသောက်ရင် ပရိုဘိုင်အိုတစ်သောက်လို့ရရှိနိုင်
တဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့အတူတူနီး
ပါးပဲပေါ့ဆိုရှင်းသွားပြီ၊ အများကြီးထပ်ရှင်းပြစ
ရာမလိုတော့ဘူးပေါ့။

ခုမှလာပါပြီ ပရိုဘိုင်အိုတစ်ဆိုတာကကောဘာလဲ၊
တခါမှမကြားဘူးပါဘူး၊ ထိုးဆေးလား၊ စားဆေး
လား၊ဘယ်ဆိုင်မှာဝယ်လိုရလဲဆို ရင်တော့၊ ရှင်း ပြပါလေတော့ပါးစပ်ညောင်းတဲ့အထိ😁😁😁😁
အဲတော့မှ စရှင်းပြရပါပြီ၊ပရိုဘိုင်အိုတစ်ဆိုတာ ဆေးမဟုတ်တဲ့ဆေးပေါ့ကွာ၊ မင်းပြောမှရှုပ်ကုန်
ပြန်ပြီ၊ဆေးဆိုလည်းဆေးပေါ့၊ဆေးမဟုတ်ရင်
လည်းမဟုတ်ဘူးလုပ်ပါကွာ။ ဒီလိုကွာ FDA စည်း
ကမ်းအရ Probiotics ကို ဖြည့်စွက်စာ အစားအ
သောက်စာရင်းထဲမှာ ထည့်ထားတယ်၊ ဆေးဝါးမ
ဟုတ်ပါ။ ဆေးတွေလို FDA အသိအမှတ်ပြုရယူ
စရာမလိုဘူးလေ။ တို့လို သူလိုကိုယ် လိုသာမန်သူ
တွေကတော့ ရောဂါသက်သာပျောက်ကင်းကြတော့ ဆေးလို့အလွယ်ခေါ်လိုက်တာပေါ့ကွာ။ တို့တွေ့အရင်
သိထားတာကဘက်တီးရီးယားတွေဆိုတာလူကိုဒုက္ခ
ပေးတတ်ကြတယ်လိုပဲသိတာလေ၊ တကယ်တော့
အဲလိုမဟုတ်ဘူးကွ၊လူကိုဒုက္ခပေးတဲ့ဘက်တီးရီးယား
တွေအပြင်၊ လူကိုဒုက္ခမပေးရုံသာမကရောဂါအမျိုး
မျိုးမှကင်းဝေးပြီး လူတွေအသက်ရှင်ရပ်တည်မူကို အထောက် အကူပြုတဲ့အကျိုးပြုဘက်တီးရီးယား
တွေလည်းရှိတယ်လို့ ဆေးပညာရှင်တွေကတွေ့ရှိခဲ့
တယ်လေ။ အဲလို လူတွေကို အကျိုးပြုတဲ့ဘက်တီး
ရီးယား ( အဏုဇီဝပိုး)တွေကို ပရိုဘိုင်အိုတစ်လို့ ကမ္ဘာမှာကောတို့မြန်မာပြည်မှာပါ ခေါ်ဝေါ်သုံးစွဲ
ကြတာလေ။ တကယ်တော့ ပရိုဘိုင်အိုတစ်ဆိုတာ
လူတွေကိုအကျိုးပြုတဲ့ အဏုဇီဝပိုးလေးတွေ
( သို့မဟုတ်) လူတွေကို အကျိုးပြုတဲ့ဘက်တီး
ရီးယားတွေကိုခေါ်တာပါ။ Water Kefir နဲ့ Milk
Kefir မှာလည်း ပရိုဘိုင်အိုတစ်လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီယားပိုးတွေနဲ့ (Yeasts) အကျိုးပြုမှိုပိုးတွေအများကြီးပါတယ်လေ။

အကျိုးပြုအဏုဇီဝဘက်တီးရီးယားပိုးများသည်
လူတို့၏ အူအတွင်းမြောက်များစွာရှိသည့်အပြင်
ပါးစပ်နှင့် မိန်းမကိုယ်အတွင်းနံရံ၌လည်းတည်ရှိ
ကာ ပြင်ပမှ ရောဂါပိုးမွှားများ မဝင်ရောက်နိုင်စေရန်
ကာကွယ်စောင့်ရှောက်ပေးပါသည်။ လူ၏အူထဲ၌ ဘက်တီးရီးယားအုပ်စုနှစ်မျိုးနှစ်စားရှိပါသည်၊ ပထမတစ်မျိုးမှာ အူမကြီးတွင်အဓိကနေထိုင်ကာ လူကိုရောဂါဖြစ်စေနိုင်သည့် ဘက်တီးရီးယားများ
ဖြစ်ပြီး ယင်းတို့သည် အူနံရံကိုပျက်စီးစေသော အဆိပ်
များထုတ်လုပ်၍ ခန္ဓာကိုယ်အတွင်းသို့ အဆိပ်အတောက်များ ပိုမိုဝင်ရောက်လာစေရန် ပြုလုပ်ခြင်းကြောင့် ရောဂါများရ၍ အသက်တိုစေ
နိုင်ပါသည်။ ဒုတိယတစ်မျိုးမှာ အကျိုးပြုဘက်တီး
ရီးယား ( ပရိုဘိုင်အိုတစ်)များဖြစ်ပြီး ယင်းတိုသည် ပထမတစ်မျိုးဖြစ်သော ရောဂါဖြစ်စေသည့် ဘက်တီး
ရီးယားများ၏ဖျက်ဆီးမူကိုဟန့်တားပေးပါသည်။
( ဒါတွေကတော့ ဆရာကြီး ဒေါက်တာတင့်ဆွေရဲ့ Facebook နဲ့ ဆရာဒေါက်တာ ခင်မောင်လွင်
( FAME)ဘဝလက်တွဲဖော်အစစ်ပရိုဘိုင်အိုတစ်
စာအုပ်ကနေယူပြီးအတိုချုပ်ဖော်ပြပေးခြင်းဖြစ်ပါသည်။ ပရိုဘိုင်အိုတစ်အကြောင်းအသေးစိတ်သိလိုသူများ ဆရာဒေါက်တာ ခင်မောင်လွင် ( FAME) ၏ ဘဝလက်တွဲဖော်အစစ်ပရိုဘိုင်အိုတစ်စာအုပ်ကို ဝယ်ယူဖတ်ကြည့်ကြပါခင်ဗျာ)။

မေး။ ။ Kefir ကိုတစ်နေ့ဘယ်လောက်သောက်ရ
မလဲ၊ဘယ်အချိန်မှာ Kefir သောက်ခြင်းကိုရပ်ရမလဲ

ဖြေ။ ။Kefir ကိုတစ်နေ့ဘယ်လောက်သောက်ရမလဲ၊
ဘယ်လိုသောက်ရမလဲဆိုတာ တိကျတဲ့အဖြေတော့ မတွေ့မိသေးပါဘူး၊ မနက်စောစောသောက်ဖို့နဲ့ ညအိပ်
ခါနီးသောက်ဖို့ကိုတော့အများဆုံးပြောဆိုကြတာတွေ့ရ
ပါတယ်။ ဘယ်လောက်သောက်ရမလဲဆိုတဲ့အဖြေကို ပုံမှန်ကျန်းမာနေသူတစ်ယောက်က စစခြင်း ဖန်ခွက်တစ်
ခွက် (၂၅၀ မီလီ လီတာ) လောက်ကစခိုင်းတတ်ပြီး၊ ရောဂါအခံရှိသူတစ်ချို့အတွက်ဆို မနက်စောစော ထမင်းစားဇွန်း တစ်ဇွန်းနဲ့.ညအိပ်ခါနီးထမင်းစား
ဇွန်းတစ်ဇွန်းဆိလောက်ကို စခိုင်းတတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ တို့ခုသောက်လိုက်တဲ့ Kefir မှာ
Live Bacteria and yeasts လို့ခေါ်တဲ့၊ သက်ရှိ
အဏုဇီဝပိုးလေးတွေကြောင့်ပေါ့ကွာ။ ဒီအဏုဇီဝပိုး
လေးတွေ အစာအိမ်နဲ့အူလမ်းကြောင်းထဲကိုရောက်
သွားရင်ရောဂါဖြစ်စေတဲ့ပိုးတွေတိုက်ခိုက်သတ်ဖြတ်
ပစ်လို့၊ သေကုန်တဲ့ရောဂါဖြစ်စေတဲ့ဘက်တီးရီးပိုးတွေ
က ခန္ဓာကိုယ်ပြင်ပသို့အဆိပ်တွေကိုနည်းအမျိုးမျိုးနဲ့
ထုတ်ပြစ်တတ်ကြတဲ့အတွက် တုန့်ပြန်မူ ဆိုးကျိုးတစ်
ချို့ကိုခံစားရလို့ပဲ။ Kefirသောက်ခြင်းကျင့်သားရသွား
ပြီဆိုရင်တော့ တဖြည်းဖြည်းနဲ့တိုးသောက်ခိုင်းကြပြီး ကိုယ်အတိုင်းအတာနဲ့ကိုယ် ၁လီတာ ကနေ ၂ လီတာ
လောက်ထိသောက်တဲ့သူတွေရှိကြပါတယ်။

Kefir သောက်ခြင်းကို ဘယ်အချိန်မှာရပ်နားသင့်သလဲ
ဆိုတာ တိကျတဲ့အဖြေတော့မရှိပါဘူး။ ဒါပေမဲ့ Kefir သောက်သုံးသူတိုင်း ပြောတဲ့လက်ကိုင်စကားကတော့ Listen to your body ခန္ဓာကိုယ်ကပြောတဲ့စကား
ကိုနားထောင်ဆိုတာပါပဲ။နောက်တစ်ခုကအကျိုးပြု ဘက်တီးရီးယား ( ပရိုဘိုင်အိုတစ်) ပိုးတွေမှာ ပိုး ၂မျိုး ရှိကြောင်းသိရတယ်၊ တခုက ဌာနေဘက်တီးရီးယား၊
သူကအူအတွင်းနံရံတွေမှာအမြဲနေနိုင်တယ်၊ ပြီးတော့ မကောင်းတဲ့ဘက်တီးရီးယားတွေကိုတိုက်ထုတ်ပေး
တယ်၊ နောက်တမျိုးက ခေတ္တနေဘက်တီးရီးယား၊
သူက အူလမ်းကြောင်းတလျောက်သွားလာလှုပ်ရှားပြီး မကောင်းတဲ့ဘက်တီးရီးယားတွေကိုတိုက်ထုတ်ပေး
တယ်၊ ဒါပေမဲ့ သူကအူလမ်းကြောင်းမှာကြာရှည်မနေ
နိုင်ဘူး၊ သေဆုံးသွားတယ်ပဲလွယ်လွယ်ပြောကြပါဆို့၊ တို့သောက်နေတဲ့ Kefir မှာလည်း အဲပိုး ၂ မျိုးလုံးပါ
တယ်၊ ဒါဆို တို့ Kefir သောက်တိုင်း ဌာနေဘက်တီးရီး
ယားတွေက ခန္ဓာကိုယ်ထဲမှာကြာရှည်ရှိနိုင်ပေမဲ့၊ ခေတ္တ
နေဘက်တီးရီးယားတွေက တစ်ရက် နှစ်ရက်အတွင်း
သေဆုံးသွားနိုင်သလို၊ ဘယ်နှစ်ရက်အတွင်းသေဆုံး
သွားမယ်ဆိုတာမသိတဲ့အတွက်၊ Kefir ဘယ်လောက်
သောက်ရမလဲဆိုတာ ခန္ဓာကိုယ်ရဲ့စကားကိုနားထောင်
ရတော့မယ်၊ သူကတိုးသင့်တယ်ထင်ရင်တိုးပေးလိုက်
ပေါ့၊ ရပ်သင့်တယ်ထင်ရင်ရပ်ပေးလိုက်ပေါ့၊ လျော့သင့်
တယ်ထင်ရင်လျော့ပေးလိုက်ပေါ့။ Kefir 240 ml မှာ
အကျိုးပြုဘက်တီးရီးယား သန်းပေါင်းသုံးထောင်မှ အများဆုံးသန်းပေါင်းတသောင်းပါသည်လို့တွေရပါ
တယ်၊ ဥပမာ ဒီနေ့ Kefir 240 ml သောက်လိုက်ပြီ အဲပိုးသန်းပေါင်းများစွာထဲက တချို့ကနောက်နေ့သေ
ဆုံး သွားနိုင်တဲ့အတွက် အာနိသင်ပြည့်ဝတယ်လို့မဆို
နိုင်ပါဘူး၊ နောက်ထပ်ဆက်သောက်မှသာ သေဆုံး
သွားတဲ့ပိုးအရေအတွက်ကိုဖြည့်နိုင်မှာပါ။ နောက်တခု
တွေ့ရတာက ကျန်းမာသန်စွမ်းသူတစ်ယောက်၌ အကျိုးပြုဘက်တီးရီးယား( ပရိုဘိုင်အိုတစ်) အရေ
အတွက် ထရီလီယံပေါင်း ၁၀၀ ( 100 trillion) ခန့်ရှိ
နေပါသည်။ ထိုထရီယံပေါင်း ၁၀၀ ကို ထိန်းသိမ်းထား
နိုင်ပါက ကျန်းမာသန်စွမ်းသော ဘဝကိုပိုင်ဆိုင်နိုင်မည်
ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် အကျိုးပြု ဘက်
တီးရီးယား( ပရိုဘိုင်အိုတစ်များ) လျော့နည်းသွားလျှင် ကျန်းမာရေးပြဿနာများပေါ်လာနိုင်ကြောင်း ယနေ့
ဆေးသိပ္ပံက သိရှိလာပြီဖြစ်သည် ဆိုတဲ့အတွက် တစ်
နေ့ကို Kefir ဘယ်လောက်သောက်သင့်တယ်၊ သောက်
မယ်ဆိုတာ ချင့်ချိန်နိုင်ပြီး၊ ခန္ဓာကိုယ်ကပြောတဲ့ စကား
ကို နားထောင်ပေါ့ကွာ။

မေး။ ။ပရိုဘိုင်အိုတစ်အကြောင်း နဲ့ Kefir အကြောင်း
ကတော့နည်းနည်းရှင်းသွားပြီကွာ၊ မင်းပြောတဲ့ Kefir သောက်ရင် ကျန်းမာရေးအတွက် ဘာတွေအကျိုးအ
မြတ်ရနိုင်မှာလဲ။

ဖြေ။ ။Kefir အကြောင်းကတော့ပြုလုပ်ပုံပြုလုပ်
နည်း၊ ကျန်းမာရေးအကျိုးကျေးဇူးတွေကို အင်တာ
နက်စာမျက်နာတွေ၊ နိုင်ငံတကာ Kefir Group တွေ
ကနေရှာဖွေ တင်ပြပေးထားပြီးပြီးကွာ၊ မင်းရှာဖတ်
ကြည့်ပေါ့။ ခု တို့ Group စလုပ်ကတည်းကနေ ဒီနေ့
အထိဆို ၁ နှစ်ကျော်လာပြီ၊ ဒီ ၁ နှစ်အတွင်း တို့ Group ရဲ့ Member တွေ Kefir သောက်ပြီး ရောဂါတော်
တော်များများသက်သာလာတာကို အောက်မှာ တစ်ခု
ခြင်းဆီဖော်ပြထားတယ်ကွာ မင်းဖတ်ကြည့်ပေါ့၊ ရောဂါတော်တော်များများသက်သာလာတယ်လို့
ပြောတာနော်။ ရောဂါတွေပျောက်တယ်လို့မပြောဘူး။

Kefir သောက်သုံးခြင်းကြောင့်ရရှိလာသည့် Member များ၏ကိုယ်တွေ့ကျန်းမာရေးအကျိုးကျေးဇူးများ
၁. သွေးတိုးရောဂါကို ထိန်းပေးသည်
၂. ဆီးချိုရောဂါကို ထိန်းပေးသည်။
၃. အစာအိမ်ရောဂါ
၎. အဆစ်အမြစ်ရောင်ရောဂါ
၅. ကျီးပေါင်းရောဂါမျိုးစုံ
၆. အသားပိုများကြွေခြင်း၊ခြောက်သွားခြင်း
၇. ဓာတ်မတည့်ခြင်းများကိုသက်သာစေသည်
၈. ဆီးရောဂါ
၉. နှင်းခူရောဂါ
၁၀. ပန်းနာရင်ကြပ်ရောဂါ
၁၁. အစာကြေစေတယ်
၁၂. ခန္ဓာကိုယ်ညောင်းညာကိုက်ခဲခြင်း
တွကိုသက်သာ
၁၃. ဝမ်းချုပ်ရောဂါ
၁၄. တင်းတိတ်တွေပါးလာတယ်၊
အရောင်လျော့လာတယ်။
၁၅. အိပ်မပျော်တဲရောဂါ
၁၆. ခေါင်းကိုက်ခြင်း၊ခေါင်းတစ်ခြမ်းကိုက်ရောဂါ
၁ရ. အဆုက်ရောဂါ
၁၈. ကျောက်ကပ်ရောဂါ
၁၉. သွေးလေးဖက်နာရောဂါ
၂၀. ထိပ်ကပ်နာရောဂါ
၂၁. အဆီပို၊အဆီဖု တွေပျောက်တယ်
၂၂. ဆံပင်ကျွတ်သက်သာ
၂၃. လေးဖက်နာရောဂါ
၂၄. ခေါင်းမှာ ဗောက်တွေ၊အရေပြားယားယံ
တာတွေပျောက်တယ်
၂၅. ခြေထောက်ကြွက်တက်တာသက်သာ
၂၆. ခန္ဓာကိုယ်ရောင်ရမ်းခြင်းကိုသက်သာ
၂၇. လေထ၊ဗိုက်ပွ၊ဗိုက်ကယ် သက်သာ
၂၈. နှလုံးရောဂါ
၂၉. အသက်ရှူကြပ်တဲ့သူတွေသက်သာလာတယ်
၃၀. သွေးကျဆေး၊၊သွေးကျဲဆေးသောက်
သုံးမူလျော့လာသည်
၃၁. ဗိုက်အောင့်သက်သာ
၃၂. ချောင်းဆိုး၊ရင်ကြပ်သက်သာ
၃၃. အာရုံကြောရောဂါ
၃၄. အစာအိမ်ရောင်သက်သာ
၃၅. ခံတွင်းနံဆိုးခြင်းကိုသက်သာ
၃၆. ဝမ်းပျက်၊ဝမ်းလျောရောဂါ
၃၇. အမျိုးသမီးများအဖြူဆင်းရောဂါ
၃၈. အမျိုးသမီး ဓမ္မတာ ရောဂါ များ၊ ရာသီစက်ဝန်း ပြန်မှန်တယ်။
၃၉.( ဗဂျိုင်းနား) မွေးလမ်းကြောင်းအနံဆိုးခြင်း
ကိုသက်သာလာစေတယ်
၄၀. Group ထဲရှိ ကင်ဆာရောဂါ ဝေဒနာခံစား
နေရသူ ၄ ယောက်၏ ပြောပြချက်အရ၊ Kefir သောက်ပြီးနောက်ပိုင်း အမောခံနိုင်လာကြောင်း၊ ဆီးချုပ်၊ဝမ်းချုပ်သက်သာလာကြောင်း၊ယခင်ကထက် နေထိုင်ကောင်းလာကြောင်းသိရှိရပါသည်။

ကိုးကား။ ။ ဆရာဒေါက်တာ ခင်မောင်လွင် ( FAME) ၏ ဘဝလက်တွဲဖော်အစစ်ပရိုဘိုင်အိုတစ်စာအုပ်နှင့် Group ထဲရှိ Member များ၏ Comment များ Post များ။
Credit
Credit
water kefir / milk kefir grains sharing group ( wkg/mkg လှူဒါန်းသူများအဖွဲ့)
Thanks Ko Aung Zaw Tun and Admin Team.
group link