Kefir,Kombuchaဆိုတာဘာလဲ,Probiotic ဆိုတာဘာလဲ၊ဘာတွေအတွက်ကောင်းတာလဲ

Kefir, Kombucha ဆိုတာ အစာအိမ် အူလမ်း
ကြောင်းကျန်းမာရေးနှင့် ခန္ဓာကိုယ်ခုခံအားစနစ်
အတွက်နိုင်ငံတကာမှာ (Probiotics)ပရိုဘိုင်အို
တစ်အစားထိုးသောက်သုံးနေကြတဲ့ အချဉ်ဖောက်
ထားတဲ့အစားအသောက်များ ဖြစ်ပါသည်။
Kefir Grains အမျိုးအစား ၂ မျိုးရှိပါသည်။
သကြားရေနှင့် ပြုလုပ်ရသော Water Kefir
Grains ( WKG) နှင့် နွားနို့၊ ဆိတ်နို့၊ ကျွဲနို့တို့
ဖြင့်ပြုလုပ်ရသော Milk Kefir Grains ( MKG)
တို့ဖြစ်ပါသည်။
သကြားရေနှင့် Water Kefir Grains ( WKG)
တို့ကို အခန်းတွင်းအပူချိန်တွင် ၂၄ နာရီစိမ်၍
အချဉ်ဖောက်ပြီး ရရှိလာသော အရည်ကို
Water Kefir ( WK) ဟုခေါ်ပါသည်။ ပရိုဘိုင်
အိုတစ် ( Probiotic) အစားထိုးအနေဖြင် သောက်သုံးကြသလို၊ Kefir Soda ဆိုပြီး မိမိကြိုက်နှစ်သက်သည့် သစ်သီး၊ဖျော်ရည်များ
ဖြင့်ရောစပ်၍သောက်သုံးနိုင်သည့်အချိုရည်အ
စားထိုးဖျော်ရည်လည်းဖြစ်ပါသည်။
နွားနို့၊ ဆိတ်နို့၊ ကျွဲနို့ တစ်ခုခုဖြင့် Milk Kefir
Grains ( MKG) တို့ရောစပ်၍ အခန်းတွင်းအ
ပူချိန်၌ ၈ နာရီ (သို့မဟုတ်) ၁၂ နာရီထား ၍ နို့ကိုအချဉ်ဖောက်ပြီး ရရှိလာသည့် နို့ရည်ကို
Milk Kefir ( MK) ဟုခေါ်ပါသည်။
WKG ဖြင့် Milk Kefir ပြုလုပ်၍မရပါ၊ MKG
ဖြင့် Water Kefir တော့ပြုလုပ်၍ရပါသည်။
#KombuchaTea ( KT) ဆိုတာ အချဉ်
ဖောက်ထားသည့် လက်ဘက်ရည်ဖြစ်ပါသည်။
Kombucha Tea ပြုလုပ်ရန် သကြား၊
Black Tea ( or) Green Tea နှင့် SCOBY
( Symbiotic Colony of Bacteria and Yeast) တို့လိုအပ်ပါသည်။
SCOBY ဆိုတာ ( symbiotic colony of bacteria and yeast) Bacteria များနှင့် Yeasts များတစ်နေရာတည်းတွင် သဟဇာ
တ မျှတစွာအတူနေထိုင်ခြင်းကိုခေါ်ပါသည်။
SCOBY ကို Apple Cider Vinegar(ACV)
တွင်တွေ့ရသောThe mother နှင့်တူသဖြင့်
The mother ဟုလည်းခေါ်ပါသည်။
SCOBY သည် ဘက်တီးရီးယား နှင့် Yeasts
မျိုးစုံတိုနေထိုင်ရာအိမ်ဖြစ်ပြီး၊အဝါရောင်သန်း
သော(Pancake) ပန်ကိတ်ပုံသဏ္ဍန်အချပ်လေး
ဖြစ်ပါသည်။ SCOBY သည်လက်ဘက်ရည်ချို တွင်ပါဝင်သော သကြားနှင့်သတ္ထုဓာတ်များကို
စားသုံးပြီး အသက်ရှင်နေထိုင်ပေါက်ပွားကြပါ
သည်။
MK,WK,KT တို့တွင် MK သည် ပရိုဘိုင်တစ်
အများဆုံးပါဝင်ပြီး၊ WK သည် ဒုတိယအများ
ဆုံးဖြစ်ပြီး၊ KT ကအနည်းဆုံးဖြစ်ပါသည်။
ဒါဆို ဒီ ၃ မျီုးကို ဘယ်လိုရွှေးချယ်သောက်သုံး
ကြမလဲ၊ ယေဘုယျအားဖြင့် alcohol အရက်
နှင့်ဓာတ်မတည့်သူများသည် MK ကိုသောက်ကြ
ပြီး၊ နို့နှင့် နို့ထွက်ပစ္စည်းများနှင့် ဓာတ်မတည့်
သူများသည် WK ကိုရွှေးချယ်သောက်သုံးကြ
ပါသည်။ WK,MK သောက်သုံး၍ အဆင်မပြေ
သူများသည် KT ကိုရွှေးချယ်သောက်သုံးကြပါ
သည်။ ၃ မျိုးတည့်ပါကလည်း အလှည့်ကြ
အချိန်ဇယားဖြင့် သောက်သုံးသူများလည်းရှိ
ပါသည်။ ဘယ်လို သောက်သုံးကြမလဲဆိုတာ
မိမိကိုယ်ကိုယ့် ဆန်းစစ်ပြီး ကိုယ်ပိုင်အချိန်ဇ
ယားဆွဲကြည့်ပါ။ တစ်ချို့က ဘာဖြစ်လို့ ၃ မျိုး
လုံးသောက်ကြလဲဆို တော့ ယေဘုယျအားဖြင့်
၃မျိုးလုံးမှာ အကျိုးပြုဘက်တီးရီးယားမျိုးစိတ်
( Probiotics) တွေတူတာကော၊မတူတာတွေ
ကောပေါင်းစပ်ပါဝင်နေကြသလို၊ အာနိသင်ခြင်း
တူတာရှိသလို၊ မတူတာတွေလည်းရှိကြလိုပါ။
ဘယ်ဟာက ပိုကောင်းသလဲဆိုတော့၊ မိမိနဲ့
အဆင်ပြေတာက ပိုကောင်းတာပေါ့နော်။
WKG,MKG,WK,MK, KT, SCOBY ဟုသော
အတိုကောက်စာလုံးများကို မှတ်သားပြီး၊
မိမိတို့မည်သည့်အရာကိုပြုလုပ်သောက်သုံး
မည်ဆိုတာကိုဆုံးဖြတ်၍ Group ၌ Post
တင်၍အလှူခံနိုင်ပါသည်။
ဥပမာ သကြားရေဖြင့်ပြုလုပ်မည်ဆိုလျင်
WK လုပ်သောက်ချင်၍ WKG လေးများ
ပြန်လည်မျှဝေပေးကြပါ။ နို့ဖြင့်ပြုလုပ်သောက်
သုံးမည်ဆိုလျင် MK ပြုလုပ်သောက်သုံးချင်၍
MKG လေးများပြန်လည်မျှဝေပေးကြပါ၊ KT
ပြုလုပ်သောက်သုံးလို၍ SCOBY လေးများ
ပြန်လည်မျှဝေပေးကြပါ ဟု၍ Post တင်၍
အလှူခံနိုင်ပါသည်။
#ပရိုဘိုင်အိုတစ်( Probiitics ) ဆိုတာကတော့
လူခန္ဓာကိုယ်ကိုအကျိုးပြုတဲ့အဏုဇီဝဘက်တီး
ရီးယားပိုးများကို ကိုယ်စားပြုခေါ်ဆိုကြတာဖြစ်
ပါသည်။
ပရိုဘိုင်အိုတစ် ခေါ် အကျိုးပြုဘက်တီးရီးယား
များ၏ အဓိကတာဝန်များမှာ အစာခြေပေးခြင်း၊
အစာကိုစုပ်ယူပေးခြင်း၊အနာများကျက်စေခြင်း၊
ရောဂါပိုးများရန်မှကာကွယ်ပေးခြင်း နှင့် ခန္ဓာကိုယ်ခုခံအားစနစ်ကို ကောင်းမွန်မျှတအောင်
ထိန်းသိမ်းပေးခြင်းတို့ဖြစ်ပါသည်။
ယနေ့အဖြစ်များနေသော အစာအိမ်နှင့်အူလမ်း
ကြောင်းဆိုင်ရာရောဂါများ၊ အော်တိုအင်မြူးရော
ဂါများ၊ ပန်းနာရင်ကြပ်ရောဂါနှင့် ကင်ဆာရောဂါ
အထိ ပရိုဘိုင်အိုတစ်များက ကာကွယ်ပေးနိုင်ပါ
သည်။
WK,MK,KT ကိုဘယ်လိုလူတွေသောက်သင့်လဲ..
WK,MK,KT ကိုအဓိကအားဖြင့် နိုင်ငံတကာတွင်
အူလမ်းကြောင်းကျန်းမာရေး ( Gut Health) နှင့်
ခန္ဓာကိုယ်ခုခံအားစနစ် ( Immune System)
ကောင်းမွန်စေရန်တို့အတွက် သောက်သုံးကြခြင်း
ဖြစ်ပြီး၊ မိမိတို့အနေဖြင့် အောက်ပါရောဂါများဖြစ်
နေလျင် နည်းနည်းခြင်းမှစ၍ စမ်းပြီးသောက်သုံး
ကြည့်သင့်ပါသည်။
( 1 ) ရောဂါများမဖြစ်အောင် ကြိုတင်ကာကွယ်
လိုသူများ
( 2 ) အစာအိမ်အူလမ်းကြောင်းဆိုင်ရာရောဂါများ
( 3 ) အော်တိုအင်မြူးရောဂါများ၊
အော်တိုအင်မြူးရောဂါအမျိုးအစားပေါင်း
၁၅၉ မျိုးရှိသည်ဟုသိရပြီး၊ မြန်မာပြည်၌ အဖြစ်
များသော ရောဂါများမှာ……
၁. ကျီးပေါင်းတက်ရောဂါများ
၂. အဆစ်များရောင်ကိုင်ခြင်း
၃. သွေးလေးဘက်နာ
၎. အရေပြားလေးဘက်နာ
၅. ဟိုက်ပါသိုင်းရွိတ်
၆. ဟိုက်ပိုသိုင်းရွိတ်
၇. အူမကြီးရောင်ကိုင်ခြင်း
၈. အူသိမ်ရောင်ကိုင်ခြင်း
၉. ဆိုရီရေးစစ်ရောဂါ
၁၀. အရေပြားမှာ အကွက်တွေပေါ်ပြီး ရေကြည်
ဖုတွေထလာခြင်း
၁၁. ဆီးချိုသွေးချိုရောဂါအမှတ် (၁)
၁၂. ခရုသင်း
၁၃. နာတာရှည်ကျောက်ကပ်ရောင်ရမ်းပျက်စီးနာ
စသည့်ရောဂါများအပြင် အမျိုးပေါင်း ၁၀၀ ကျော်ကျန်ရှိပါသေးသည်။
( 4 ) ပန်းနာရင်ကျပ်ရောဂါ
( 5 ) အလာဂျီရောဂါများ
( 6 ) ကင်ဆာရောဂါများ
ဒါတွေကတော့ ပရိုဘိုင်အိုတစ်နဲ့ဆက်စပ်ပြီး၊ ဆရာကြီး ဒေါက်တာခင်မောင်လွင်( FAME) ရဲ့
ဘဝလက်တွဲဖော်အစစ် ပရိုဘိုင်တစ်စာအုပ်ထဲ
ကကိုးကားဖော်ပြချက်များ နှင့် ရောဂါအမည်တစ်
ချို့ကို ဆရာမကြီး ဒေါက်တာ ဒေါ်ခင်နွယ်ဝင်းစာ
အုပ်ထဲက ကူးယူးဖော်ပြခြင်းဖြစ်ပါသည်။ ကျန်
သည့် ရောဂါများအတွက်ကတော့ အောက်မှာ
ဖော်ပြထားသည့် Kefir သောက်ပြီး နောက်ပိုင်း
တွေ့ကြုံလာသည့် Member များ၏ ကျန်းမာ
ရေးအကျိုးကျေးဇူးများလင့်တွင်ကြည့်ပါ။
အထူးမှတ်ချက်။ ။ အထက်ပါဖော်ပြချက်
များသည် မိမိအနေနှင့် ဆေးကုသပေးနေခြင်း၊
ဆေးပညာဗဟုသုတပေးနေခြင်း မဟုတ်ပါ။
ရောဂါဖြစ်နေသူများ တစ်ဖက်တစ်လမ်းက
အစားအသောက်လေးတစ်ခုဖြင့် သက်သာရာ
သက်သာကြောင်း ဖတ်မိသမျှလေးကို အများ
နားလည်လွယ်အောင်ဖော်ပြပေးခြင်းဖြစ်ပါသည်။
ကျနော်သည် ဆရာဝန်တစ်ဦးမဟုတ်ပါ၊ ဆေးပ
ညာနှင့်ပက်၍ နားလည်တတ်ကျွမ်းသူတစ်ဦး
လည်းမဟုတ်ပါ။ အကောင်းဆုံးမှာ ရောဂါသက်
သာပျောက်ကင်းရန်မှာ မိမိတို့ပြသနေကြဆရာ
ဝန်နှင့် သေချာတိုင်ပင်ဆွေးနွေးကြပါ။ ဖော်ပြပါ
ရောဂါများ Kefir သောက်၍ ပျောက်ကင်းရ
မည်ဟုမဆိုလိုပါ၊ တစ်ဖက်တစ်လမ်းက သက်
သာရာ သက်ကြောင်းဖြစ်နိုင်ခြေရှိသည်ဟု ဆို
လိုခြင်းဖြစ်ပါသည်။ Kefir သောက်သုံးမည်၊
မသောက်သုံးဘူး ဆိုတာ မိမိတို့၏ အဆုံးအဖြတ်
ဖြစ်ပါသည်။
Credit

water kefir / milk kefir grains sharing group ( wkg/mkg လှူဒါန်းသူများအဖွဲ့)
Thanks Ko Aung Zaw Tun and Admin Team.
group link 

Leave a comment

Design a site like this with WordPress.com
Get started