Kefir အစဘယ်ကလဲ၊ Kefir Grains လေးများ ကိုယ်တိုင်လုပ်လို့ရ၊ မရ။

Kefir အစဘယ်ကလဲ၊ Kefir Grains လေးများ****************************************ကိုယ်တိုင်လုပ်လို့ရ၊ မရ။********************* Kefir Grains သည် လူတို့ပြုလုပ်ဖန်တီးထားသော သက်ရှီဇိဝရုပ် ( Living Organisms )မဟုတ်ပဲ သဘာဝကပေးထားသောလက်ဆောင်တစ်ခုဖြစ်ပါသည်။ Kefir Grains အစဘယ်ကပေါ်လာတယ်ဆိုတာဘယ်သူမှအတိအကျမသိကြပါဘူး၊ အများစုပြောဆိုကြတာကတော့ Kefir Grains များဟာ ယခင်ဆိုဗိယက်ပြည်ထောင်စု ( USSR) အနောက်ဘက်ကော့ကေးဆပ်တောင်တန်းများဘက်က အစပြုပေါ်ပေါက်လာကြတယ်လို့ယုံကြည်ကြပါတယ်။ ဒေသခံကော့ကေးဆပ်လူမျိုးများပြောဆိုကြတာကတော့ Kefir Grains ကို ရှေးနှစ်ပေါင်းများစွာကတည်းကစားသုံးလာကြတာဖြစ်ပြီး သူတို့အတွက် တမန်တော်မိုဟာမက်က ပေးထားခဲ့သောတန်ဖိုးမဖြတ်နိုင်တဲ့လက်ဆောင်အဖြစ်ယုံကြည်ထားခဲ့ကြပါတယ်။ ကော့ကေးဆပ်လူမျိုးများဟာ Kefir Grains များကိုအလွန်တန်ဖိုးရှိသော ရတနာပစ္စည်းများကဲ့သို့ တန်ဖိုးထားထိန်းသိမ်းစာင့်ရှောက်ပြီး လျို့ဝှက်ထားခဲ့ပါတယ်။ Kefir ဆိုတဲ့စကားလုံးကတော့တူရကီဘာသာစကားကလာတာဖြစ်ပြီး Long Life, Good lifeand Feeling Good လို့အဓိပ္ပာယ်ရပါတယ်။ ရိုးရာပုံပြင်ဒဏ္ဍရီများအရ ကော့ကေးဆပ်လူမျိုးများဟာ သူတို့ရဲ့တန်ဖိုးရှိလှသော …

Kefir ( ကီဖာ) သည် ဆေးမဟုတ်ပါ

Kefir ( ကီဖာ) သည် ဆေးမဟုတ်ပါ… အမေးများဆုံးဖြစ်သော ကင်ဆာရောဂါ၊ကျောက်ကပ်ရောဂါ၊အသည်းရောဂါ၊နှလုံးရောဂါစသဖြင့်ရောဂါပေါင်းစုံဝေဒနာရှင်များ Kefir သောက်လို့ရ၊ မရ…. အမျိုးတို့ရေ… ကျွန်တော် Group စလုပ်ကတည်းက Kefir အကြောင်းကိုသေသေချာချာမရှင်းပြနိုင်ခဲ့မိတာနဲ့၊အမျိုးဟောင်းများရဲ့ လက်ဆင့်ကမ်း ရှင်းပြနိုင်မူအားနည်းခဲ့တာကောကြောင့် Kefir ကို တစ်ချို့က ရောဂါပေါင်းစုံပျောက်နိုင်တဲ့ဆေးအဖြစ် ထင်မှတ်မှားနေကြသလားမသိဘူးခင်ဗျာ။ Kefir ကိုစတင်ဖြန့်ဝေကတည်းက အမှားတစ်ခုကProbiotic ဆေးအစားထိုးဖျော်ရည်လို့ပြောခဲ့မိတာပါ။ တကယ်တော့ Probiotic ဆိုတာကိုကဆေးမဟုတ်ပါဘူး၊ ဖြည့်စွက်စာလို့ပြောလို့ရမဲ့ခန္ဓာကိုယ်အတွက် အကျိုးပြုဘက်တီးရီးယားနဲ့Yeasts ( မှိုပိုး) လို့ခေါ်တဲ့အကျိုးပြုအဏုဇီဝပိုး တွေကိုပြန်လည်ဖြည့်စွမ်းပေးတာပါ။ကျွန်တော်တို့ခန္ဓာကိုယ်မှာ အကျိုးပြုဘက်တီးရီးယားများနှင့် Yeasts ( မှိုပိုးများ)တနည်းအားဖြင့်ကိုယ်ခန္ဓာကိုအကျိုးပြုတဲ့အဏုဇီဝပိုးများ အရေအတွက်အားဖြင့်ထရီလီယံ ၁၀၀ ( 100 Trillion) ထိရှိပါသည်။ ၎င်း အကျိုးပြုအဏုဇီဝပိုးများ၏အဓိက တာဝန်များမှာအစာခြေပေးခြင်း၊အစာကိုစုပ်ယူခြင်း၊အနာများကျက်စေခြင်း၊ရောဂါပိုးမွှားများရန်မှကာကွယ်ပေးခြင်းနှင့် ခန္ဓာကိုယ်ခုခံအားစနစ်ကို ကောင်းမွန်မျှတအောင်ထိန်းသိမ်းပေးခြင်းတို့ဖြစ်ပါသည်။ ထိုအကျိုးပြုအဏုဇီဝပိုးများကျွန်တော်ခန္ဓာကိုယ်တွင်ထရီလီယံ ၁၀၀ ပြည့်မီစွာရှိနေလျင်ရောဂါ ပေါင်းစုံမှကြိုတင်ကာကွယ်နိုင်ပြီး၊ယင်းတို့အကျိုးပြုအဏုဇီဝပိုးများပြည့်မီခြင်းမရှိပါကနောက်ဆက်တွဲရောဂါပေါင်းစုံကိုခံစားရပါမည်။ …

Kefir,Kombuchaဆိုတာဘာလဲ,Probiotic ဆိုတာဘာလဲ၊ဘာတွေအတွက်ကောင်းတာလဲ

#Kefir,#Kombuchaဆိုတာဘာလဲ,#Probiotic#ဆိုတာဘာလဲ၊#ဘာတွေအတွက်ကောင်းတာလဲ Kefir, Kombucha ဆိုတာ အစာအိမ် အူလမ်းကြောင်းကျန်းမာရေးနှင့် ခန္ဓာကိုယ်ခုခံအားစနစ်အတွက်နိုင်ငံတကာမှာ (Probiotics)ပရိုဘိုင်အိုတစ်အစားထိုးသောက်သုံးနေကြတဲ့ အချဉ်ဖောက်ထားတဲ့အစားအသောက်များ ဖြစ်ပါသည်။ #Kefirပြုလုပ်ရန်အတွက်အရေးကြီးဆုံးမှာ#KefirGrainsရရှိရန်ဖြစ်ပါသည်။ Kefir Grains အမျိုးအစား ၂ မျိုးရှိပါသည်။သကြားရေနှင့် ပြုလုပ်ရသော Water KefirGrains ( WKG) နှင့် နွားနို့၊ ဆိတ်နို့၊ ကျွဲနို့တို့ဖြင့်ပြုလုပ်ရသော Milk Kefir Grains ( MKG)တို့ဖြစ်ပါသည်။ သကြားရေနှင့် Water Kefir Grains ( WKG)တို့ကို အခန်းတွင်းအပူချိန်တွင် ၂၄ နာရီစိမ်၍အချဉ်ဖောက်ပြီး ရရှိလာသော အရည်ကိုWater Kefir ( WK) ဟုခေါ်ပါသည်။ ပရိုဘိုင်အိုတစ် ( Probiotic) အစားထိုးအနေဖြင် သောက်သုံးကြသလို၊ Kefir Soda ဆိုပြီး မိမိကြိုက်နှစ်သက်သည့် သစ်သီး၊ဖျော်ရည်များဖြင့်ရောစပ်၍သောက်သုံးနိုင်သည့်အချိုရည်အစားထိုးဖျော်ရည်လည်းဖြစ်ပါသည်။ …

Kefir ဆိုတာဘာလဲ၊ကျန်းမာရေးကိုဘယ်လိုအကျိုးပြုလဲ နှင့် Members များ၏ကိုယ်တွေ့ကျန်းမာရေးအကျိုးကျေးဇူးများ

Kefir ဆိုတာဘာလဲ၊ကျန်းမာရေးကိုဘယ်လို*************************************အကျိုးပြုလဲ နှင့် Members များ၏********************************ကိုယ်တွေ့ကျန်းမာရေးအကျိုးကျေးဇူးများ************************************* Kefir ဆိုတာခုမှစကြားဘူးတဲ့သူတစ်ယောက်ကို Kefir ဆိုတာဘာလဲဆိုတာတော်တော်လေးရှင်းပြရခက်မယ်ထင်ပါတယ်။ အလွယ်ဆုံးပြောလိုက်ရင်တော့ Kefir ဆိုတာအချဉ်ဖောက်ထားတဲ့အစားအသောက်ဖျော်ရည်တစ်မျိုးဖြစ်ပါတယ်ပေါ့။ သူကို သကြားနဲ့လုပ်တဲ့ Water Kefir ရယ်၊နို့နဲ့လုပ်တဲ့ MilkKefir ရယ်လို့ ၂မျိုးထပ်ခွဲပြီးပြောပြလို့ရပါတယ်။ Kefir ဆိုတာ ဘာလဲတော့သိပြီ၊ သူကိုသောက်ရင် ကျန်းမာရေးအတွက်ဘာတွေကောင်းလဲဆိုတဲ့မေးခွန်းကြတော့ရှင်းပြရလွယ်မလိုနဲ့နည်းနည်းပြန်ခက်သွားပြန်ပါပြီ။ ဒါနဲ့ မေးတဲ့သူတွေကို ပြန်မေး ကြည့်လိုက်ရတယ်။ပရိုင်ဘိုင်အိုတစ်ဆိုတာသိလား၊ကြားဘူးလား။သိတယ်၊ကြားဘူးတယ်ဆိုရင်တော့ ဖြေရတာလွယ်သွားပြီ၊ အေးKefir ဆိုတာ အလွယ်ဆုံးပြောရရင် အဲ ပရိုဘိုင်အိုတစ်အစားထိုးသုံးစွဲနေတဲ့ဖြည့်စွက်စာ အစားအသောက်တစ်မျိုးပေါ့ဆိုရင်ရှင်းသွားပြီ၊ Kefirကိုသောက်ရင် ပရိုဘိုင်အိုတစ်သောက်လို့ရရှိနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့အတူတူနီးပါးပဲပေါ့ဆိုရှင်းသွားပြီ၊ အများကြီးထပ်ရှင်းပြစရာမလိုတော့ဘူးပေါ့။ ခုမှလာပါပြီ ပရိုဘိုင်အိုတစ်ဆိုတာကကောဘာလဲ၊တခါမှမကြားဘူးပါဘူး၊ ထိုးဆေးလား၊ စားဆေးလား၊ဘယ်ဆိုင်မှာဝယ်လိုရလဲဆို ရင်တော့၊ ရှင်း ပြပါလေတော့ပါးစပ်ညောင်းတဲ့အထိ😁😁😁😁အဲတော့မှ စရှင်းပြရပါပြီ၊ပရိုဘိုင်အိုတစ်ဆိုတာ ဆေးမဟုတ်တဲ့ဆေးပေါ့ကွာ၊ မင်းပြောမှရှုပ်ကုန်ပြန်ပြီ၊ဆေးဆိုလည်းဆေးပေါ့၊ဆေးမဟုတ်ရင်လည်းမဟုတ်ဘူးလုပ်ပါကွာ။ ဒီလိုကွာ FDA စည်းကမ်းအရ Probiotics ကို ဖြည့်စွက်စာ …

Kefir ဆိုတာဘာလဲ

Kefir ဆိုတာဘာလဲ****************** အသံထွက်အားဖြင့် ကီဖာ, ကပ်စ်ဖီယား ဟုပြောဆိုကြပါသည်။ Kefir ဆိုတာလက်ရှိနိုင်ငံတကာတွင်( ၁ ) ပရိုဘိုင်အိုတစ် ( Probiotic ) အစားထိုးသုံးစွဲနေသော ( ၂ ) Kifer Soda အနေဖြင့်အချိုရည် အစားထိုးသုံးစွဲနေသော အချဉ်ဖောက်ထားသည့် အိမ်လုပ်ပရိုဘိုင်အိုတစ် ဖျော်ရည်တစ်မျိုးဖြစ်ပါသည်။ Kefir အမျိုးအစား***************** Water Kefir ( WK ) နှင့် Milk Kefir ( MK )ဆိုပြီး Kefir အမျိုးအစား ( ၂ ) မျိုးရှိပါသည်။ Water Kefir ( WK ) ဆိုတာဘာလဲ******************************* Water Kefir (WK) ဆိုသည်မှာ သကြားရေ၊အုန်းစိမ်းရေ၊ …

Design a site like this with WordPress.com
Get started